Pages

Wednesday, May 8, 2013

လမင်းပြုံးချိန် အိပ်မက်ကမ္ဘာ



မှောင်ရီဝေနေတဲ့ စိတ်တွေ

အပြာရောင်အဖြစ် အသက်သွင်းပြီးချိန်မှာ

ပါးပြင်လေး ပန်းရောင်သန်းသွားတယ်

စကားလုံးတွေ အစပျိုး

ကြယ်လေးတွေ ကောင်းကင်ယံထက် တက်ချိတ်ချိန်မှာ

အိပ်မက်တွေ တရေးနိုးခဲ့ရင် လမင်းကြီးရှောင်ပုန်း

 ကြယ်လေးတွေ မုန်းလိမ့်မယ်ကွယ်..

လမင်းကြီးတိုင်တည် သံယောဇဉ်နဲ့

ကောင်းကင်အထက်က ပေလွှာရွက်မှာ

ကဗ္မည်းလက်မှတ်ထိုးထားတယ်..

 
မဆုံဆည်းနိုင်သောအချစ်များ မြစ်ဖျားခံရာ
သမုဒယနွယ် တွယ်ညှိသမို့

နောင်သံသရာအထိ ယုယမှာပါ ငါ့အချစ်ရယ်..

  ညနက်နက်ရယ် ငါအိပ်မက်ရယ် 

နင်ပါနေတာသေချာတယ်..

  အိပ်မက်တွေထဲပျော်ဝင် လမင်းကြီးကပြုံး

ကြယ်လေးတွေက မမုနုးပါဘူးတဲ့ 


2 comments:

  1. မဆုံဆည်းနိုင်သောအချစ်များ မြစ်ဖျားခံရာ
    သမုဒယနွယ် တွယ်ညှိသမို့
    နောင်သံသရာအထိ ယုယမှာပါ ငါ့အချစ်ရယ်..

    ကဗျာလေးလာရောက်အားပေးခံစားသွားပါတယ်မမရေ

    ReplyDelete
  2. မ..မ..
    ကဗျာလေးဖတ်သွားတယ်နော်မ...မ..
    မ..မဘယ်သူကိုချစ်တာတုန့်
    ဘယ်သူကိုယုယမှာလဲး
    ဘယ်သူအတွက်ရယ်ရွယ်တာလဲး

    ReplyDelete