Pages

Saturday, July 27, 2013

စိတ်

စိတ်
ဒဿနတော့ ရှိတယ်
ကဗျာ မဟုတ်ဘူး
လောက ရှိတယ်
အလောတကြီး ကနေတာ

မောဟ ရှိတယ်
မောလာ ပါးစပ်လေး ဟ ပြီး လေရှူတာ
မေတ္တာတော့ ရှိတယ်
မသိတဲ့လူက လူရွှင်တော်လားတဲ့
ဈေးမရောင်းတတ် အလှုပေး
မရောင်းတတ်ဘူး အပုတ်အသိုးမခံဘူး
ဒါနဲ့ လှူပြစ်ခဲ့တယ်

ပြန်ရမယ့်လမ်း
လက်ထဲဘာမှ ဆုတ်ကိုင်မထားတော့
ပေါ့ပါး သွက်လက်နေတာပေါ့
ငါဟာ
တန်ခိုးတန်ခိုးရှင်တစ်ယောက် မဟုတ်ပါဘူး

ဒါပေမဲ့...........
စိတ်ဟာ ကောင်ကင်ထက် ၀ဲပျံနေတယ်
တိမ်ညွန့်ခူးစား ပြန်ဆင်းလာတာ

လှလိုက်တဲ့ ကောင်းကင်............
ပြာတလှည့် နီတလှည့် ၀ါတလှည့်
နတ်သမီး ရောင်စဉ်အလှ
ခုနှစ်ထွေ အက ကနေတယ်..

တစ်ခါတစ်ခါ သူက အိပ်ချင်လာရင်
ပုဇွန်ဆီရောင်အသွေးနဲ့
နီညိုရောင်လေးလည်း ပြေးတတ်သေးတယ်..


0 comments:

Post a Comment