Pages

Thursday, February 7, 2013

♥ရိုးသားတဲ့ငါ့ချစ်ခြင်း♥

♥ရိုးသားတဲ့ငါ့ချစ်ခြင်း♥Jun 22, '12 4:16 AMfor everyone

ကောင်းကင်ကြီး
အရောင်ပြောင်းလဲသလို
စိတ်တွေပြောင်းလဲပြီး
ပြောင်းလဲခံစားတဲ့ စိတ်အပေါ်ကိုလိုက်ပြီး
ခေါင်းစဉ်မျိုးစုံတပ်လို့စိတ်တွေဟာ
အရောင်ပြောင်းလဲကြတယ်
စိတ်ရောင်စုံသက်တန့်ကြီးကို
ငေးမောကြည့်နေမိပြီး
ဖြူစင်တဲ့အရောင်လေးတွေကို
ပိုမိုနှစ်သက်မိနေတယ်
ကောင်းကင်အမိုးအောက်မှာအတူရှိနေကြပေမဲ့
စိတ်ဆိုတာက အရောင်မျိုးစုံတော့
တစ်ခုတည်းသောခံစားမှုတခုမှာ
ခေါင်းစဉ်မျိုးစုံပြောင်းလဲကြတယ်
ပြောင်းလဲမှုတွေများတဲ့လောကကြီးမှာ
ငါ့စိတ်နှလုံးသားလေးဟာ ဖြူစင်ခြင်းတွေကိုပဲ
နှစ်သက်မိတယ်ချစ်သူရယ်...
ကောင်းကင်ကြီးကိုငေးကြည့်နေမိရင်း
ညအမှောင်ကိုရောက်ရှိလာပြီး
ကြယ်လေးတွေဟာတဖြုတ်ဖြုတ်ကြွေတယ်
 ညဟာပိုမိုနက်ရှိုင်းလာတယ်နော်
အနက်ရောင်အမှောင်ထုကို
မနှစ်သက်ပေမယ့် လောကသဘာဝအရ
ထိတွေ့လက်ခံနေခဲ့ရတဲ့အချိန်မှာ
ငါ့စိတ်နှလုံးသားဟာ စူးရှနာကျင်စွာခံစားခဲ့ရပါတယ်..
ကြယ်လေးတွေမကြွေကျဘဲ
အမှောင်ထုတွေအမြန်ကွယ်ပျောက်ပြီး
ဖြူစင်တဲ့အလင်းတန်းကိုပဲ
မြင်တွေ့ခွင့် ရရှိပါစေလို့
ကြယ်လေးတွေကြွေကျတာမြင်မိတဲ့ခဏ
ဆုတောင်းနေမိတယ်ချစ်သူရယ်....
ချစ်သူရေ...........
ခေါင်းစဉ်ပြောင်းလဲခြင်းလူတွေပြောင်းလဲနိုင်တယ်
မြို့တွေ ယဉ်ကျေးမှု့တွေ
သိပ္ပံပညာတွေ အတွေးအခေါ်တွေ
ရာသီဥတုတွေ နိုင်ငံရေးတွေ
စကားလုံးတွေ ၀ိညာဉ်တွေပြောင်းလဲသွားတယ်
အချစ်တွေပြောင်းလဲသွားတယ်
ကမ္ဘာကြီးကပြောင်းလဲသွားတယ်
ငါ့ကိုကတိပေးပါ ချစ်သူရယ်..

ဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို

ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲဘူးနော်..........♥..♥ 

A.

2 comments:

  1. ကဗျာလေးကနက်ရှိုင်းပါပေတယ်
    အရမ်းကောင်းတဲ့ကဗျာလေးတပုဒ်ပါ မမ ကျေးဇူးပါ

    ReplyDelete
  2. ကောင်းကင်ကြီးကိုမကြာခဏကြည့်ဖူးတယ် ကြယ်တွေကြွေတာတော့ မတွေ့ခဲ့ရဘူးကွယ်
    အရောင်မပြောင်းတဲ့ ခင်မင်မှုများစွာနဲ့
    sis jasmine

    ReplyDelete