Pages

Tuesday, February 5, 2013

ရင်လေးစရာ ရခိုင်ပြည်နယ်တောင်ပိုင်း (ဂွမြို့နယ်)

ရင်လေးစရာ ရခိုင်ပြည်နယ်တောင်ပိုင်း (ဂွမြို့နယ်)
ဂွမြို့နယ်မှ ရခိုင်သားများအနေဖြင့် မိမိဒေသတွင် ကမ်းခြေ ခြံယာမြေများနှင့် တောင်ကုန်း တောင်တန်း များကို အတိုင်းတာမဲ့ ရောင်းချနေကြသည်ကို ကြားသိကြမှာပါ။ တကယ်တော့ ဒီကိစ္စက ပေါ့ပေါ့လေးတွေး ရင်တော့ ဘာမှမဖြစ်ပါဘူး ကျွန်တော်ကတော့ အတွေးတစ်စကိုဆွဲထုတ်ခဲ့မိပါပြီ ကဲ….ကျွန်တော်နဲ့အတူတူ ရခိုင်မြေက ရခိုင်သားတွေရဲ့ ရေရှည် ဘဝရပ်တည်မှုတွေ အတွက် အတူတူ စဉ်းစားကြရအောင်ဗျာ...….။ကျွန်တော်တို့တစ်တွေရဲ့ အဓိကစီးပွါးရေးလုပ်ငန်းက ရေလုပ်ငန်းပါ ရေလုပ် ငန်းလုပ်ဆောင်သူတွေအတွက် စက်လှေဆိပ်နှင့် ငါးခြေက်လှမ်းရန် မြေနေရာတွေဟာ အလွန်အရေးပါကြပါတယ် အဲ့ဒီမတော့ ကမ်းခြေက မြေနေရာတွေမရှိတော့ရင် ကျွန်တော်တို့ တတွေရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ကြမှာလဲ။နောက်တစ်ခုရှိသေးတယ် ကျွန်တော်တို့ဒေသခံတွေဟာ ပင်လယ်ကငါး တောင်ပေါ်က ရာသီပေါ်သီးနှံတွေနဲ့ စပ်ပေါင်းပြီး မိသားစု ထမင်းဝိုင်းကို ပြင်ဆင်ကြပါတယ်။အိုးအိမ်အဆောက်အအုံတွေကိုလည်း ဒီတောင်ပေါ်က ရတဲ့ သစ်တွေ ဝါးတွေနဲ့ပဲ တည်ဆောက်ကြရပါတယ်။ ဒီတော ဒီတောင်တွေ မရှိတော့ရင် ကျွန်တော်တို့အတွက် လိုအပ် တဲ့အရာတွေကို ဘယ်နေရာတွေကရရှိနိုင်မှာလဲ…? ဒေသခံတွေအတွက် အလွန်ပေါများတဲ့ သယံဇာတတွေဟာ ရှားပါးလာမယ် မတန်တဆသော ဈေှးနှုန်းတွေကိုပေးဝယ်ရမယ် တကယ်တော့ ဒါတွေဟာ ကျွန်တော်တို့အတွက် ရေရှည် နစ်နာဆုံးမှုတွေပါ။ လက်ရှိအခြေအနေအရ ကျွန်တော်တို့ဒေသခံတွေရဲ့ ရိုးသားမှု ကဆင်းရဲချို့တဲ့မှုတွေကို ငွေဆိုတဲ့ အရာတစ်ခုတည်းနဲ့ မက်လုံးအမျိုးမျိုးသုံးပြီး ဝယ်ယူနေကြခြင်းဟာ စိုးရိမ်စရာအခြေတစ်ခုကိုရောက်၇ှိနေပါပြီ။ ခောတ်ကြီးကလည်းတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နောင် ဆယ်စုနှစ် တစ်ခုလောက်ကြာရင် ကျွန်တော်တို့ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုကဘာတွေလဲ ကျွန်တော်တို့မှာ ပင်လယ်ကမ်းခြေတွေလည်းမရှိတော့သလို တောင်တန်းတွေကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရပြီ အဲ့ဒီတော့ ကျွန်တော်တို့ ဒေသခံတွေရဲ့ဘဝတွေက ရင်နာစရာပါ။
ကျွန်တော့်သဘောကတော့ မိမိတို့တတ်နိုင်သောနေရာမှ မိမိဒေသရဲ့ တန်ဖိုးရှိသော သယံဇာတတွေကို ကာကွယ်ကြပါ။
နှစ်သက်လျှင်<<<<<
စာကြွင်း----။လောင်းကျိုးရွာမှ ဒေသခံများ ဓါးမဦးကျပိုင် ဆိုင်သော ဥယျာဉ်တောတောင်များကို ကိုယ်ကျိုးရှာ ဒေသခံ ပွဲစားအချို့မှ ကျယ်ဝန်းသောတောတောင်များကို ဝယ်ယူရန် အတွက်တိုင်းတာရာတွင် မြို့နယ်မြေစာရင်းအဖွဲ့မှ ဝန်ထမ်းများပါဝင်မှုမရှိပဲ ၄င်းတို့မှ GPS ကိုအသုံးပြုလျှက် မမှန်ကန်သောမြေယာတိုင်းတာမှု များကို ပြုလုပ်ပြီး မသိနားမလည်သော ဒေသခံတို့အပေါ်တွင် ရိုးသားမှုကိုသုံးချပြီး လိမ်လည်မှုများ ပြုလုပ်လျှက်ရှိ ကြောင်းသိရှိရသည်။

0 comments:

Post a Comment