Pages

Saturday, July 27, 2013

ရှာဖွေတတ်ပါစေ

ရှာဖွေတတ်ပါစေ

အိုဘေးစောင့်တယ် နာဘေးစောင့်တယ် သေဘေးစောင့်တယ်
ငယ်တုန်းခါမှာ ရှာဖွေထားတော့ လွယ်လွယ်ရလို့နေပါတယ်…..
အသက်ကြီးခါရှာ ဖွေကြည့်တော့ ဥာဏ်ပညာက နဲသွားတယ်
ငယ်တုန်းအခါ ပညာရှာပေါ့ တရားကိုလည်း မမေ့နဲ့ကွယ်
ငယ်တုန်းအခါ ဥစ္စာရှာပေါ့ တရားကိုလည်း မမေ့နဲ့ကွယ်
ငယ်တုန်းအခါ တရားရှာတော့ အိုနာသေဘေး တွေ့လွယ်တယ်
အသက်ကြီးရင် ဥာဏ်ကနဲလို့ ကံကိုပုံပြီးလွဲပါတယ်
အသက်ငယ်ရင် ရလွယ်သားနဲ့ ပျော်ရွှင်စရာရှာကြတယ်
ရှာဖွေတာကို လွဲနေလည်းပဲ ပျော်ရွှင်နေတော့ မေ့လျှော့တယ်
အိုနာသေဘေး မလွတ်သေး ကိုယ်မရှာပဲရပါတယ်
အိုနာသေဘေး မလွတ်သေး မယူချင်လည်းရပါတယ်
အချိန်ဆိုတာ မပေါများတော့ နှမြောဖို့ရာ ကောင်းလှတယ်
ငယ်တုန်းပညာ လတ်ချိန် ဥစ္စာ ကြီးတော့ တရားရှာ ဘယ်သူကများသင်ထားတယ်
ငယ်တုန်းလည်းပဲ သေစမြဲ သူတော်ကောင်းတို့ မမေ့နဲ့ကွယ် ဥာဏ်နားပါမှသိလိမ့်မယ်
ကြီး လတ် ငယ်ရွယ် သေတတ်တယ် ကိုယ်ကျိုးနဲပေါ့ သနားတယ်
သနားစရာ လူ့သတ္တ၀ါ ပရမီကိုလွဲကာ ချတော့အရလွဲလို့နေတတ်တယ်
ဥာဏ်ပညာကို ထက်တုန်းရှာမှ တရားရတာလွယ်တတ်တယ်
ပညာရတာ လွယ်ပေါ့ကွယ်
ဥာဏ်ပညာ နဲ ဥစ္စာ မွဲ စားဝတ်နေရေး ခက်လှတယ်
အတိတ်ကံ ရယ် နည်းပါးလှတော့ ခုနေချိန်ခါ ရသလောက်ကို ရှာဖွေတတ်မှ မြတ်လိမ့်မယ်
နောင်အခါမှာ အနာဂါတ်ဘေး မြင်ရောင်သေး လူလူခြင်း ရယ်သင်းကွဲနေပေါ့ သံဃာခြင်းလည်း သင်းကွဲတယ် တစ်မိသားစုခြင်းလည်း သင်းကွဲမယ် မြတ်ဘုရားက ဟောထားတယ်
ကံ ဥာဏ် နည်းတော့ ကျပ်ကျပ်မှတ်သားနာယူကွယ်….
နောင်သံသရာ ချမ်းသာဖို့ရေး ပြင်ပေးနေတဲ့ မြတ်တရားကို သေချာ ကြည့် မှတ် နာပါကွယ်
မှတ်သားနာယူ ကျင့်ကြံပွားမှ မြတ်သည့် နိဗ္ဗာန်ရလို့လွယ်။


0 comments:

Post a Comment