Pages

Thursday, February 7, 2013

ချက်ခန်းနဲ့ အင်တာနက်အွန်လိုင်းလောက





ချက်ခန်းနဲ့ အင်တာနက်အွန်လိုင်းပေါ်တွင် ဆဲကြမှာ ဆိုကြမှာ ကြူကြမှာ ချူကြမှာ မြူကြမှာ ကလူကြမှာ အီမှာ ပြီတီတီလုပ်ကြမှာ တီတီတာတာလုပ်မှာ မိတ်ဆွေရှာကြမှာ ချက်ခန်းထဲတက် ရန်ဖြစ်ကြမှာ အကောင့်ခြင်းဖလှယ်ကြမှာ ယောက်ျားက မိန်းမယောင်ဆောင် မိန်းမက ယောက်ျားယောင်ဆောင် အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သိပြီးသား လူအချင်းချင်း ချက်ခန်းနဲ့ အင်တာနက်ပေါ်တွင်တက်ပြီး ဆဲဆိုကြတယ် ဆဲဆိုခြင်းဆော့နည်းတခုပေါ့၊
အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မသိသောလူများဟာလည်း ချက်ခန်းနဲ့
အင်တာနက် အွန်လိုင်းပေါ်တွင်တက်ပြီး ဆဲဆိုကြတယ်

သူတို့မကျေနပ်သူ တွေရဲ့ လူအမည်တွေကို ဟာသအမည်တွေရေး အမည်ပြောင်တွေပေး၊
ချက်ခန်းနဲ့ အင်တာနက်ပေါ်တက်တယ်၊ ယောက်ျားလေးက ကောင်မလေးအမည်နဲ့ဝင်တယ်၊ ညစ်ညမ်းစကားပြောမယ်၊ မိန်းမလေးဟန်ဆောင်ပြီးပေါ့၊
ယောက်ျားလေးက မိန်းမဟန်ဆောင်ပြီး ယောက်ျားချင်း ကြူကြ မြူကြတယ်၊
မိန်းမလေးကလည်း ယောက်ျားဟန်ဆောင်ပြီး မိန်းမချင်း ကြူကြတယ် မြူကြတယ်၊
တချို့ကလည်း မိန်းမချင်းချင်း အမှန်တကယ် ချစ်ကြကြိုက်ကြပါတယ်၊
တချို့ကလည်း ယောက်ကျားချင်းချင်း အမှန်တကယ် ချစ်ကြကြိုက်ကြပါတယ်၊

