Pages

Wednesday, December 7, 2011

မျက်စေ့ရှေ့တင် ဖလန်းဖလန်းထလို့

zinyaw17

ကော်နရှင်တွေ ဖလန်းဖလန်းထလို့ မျက်စေ့ရှေ့မှမခွာချင်တယ်



ကော်နရှင်တွေ တစ်အားကောင်းတယ် ထူးထူးခြားခြား ဆန်းဆန်းပြားပြား



သွက်လိုက်တာနော် ကောင်းလိုက်တဲ့လိုင်း



စိတ်တွေလည်းတစ်ကယ်မလေပါဟယ် ဒီပုံအတိုင်းဆို အသက်ရှည်တယ်



ဖျတ်လျှောက်သွားတာတစ်အားမိုက်တယ် ကော်နရှင်တွေတက်နေတယ်



တစ်ကယ် မိမှမိကွယ် အမိုက်စားလေးဟယ် လိုင်းလေးတွေကသွက်နေတယ်



ပြောရင်းဆိုရင်း ရောက်လာတယ် ကော်နရှင်ရယ်ကျပြီကွယ်



တက်လိုက်ကျလိုက်ဖြစ်ပုံရယ် ကမ္ဘာကတောင်သိနေတယ်



မျက်လုံးလေး အစာကြွေးရင်းနဲ့ အမိုက်ဇယားလေးနဲ့ အကြိုက်ဇယားဆွဲမယ်



စိတ်ကူးယဉ်လို့မြူးလာတယ် မျက်စေ့ရှေ့တင် ကော်နရှင်တွေတက်ပါဟယ်



ဘ၀င်နှလုံးအိမ်မယ် ရွှင်ပြုံးပါတယ်



ဖြတ်ခနဲဖြတ်ခနဲကော်နရှင်တွေတက်လာတယ်



ဝါးတားဝါးတားဖြစ်လာတယ် လိုင်းလေးတွေကလေးကန်တယ်



မျက်စေ့အစာကြွေးများလာတယ် ကော်နရှင်ရယ်ကျပြီကွယ်



ဖြတ်လျှောက်သွားတာ မျက်စေ့ရှေ့ကတောသူမကြီးဖြစ်နေတယ်



ဒီပုံအတိုင်းဆို အသက်သေမယ် တော်တော်တော့လေးတော့ခက်နေတယ်



ကွန်နရှင်ရယ်တက်လိုက်ကျလိုက် မျက်စေ့ရှေ့တင်ဖြစ်နေတယ်



ဖလမ်းဖလမ်းထလို့ လိုင်းလေးတွေတက်ပါဟယ်



ကော်နရှင်တက်တာကြိုက်ပါတယ်



နိုင်ငံတကာ ကမ္ဘာအဆင့်မှီ လူတိုင်းလူတိုင်းကြိုက်ပါတယ်



တောသူမကြီးဖြစ်နေတယ် ခေတ်မမှီတော့ဘူးဖြစ်နေတယ်



လေးကန်လွန်းတော့ခက်ပါတယ်



အိုးးးးးးးးးးးးးးးးးးးးးးးးးးး



ကော်နရှင်တကယ်ကျပြီကွယ်...........



ကမ္ဘာအဆင့်မှီတာကြိုက်ပါတယ်....



ဖလမ်းဖလမ်းထတော့ခိုက်ပါတယ်.....



မျက်စေ့အစာကြွေးမိုက်ပါတယ်......



ကော်နရှင်တက်တာလန်းပါတယ်.....



ဒီပုံအတိုင်းဆိုအားလုံးအားလုံးအသက်ရှည်မယ်...........



ကော်နရှင်တွေတက်နေတယ်...........။

8 comments:

  1. အမလေနော် ................မြန်မာဘောလုံးအသင်းကြနေတာပဲ

    ReplyDelete
  2. မြန်မာပြည်ပြန်လာမှမန်.တော.မယ်မမရေ

    ReplyDelete
  3. မလန်းတာ ကြာပီ မ.မ ရေ...

    ReplyDelete
  4. မမရေ............
    ကိုယ်ပိုင် ဂြိုလ်တု မတင်နိုင်သရွေ့တော့ ဖလမ်းလဲ ခဏပါပဲ ဗျာ...။

    ReplyDelete
  5. ဟားဟား .... ကဗျာလေးက တကယ်မိုက်တယ် မမရေ ....

    ReplyDelete
  6. အစိုးမရတာ အရင်က နှစ်ခုရှိတယ်။
    မိုး နဲ့ သူခိုး ... အခုတစ်ခုထက်တိုးတယ် ...
    ကွန်နက်ရှင် ပါ မမရေ ... :P

    ReplyDelete
  7. ခဏစောင့်နော် မ..မ
    မြန်နှုန်းမြင့် Connection တီထွင်နေပါပြီဗျာ )))))))
    ကလစ်တစ်ချက်ထောက် သုံးနှစ်စောင့် .....ဟ်ဟ်ဟ်

    ReplyDelete