Pages

Saturday, July 20, 2013

ခေတ်ကို ပုံဖော်ထုဆစ်ခြင်း

ခေတ်ကိုက 
အနူရုပ်တွေ
ထုံးသုတ်နေကြတဲ့ခေတ်
ဆွဲထည့်လို့လည်း မကုန်နိုင်ဘူး
ဆွဲယူလို့လည်းမ၀နိုင်ဘူး
ထောင်မြင် ရာစွန်တဲ့ခေတ်မို့
ယာစွန့်ထောင် မြင်တဲ့ ခေတ်
မှိုင်းသွင်းလို့ မှိုင်းမိ
ဒီမိုကရေစီ လှိုင်းကခပ်အိအိ
ပိသူပိ ထိသူထိ
ကြည့်သူမရှိ
ဝါဒမှိုင်း ရိုင်းစိုင်းလှပါ၏
ပြောမယုံကြုံဘူးမှသိ
စားပါး
ဝပါ၏
တတ်ယောင်ကား များပြားလှပါ၏
မေတ္တာတရား ရှာပါးလှပါ၏
 

0 comments:

Post a Comment