အချင်းချင်း သိသိ မသိသိ မမြင်ဘူး မသိကြဘူး ညစ်ညမ်းစကားပြောတယ်၊
ယုတ်မာစွာ ဆဲရေးတိုင်းထွာကြတယ်၊ အင်တာနက်ပေါ်တွင် ဒါတွေကို ဆိုဒ်ထောင်သူတွေ အက်ဒမင်တွေ မန်ဘာတွေ စာဖတ်သူတွေ အင်တာနက်သုံးသူတွေ သိထားသင့်ပါတယ်၊
ဒီကြားထဲကမှ ဘုန်းဘုန်းတွေကိုလည်းမှာချင်ပါတယ်၊ လူဟန်ဆောင်ပြီး ကောင်မလေးတွေကို အကောင့်ထဲလက်ခံစကားပြောရင် ဘုန်းဘုန်းပါဆိုတာပြောပြထားပေးပါ၊
မသိသူက ဘုန်းဘုန်းမှန်း တဘက်ကမသိတော့ လူပုဂ္ဂိုလ်မှတ်ထင်ပြီး ပြောချင်တာ ပြောမိတော့
တကာ တကာမတွေကို ငရဲပေးသလိုဖြစ်ပါတယ်၊
သူငယ်ချင်း အုပ်စုလိုက်တက် ချက်ခန်းထဲ အင်တာနက် အွန်လိုင်းပေါ်တွင် ဆဲဆိုတာတို့ ညစ်ညမ်းစကားပြောတာတို့ကတော့ ချက်ခန်းနဲ့
အင်တာနက် အွန်လိုင်းပေါ်တွင် ထုံးစံဖြစ်နေပါတယ်၊ အမှန်တကယ် စာပေချစ်မြတ်နိုးသူ
တကယ် မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းလိုချင်ရင် တစ်ယောက်ပေ့ခ်ျ တစ်ယောက် လည်ပါတ်လို့အကောင့်တောင်း ခင်မင်မှုရယူကြပါတယ်၊
သူရေးသောစာလည်းကိုယ်ဖတ်တယ်၊ ကိုယ်ရေးသောစာသူလည်းဖတ်ပေါ့
စာဖတ်သူသီးသန့်ဆိုရင်လည်း ကော်မန့်လေးတွေပေး မပေးဖြစ်လည်းစာဝင်ဖတ်ပေါ့နော်၊
တချို့ကတော့ ဆေးပညာတွေ အသစ်ရှာ နည်းနှောဖလှည်လို့ နည်းပညာအသစ်ရှာ နှီးနှောဖလှယ်လို့ဗဟုသုတ ပညာတွေ နှီးနှောဖလှည်လို့ ကောင်းမွန်သောအတွေးသစ် အကြံသစ်ရရှိဖို့ကို ဒီအွန်လိုင်းပေါ်တက်ပါတယ်၊ အိမ်တကာပေ့ခ်ျလေးတွေ စာမျက်နှာလေးတွေကိုလက်ဆောင်ပေး စာလည်ဖတ်ပေးကြပါတယ်
တယောက်တယောက်ရင်းနှီလို့ခင်မင်မှုတိုးပွားလာကြပါတယ်၊
အွန်လိုင်းလောကဆိုတော့ သူကိုယ်မသိမြင်ဘူး၊ ကိုယ်ကိုသူမသိမြင်ဘူကြပေမယ့် ကောင်းမွန်သော ခင်မင်မှု ရင်းနှီးမှု ယုံကြည်မှုများစွာနဲ့ မိတ်ကောင်းဆွေမွန်တွေ တကယ်လိုချင်သူများအဖို့ရရှိပါတယ်၊
အချို့သောသူများဟာလည်း ရင်းနှီးမှုတဆင့်တက်လို့ ချစ်သူများဖြစ်ကြပါတယ်၊
ဒီအွန်လိုင်းပေါ်ကနေပဲ အမှန်တကယ် အပြင်မှာတွေ့ဆုံလို့ ချစ်ကြိုက် နှစ်သက်ကြပြီးတော့ အိမ်ထောင်ဘက်အဖြစ်ယူကြပါတယ်၊
တချို့ကြတော့လည်း ခင်မင်မှုလိုက်ရှာဖို့အွန်လိုင်းပေါ်တက် ချစ်ခင်ရင်နှီးအောင်လုပ်ပြီး ခင်မင်မှုအရယူလို့ တဖက်သားကို သူစိတ်ချမ်းသာတာလေးတွေ ရွှေးချယ်ပြော ပလီပလာ တီတီတာတာသုံးလို့ ချွဲနွဲ့လိုက် ဆိုးနွဲ့လိုက်နဲ့ခင်မင်မှုတိုးပွားလာတော့ တယောက်တယောက် သူတို့ချစ်ခင်သူ သုံးဆွဲဖို့အတွက် ပစ္စည်းတွေ ငွေကျေးတွေ လက်ဆောင်တွေပို့ပေးကြတယ်၊
တချို့သောသူများကတော့ ဒီအွန်လိုင်းပေါ်တက်ပြီး သတင်းဖတ်ဗဟုသုတ ဖလှယ်ပြီး သူသိတာကိုယ်မျှ ကိုယ်သိတာသူမျှဝေလို့ ခင်မင်မှုတွေ ရင်းနှီးမှုတွေနဲ့အတူ မိတ်ဆွေများ တိုးပွားပြီးသူနေရာဒေသ သူပတ်ဝန်းကျင် ဖြစ်ပျက်နေတာလေးတွေ သတင်းထဲမပါပေမယ့်
