Pages

Wednesday, February 13, 2013

ချစ်သူများ၏ ဗယ်လင်တိုင်းနေ့ရက်


ချစ်သူများ၏ ဗယ်လင်တိုင်းနေ့ရက် 
 ဗယ်လင်တိုင်းနေ့ရက်
အမျိုးကောင်း သား သမီးများ ရှောင်ရှားကြကွဲ့
ပျော်သင့်သလား မော်သင့်သလား
ကြင်သူမရှက်ပေမယ့်
မြင်သူရှက်စဖွယ်
ရင်ခြင်းအပ် ပါးခြင်းကပ်
လူခြင်းနီးစပ် ကာမတော အလယ်
တို့နိုင်ငံရဲ့ယဉ်ကျေးမှုမဟုတ်ပါတယ်
ဗယ်လင်တိုင်းတဲ့လားကွယ်
မိရိုးဖလာထုံးစံမရှိပါဘု
အတုယူမှားလို့ရှက်စဖွယ်
ဒို့ဘာသာအယူဝါဒကို
ခလောက်ဆန်တယ်
အပျောက်ကြံမယ်
တည်းခိုခန်းတွေလည်းပြည့်ပေါ့ကွယ်
သွေးခြင်းနှောတော့ရှက်စဖွယ်
ဗယ်လင်တိုင်းတဲ့ကွယ်
အခုတွေ့အခုကြိုက် အခုလိုက်လို့ရယ်
ကိလေသာပန်းနမ်းရှုကြတယ်
တယောက်ပြီး တယောက်ပြောင်းလို့ကွဲ့
နဂိုနေ အပျိုရည်ပျက်ဖို့လွယ်ပါတယ်
တို့နိုင်ငံရဲ့ယဉ်ကျေးမှုကို သွေဖယ်
အနောက်ကပိုးတွေ အရှေ့ရောက်လို့ရယ်
ဗယ်လင်တိုင်းတဲ့လားကွယ်..
ဒို့ဗမာတွေမှာအတုယူမှားလို့ရယ်
ဗယ်လင်တိုင်းတဲ့လားကွယ်....

0 comments:

Post a Comment