Pages

Monday, February 11, 2013

````ဖေဖော်ဝါရီ ၁၃ ရက်နေ့“ ၉၈ ” နှစ်မြောက်ဗိုလ်ချုပ် မွေးနေ့ ````ဖေဖော်ဝါရီမှတ်တမ်း´´´သီချင်း

တိုင်းပြည်အကျိုး မျှော်ရည်ကိုး
က၀ိပညာ စာပေနှံစပ်
ဒီဇဗ္မူမှာရှာ မှ  ရှား
အဖိုးတန်လူသား



.
    
   ဖခင် ဦးဖါ..မိခင်ဒေါ်စု
မီးရှုးသန့်စင် ဖွားမြင်ခဲ့ပေါ့
   ဒီဇမ္ဗူမှာ  ရှာမှရှား
   အောင်ဆန်းဇာနည် ပြည်ချစ်သား
   တိုင်းသူပြည်သား  ဗိုလ်လူအများ
   ရဟန်းရှင်လူ ပြည်သူအပေါင်း
   အေးချမ်းသာယာ လွတ်လပ်ရေးကို ရရှိဖို့ရာ
   သားကောင်း ရတနာ  မွေးဖွားခဲ့တာ
   ဖေဖော်ဝါရီ ၁၃မှာ  ဗိုလ်ချုပ်မွေးနေ့ပါ
   ပြည်သူ့ရင်ထဲ ယနေ့ထိရှိတယ်
   က၀ိစာပေတတ်ကျွမ်းဘိ
ဘိုးဘွားပုံပြင် သူရဲကောင်းအတိ
   ဘယ်သူဖျောက်ဖျက် မပျောက်ပျက်နိုင်တယ်
   သမိုင်းမှတ်တမ်း မော်ကွန်းအရှိ
   လူတိုင်းရင်ထဲ စွဲမြဲတွယ်ငြိ
   သူလိုလူမျိုး နောက်တစ်ယောက်မရှိ………
   ဒီဇမ္ဗူမှာ နောက်ထပ်မရှိ….
   ပြည်သူ့ရင်ထဲ အောင်ဆန်းဇာနည် ယနေ့ထိရှိ………..
   ဖေဖော်ဝါရီ ၁၃ ရက် ပုံဖော်ဆောင်ညွန်း
   နှလုံးသွေးသား မျိုးဆက်သစ်တွေ
   ရင်ထဲမမေ့ သတိတရ လွမ်းဆွေးကျန်ရှိ
   သေသည့်သူကို လွမ်းရသလား
   မေ့ဖျောက်ချင်သူ မသိတဲ့သူ မတတ်သူကို
   က၀ိပညာတတ်သည့်သူမှ
ဖေဖော်ဝါရီ ၁၃ ရက်
   အောင်ဆန်းဇာနည်
   မွေးသည့်ရက်ကို  မမေ့ဖျောက်နိုင်
   စာပေအသိ ရင်ထဲရှိအောင်
   ဘက်ပေါင်းစုံက စွမ်းနိုင်သရွေ့ တတ်သရွေ့ကို
ကမ္ဘာအရပ်ရပ် ပြည်ချစ်သားတွေ
   ပြည်ချစ်သမီးတွေ တွေ့စုံပေါင်းစည်း ချစ်ခင်ခြင်းအတိ
   က၀ိစာပေ မြတ်နိုးသည့်သူ စုဝေးစေရာ တစ်နေရာ
   နိုင်ငံသားကောင်း ဗဟုပညာ တိုးပွားစေရာ
   တိုင်းသူပြည်သား  ဗိုလ်လူအများ
     ရဟန်း  ရှင်လူ ပြည်သူအပေါင်း
     အေးချမ်းသာယာ အမှတ်တရရှိစေ့ချင်တာ
````ဖေဖော်ဝါ၇ီ    ၁၃ ၇က်နေ့´´´´
“ ၉၈ ” နှစ်မြောက် ဗိုလ်ချုပ် မွေးနေ့
````ဖေဖော်ဝါရီမှတ်တမ်း´´´´
M
၂၀၁၃ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော
ဗိုလ်ချုပ်အောင်ဆန်း ၉၈နှစ်ပြည့် မွေးနေ့ အမှတ်တရ ။

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊

တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊

ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊

မျက်ရည်ဖြိုင်လို့

ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊

ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’

ပြည်ထောင်စုရေး ကြိုးပမ်းဆောင်

ပြည်ချစ်ဒို့ ခေါင်းဆောင် ၊

ဒီမိုကရေစီလမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။
မွေးနေ့လက်ဆောင်



0 comments:

Post a Comment