တယောက်ကို တယောက်ပြောဆိုဆွေးနွေးရင်း ကောင်းမွန်သော သူငယ်ချင်း မိတ်ဆွေဖြစ်ကြပါတယ်၊ တချို့ကတော့ သတင်းယူဖို့ အွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ကတော့ မဟုတ်မမှန် သတင်းဖျက်ဖို့ အွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ကတော့ သတင်းအမှန်သိချင်ဖြန့်ဝေချင်လို့အွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ကတော့ ၀ါဒဖြန့်သွေးထိုးဖို့ နိုင်ငံရေးဆူပူလှုံ့ဆော်ဖို့အွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ရဟန်းတော်များကတော့ တရားဒေသနာဖြန်ဝေဖို့ ဘာသာရေး သင်တန်းပေးဖို့
အွန်လိုင်းမှတဆင့် ဖြန့်ဝေဖို့ အွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ကတော့ အွန်လိုင်းမှတဆင့် ပရဟိတတွေ လှုတန်းကူညီပြီး တယောက် တစ်ယောက် ချိတ်ဆက်မိဖို့ မိတ်ဆွေကောင်းတွေ တိုးပွားလို့လှုချိန်ကူချိန်လေး အခြင်းခြင်းနိုင်ငံတကာမှ ချိတ်ဆက်မိအောင် လက်တွဲပြီး မိတ်ဆွေတွေကိုတွေ့ဆုံဖို့ အွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ကတော့ အွန်လိုင်းပေါ်တက်စာတွေရေး ဗဟုသုတတွေဖြန်ပွား
အသိပညာတွေဖြန့်ပွား နည်းပညာတွေဖြန့်ပွားဖို့ဒီအွန်လိုင်းပေါ်တက်ကြပါတယ်၊
တချို့ကတော့ ဂိမ်းဆော့ ဖို့ဒီအွန်လိုင်းပေါ်တက်ကြပါတယ်၊ တချို့ကတော့
ချက်ခန်းကိစ္စနဲ့ အင်တာနက်အွန်လိုင်းပေါ်တက်ပြီး အပြင်မှာလိုပဲ သူရဲ့ ကာမကို ရောင်းစားဖို့
လူရှာ ဖုန်းနံပါတ်ပေး လိပ်စာပေးမိတ်ဖွဲ့ဖို့အွန်လိုင်းပေါ်တက်ကြပါတယ်၊
အဲ့ ဒီတော့ နိုင်းဆိုဒ်တွေ ဘလောခ်တွေ ဖေခ်ဘွတ်ခ်တွေ
နိုင်ငံတကာ အလုပ်သွားလုပ်သူ မိသားစုတွေ ချစ်သူတွေ မိတ်ဆွေတွေ တွေ့ဆုံဖို့ ဒီအင်တာနက်ပေါ် အွန်လိုင်းပေါ်တက်ပါတယ်၊
ချက်ခန်းနဲ့ အင်တာနက်အွန်လိုင်းပေါ်တွင် အွန်လိုင်းပေါ်တက် သာသနာဖျက်မတွေရယ်၊ ချူစားတဲ့ အမျိုးသမီးတွေ အမျိုးသားတွေရယ်၊
ပိုင်းစားတဲ့ ပိုင်လုံးမ ပိုင်းလုံးကောင်တွေရယ်၊ အွန်လိုင်းပေါ်တက် သာသနာဖျက် ရဟန်းတုတွေရယ်၊
အင်တာနက်ပေါ်တက် မကောင်းသော ညစ်ညမ်းကား အပြာကားတွကြည့်ကြတဲ့
လူတွေရယ် ရဟန်းတွေရယ် အင်တာနက်ပေါ်အွန်လိုင်းပေါ်တက်ပါတယ်၊
နိုင်း ဆိုဒ်ထဲမှာ VZO ပြိုင်ပွဲတွေလုပ် ကောင်လေးမှ ကောင်မလေးတွေကိုလိုက်ကြိုက်ကြ၊ ကောင်မလေးတွေခမျာ အယုံလွယ် လူပါပုံ အကုန်ပါသွား လူလဲပါ ငွေလည်းကုန်
အရှက်တကွဲ သိက္ခာကျလို့ အဲ့လိုပြိုင်ပွဲဆုရသူကို မင်းသားအလား မှတ်ထင်ပြီး
အားလုံးပုံပေးပြီး ကုန်ရော ကုန်ရောတွေလည်း ဒီအွန်လိုင်းပေါ်ရှိပါတယ်၊
