Pages

Wednesday, May 22, 2013

ကျောင်းနံရံတဝိုက် ဒေါင်းအလံစိုက်လို့  အတတ်ပညာနဲ့ပညာအတတ်ကို သူပြတယ်။

ထန်းတပင် ဇီးကုန်း
NLD ပညာရေးကွန်ယက်
အောင်ဆန်းအခမဲ့ပညာဒါန
၂၃ ၅ ၂၀၁၃ ကျောင်းဖွင့်ပွဲ
ဂုဏ်ပြုခြင်း

ကျောင်းနံရံတဝိုက်
ဒေါင်းအလံစိုက်မည်
ကမ္ဘာစံမှီသည် အောင် ဆန်းဇာနည်
ဗိုလ်ချုပ်သွေးမဟာ
လောကတစ်ခွင် အလှဆင် မည်
အလင်းကို  အမှောင်ချသူနဲ့
အမှောင်ထဲမှာ ထွန်းလင်းချင်သူ
အလင်းတွေ ဆက်လက် လင်းဖို့ 
ဘဝ တွေကို ပွေ့ဖက်
စာနာမှုတွေ သူပြတယ်
အများအကျိုး ရှေ့ရှုပြီး
သူမဟာ လောကဓံကိုကြံကြံခံရင်း
မေတ္တာမီးအိမ်လေးကို ကိုင်ဆွဲပြီး
သူမ အကြင်နာတွေ ဝေမျှတယ်
သမိုင်းတစ်ခေတ် အရိုင်းမဖြစ်အောင်
အနာဂါတ်  အရေးမျှော်မြင်တွေးစ
ရင်မှပေါက်ဖွား သမီး သားသဖွယ်
ပန်းလေးတွေကို  ပွင့်ဖူးဝေစည်
ပညာအရောင် ထွန်းလင်းပြောင်ဖို့ 
လောက အလင်းကို သူပြတယ်
ကမ္ဘာစံမှီတဲ့ ဆန်းဇာနည်သွေး
မေတ္တာမီးအိမ်ကိုင် ထားတယ်
အောင်ဆန်းစုကြည် ပြည်ချစ်သမီးမို့ 
ကမ္ဘာမှလေးစား  မြန်ပြည်တလွှား
ကျောင်းနံရံတဝိုက်
ဒေါင်းအလံစိုက်လို့ 
အတတ်ပညာနဲ့ ပညာအတတ်ကို
သူပြတယ်။

0 comments:

Post a Comment