Pages

Saturday, June 19, 2010

ရဲရဲတောက်နှလုံးသားနဲ့ ....မေမေ


အာဇာနည်သွေးနဲ့ မွေးခဲ့ 
တို့ တွေရဲ့ ခွန်အား
နှလုံးသားလည်းဖြူစင်
ကမ္ဘာတစ်ခွင်ကလေးစား
ရိုးသားတဲ့ ....မေမေ..။

အနေလည်းကျပ်
အဆွေလည်းပြတ်လို့ 
ရတက်အပူသူမရှိ
ငြိမ်းချမ်းတဲ့ အသိကိုရှာယူ
ပြည်သူအတွက်ပေးဆပ်
ကျေနပ်အောင်ကျင့် ကြံ
(ဒီအတွက်)
မေတ္တာတွေခြံရံလျှက်ပါ..မေမေ..။

နိုဘယ်လ်ဆုရှင်
ပြုပြင်လိုတဲ့ စိတ်ထားများ
ပြည်သားများအတွက်စေတနာ
မရှာကိုယ်ကျိုးနဲ့ 
ဆထက်ထမ်းပိုးတိုးလို့ ရဲ ၀ံ့
သွေးမတန့် တဲ့ သတ္တိများ
ရှင်သန်မွေးဖွားနေတဲ့ ..မေမေပါ..။

ဒေါ်စုကြည်လို့ ထင်ရှား
မြန်မာပြည်သားပေမဲ့ 
ကမ္ဘာတစ်လွှားကျော်ကြား
ဇွန်(၁၉)မှာဖွားသူမို့ 
အများသူတို့ ရဲ့ ဆုတောင်း
စည်ဝေခညောင်းလျှက်ပါ..မေမေ..။

ခိုင်မာတဲ့ စိတ်
တည်ကြည်တဲ့ နှလုံးသား
ပြတ်သားတဲ့ ဇွဲနဲ့ 
မာကျောတဲ့ သတ္တိပိုင်ဆိုင်မှုများ
အလကားမဟုတ်ဘူး
တို့ ပြည်သားတွေအတွက်ပါတဲ့ .....
ဂုဏ်ယူပါတယ်မေမေ.....
ယုံကြည်ပါတယ်မေမေ.....
အားကိုးပါတယ်မေမေ.....။

ဝမ်းနဲ့ လွယ်မမွေးပေမဲ့ 
သူ့အရွယ်..သူ့ စရိုက်က
တို့ လူငယ်တစ်သိုက်ရဲ့ ..အား
အတုယူစရာများစွာ
ရင်မှာဖြစ်တည်
ပီပြင်တဲ့ အပြုံးနဲ့ 
အဆုံးမရှိမေတ္တာပန်း
ပွင့် လန်းနေသူပါ..မေမေ..။

မဟတ္တမရဲ့ စိတ်နဲ့ 
ဦးဖာရဲ့ မြေး
ဗိုလ်တေဇရဲ့ သွေးမို့ 
ရဲရဲတောက်အာဇာနည်
ဘာမထီစွန့် စား
ကျွန်တော်တို့ ရဲ့ နှလုံးသားက..မေမေ..ပါ..။

ကြီးသူရိုသေ
ရွယ်တူလေးစား
ငယ်သူသနား
ဂါရ၀တရားများပိုင်ဆိုင်
မယိမ်းယိုင်တဲ့ အနာဂတ်
သူ...ထုဆစ်နေလျှက်ပါ....။

(၆၅)နှစ်ဆိုတဲ့ သက်တမ်း
အေးချမ်းလို့ လျှောက်
တောက်ပတဲ့ အကြင်နာတရား
သူ့ နှလုံးသားမှာကိန်းအောင်း
(သားတို့ ၊သမီးတို့ )
ဆုတောင်းလိုက်ပါတယ်
မေမေ.......
ကျန်းမာချမ်းသာလို့ 
လိုအင်တွေပြည့် ပါစေလို့ လေ...။ ။

ယနေ့ တွင်ကျရောက်သော

ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်ပြည့် မွေးနေ့ အားဂုဏ်ပြုလျှက်။

၁၉။ဇွန်။၂၀၁၀။နေ့ ခင်း၃နာရီ။

အလင်္ကာဒီပချစ်သ

8 comments:

  1. (၆၅)နှစ်ဆိုတဲ့ သက်တမ်း
    အေးချမ်းလို့ လျှောက်
    တောက်ပတဲ့ အကြင်နာတရား
    သူ့ နှလုံးသားမှာကိန်းအောင်း
    (သားတို့ ၊သမီးတို့ )


    ************ဆုတောင်းလိုက်ပါတယ်******************
    ********မေမေ.စု********......
    စု ကျန်းမာချမ်းသာလို့ 
    စု လိုအင်တွေပြည့် ပါစေ
    စု စိတ်လေးအေးမြလို...
    စု အသက်ရှည်အနာမဲ့ ပါစေ။ ။

    ReplyDelete
  2. ၆၅ နှစ်မွေးနေ့မှသည် နှစ်ပေါင်းများစွာ..ကျန်းမာပျော်ရွင်နိုင်ပါစေလို့...မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အမေစုအတွက် ဆုတောင်းလိုက်ပါတယ်....

    ReplyDelete
  3. တကယ်ကိုလေးစား အား ကျ စံတင်စရာ မိန်းမသားပါ ဘဲဗျာ

    ReplyDelete
  4. မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့







    မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ …
    သည်းစွာသောအနာကို ကုစားပါအံ့
    သမီး၏ လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ … မွေးကျေးဇူးကို မသိတတ်သော
    ထိုသူတို့အား
    သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
    သမီးအား ပေးပါလေ …

    တွေ့ရအံ့သော ဘေးရန်တို့ကို
    သမီး ထီမည်မဟုတ် …

    တဘဝတွင် တခါသာ သေရသည်ဖြစ်၍
    အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
    သမီး၌ မထူးခြား …

    သမီး၏ စိတ်ကူးတို့
    အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
    အသင်တို့သည်လည်း ပျော်မြူးကြရမည် …

    အခြားအခြားသော သူတို့၏
    ရှုတ်ချခြင်း
    ကဲ့ရဲ့ခြင်း
    မုန်းတီးရွံရှာခြင်း
    နာမည်ဖျက်ခြင်းတို့ကို
    သမီး အလျဉ်း ဂရုမပြု …

    မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
    ကျူးရင်သံကိုသာ တောင့်တပါ၏ …

    လောကတွင် မိခင်၏ကျေးဇူးကို
    အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။


    အင်တာနက်၊ ဘလော့များတွင် ယခုလပိုင်း ထူးထူးခြားခြား သတိပြုမိပါသော ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင်ရေး ကဗျာတပုဒ် ဖြစ်ပါသည်။ ရေးသားသော နေ့စွဲ အချိန်၊ နေရာတို့ မသိရှိရပါ။

    ReplyDelete
  5. ကျွန်တော်တို့ လဲ တာဝန်ရှိပါသည် ။

    ReplyDelete
  6. အထက်က နောင်တော်များ နည်းတူပါဗျာ။

    ReplyDelete
  7. ချစ်တဲ့အန်တီစု မွေးနေ့ မှာ ကျန်းမာချမ်းသာစွာနဲ့ နိုင်ငံအကျိုးသယ်ပိုးနိုင်ပါစေ

    ReplyDelete
  8. အမေ ကျန်းမာချမ်းသာပါစေလို့ဆုတောင်းပေးလိုက်တယ်နော် အမ

    ReplyDelete