အချို့ဆိုမိန်းမတွေကွဲ လင်တွေ့ကွဲပေါ့ အွန်လိုင်းပေါ်မှာ အချစ်တွေပလူးလို့ သားသမီးလေးတွေခမျာမှာကြားက တန်ဆာခံဖြစ်ကြရပါတယ်၊ အပြင်နဲ့အွန်လိုင်းတူတူပါပဲ မိန်းမလေးတွေ ဆင်ခြင်သင့်တာကတော့
အွန်လိုင်းပေါ်မှာ ဘယ်အကို မောင် ဖြစ်ဖြစ် ကျားဟာကျားသဘာဝမို့ စားရသမျှ အမြတ်ပါကွယ်၊
အားလုံး ဟာ ပုထုဇဉ် လူသားခြင်းခြင်း တွေဆုံခြင်းမို့ပလီပလာ မြူတာ
ချူတာလေးတွေ ဆိုးတာနွဲ့တာလေးတွေ ကောက်တာကွေးတာလေးတွေဟာ
တဖက်သားအတွက် သဘောရှိ နှစ်ချိုက်စေတာမို့
အချို့လည်း အဲ့တာလေးတွေကို စွဲလမ်းနှစ်ချိုက် သာယာသွားတတ်တာမို့
မဖြစ်သင့်တာတွေ မဖြစ်ပေါ်အောင် အပြင်မိဘမောင်ဖွားရှေ့မှာရှိသကဲ့သို့
ချက်ခန်းပေါ် အင်တာနက်ပေါ်တွင် ထိန်းသိမ်းပြောဆိုနေထိုင်တတ်ကြပါစေ၊
အွန်လိုင်းပေါ် ချက်ခန်းပေါ် အင်တာနက်ပေါ် တက်ကြတာ ကောင်းသောတက်ခြင်းဖြစ်သလို ဆိုးသောတက်ချင်းလည်းရှိတာမို့ အပြင်လိုပါပဲဆိုတာ စိတ်ထားနုငယ်သူတွေ
ချက်ခန်းနဲ့ အင်တာနက်အွန်လိုင်းပေါ်မှာ အတွေ့အကြုံနုနယ်သူတွေကို သိထားစေချင်လို့ရေးသားရခြင်းဖြစ်ပါတယ်.၊.
စာချစ်သူမိတ်ဆွေအပေါင်းတို့ မိမိ၏ စိတ်နေသဘောထား များကို တည်မှန်သော
ဖြောင့်မှန်သော စိတ်ထားများထား၍ ချက်ခန်းနဲ့ အင်တာနက်အွန်လိုင်းပေါ်တက် ကောင်းမွန်သောမျိုးစေ့များ စိုက်ထူနိုင်ကြပါစေ၊
မိမိကိုယ်ကို ကောင်းအောင်ကြိုးစား၍ ကောင်းကျိုးကိုယ်မှာတည်ပါစေသော်၊...
အဖြစ်မှန်တွေကို ရေးသားထားတာမို့တိုက်ဆိုင်မှုရှိလည်း မတတ်နိုင်ပါဘူးကွယ်၊
ချက်ခန်းကိစ္စနဲ့ အင်တာနက်ပေါ်တွင် ကိုယ်အွန်လိုင်းပေါ်မှာ ကိုယ်ယူလာတာပဲ
ကိုယ်ပြန်ရတာပါဆိုတာလေးပါ၊
အဲ့တော့ အွန်လိုင်းဆိုတာကလည်း အပြင်လိုပါပဲ
မိတ်ဆွေ သင်ကောင်းတာယူလျှင် ကောင်းတာ ရရှိနိုင်ပါတယ်၊
သင်မကောင်းတာယူခဲ့ရင် မကောင်းတာရရှိနိုင်ပါတယ်၊
သင့်စိတ်ထဲ သင့်ဝါသနာပါတာကို ယူဆောင်ခဲ့ခြင်းဖြစ်ပါတယ်၊
သင်ယူခဲ့သောအရာသည် သင့်၏စိတ်ထားမှန်သာဖြစ်၍
သင်ပြန်ယူသွားသောအရာသည်လည်း သင်နှစ်သက်လက်ခံသောအရာသာဖြစ်နေပါသည်၊
ထို့ကြောင့် မိမိနှစ်သက်တာယူလာ၍
သင်နှစ်သက်သောအရာသည် သင်နှင့်အတူပြန်ပါသွားပါလိမ့်မည်၊
အွန်လိုင်းပေါ်ကို ကောင်းသောအမူ အကျင့် စိတ်ထားများယူလာပြီး


မိအုပ်လို့မနိုင်  ဖအုပ်လို့မရ ခေတ်ကြီးမှာ

ကိုယ်ဘာသာ ကိုယ်သာ အုပ်ကာမှ တော်ကာကြမှာပါ
ကိုယ့်ဘာသာဆုံးမမှ ရမယ့်ခေတ်မို့
ကိုယ့်ဘာသာဆုံးမပါ ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ပဲ့ကိုင်ရှင်ပါ
ကောင်းသော အမူ အကျင့် စိတ်ထားများပြန် ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒမွန်ဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်.။




0 comments:

Post a Comment