Pages

Saturday, May 18, 2013

လွတ်လပ် လိပ်ပြာ



လရောင်မှာ စိတ်ဘ၀င်
အရိပ်ထင်တော့
ဝင်းလိုက်တဲ့အသား

စိတ်ဘ၀င်မှာ
 ညထင်မှတ်တော့
နက်လိုက်တဲ့အသား

ရင်ဘတ်ခြင်းကြိုးညှိလို့
ကဗျာ ဗျတ်ဆောင်းတစ်လက်နဲ့
တီးခတ်တဲ့စကား

ရှစ်ခွင်တိုင်းက မိုးရိပ်မြင်
မှိုင်းရိပ်စင် တိမ်လွှာထူး
ရင်နွမ်းဆို့ဆို့ လွမ်းလွန်းလို့..

 ဝေမလိုနဲ့ကြွေခဲ့ပြီ
မကြွေခင်ပဲချွေခဲ့ပြီ

နာကျင်လှိုက်မော
ဘ၀တောမှာ
ပန်းလေးတွေလဲမြေခပြီ..

ကိုယ့်ကိုကိုယ်ပြာချ
ဈာပနအဖြစ် ခင်းကျင်း
ဘာဆိုဘာမှ မဖမ်းဆုပ်ခဲ့ဘူး
"ရှင်"..အပါအ၀င်
အရာအားလုံးကိုပေါ့..


1 comments:

  1. ဝေမလိုနဲ့ကြွေခဲ့ပြီ
    မကြွေခင်ပဲချွေခဲ့ပြီ

    နာကျင်လှိုက်မော
    ဘ၀တောမှာ
    ပန်းလေးတွေလဲမြေခပြီ..

    ကိုယ့်ကိုကိုယ်ပြာချ
    ဈာပနအဖြစ် ခင်းကျင်း
    ဘာဆိုဘာမှ မဖမ်းဆုပ်ခဲ့ဘူး
    "ရှင်"..အပါအ၀င်
    အရာအားလုံးကိုပေါ့..


    ရင်ထဲထိတယ်ဗျာ.....

    ReplyDelete