ပေါကြောင်ကြောင်နဲ့ ရူးချာချာဟာ တစ်စုဖွဲ့ ပြီးနေထိုင်တယ်
သူတို့မွေးဖွားလာတာလေးတွေကတော့
ချာတာတာလေးတွေဖြစ်နေကြတာကို မသိကြဘူး
မမြင်မကန်းနဲ့ ရူးနန်းနန်းလေးတွေထပ်ပေါက်ဖွားလာပြန်တယ်
ပတ်ဝန်းကျင်ကိုထည့်မတွက်တတ်တော့ စမ်းတ၀ါးဝါးနဲ့အရူးဘုံမြှောက်တော့
ချေးခြောက်ကောက်သလိုဖြစ်နေတော့တာပေါ့
စမ်းတ၀ါးဝါးတွေကလည်း ဘာလုပ်လုပ်ဘာပြောပြော
လက်ခုတ်လက်ဝါးတီးပြီးအားပေးလိုက်ကြတာ
ပုလင်းတူဘူးဆို့ စိတ်တူဝါသနာတူ
အရပ်ပျက်မှာ ဇာတ်ပျက်ကနေသလားတောင်ထင်မိတယ်
စောင်းမြောင်းပြောဆိုတတ်ကြတာတော့ ငကန်းသေလို့
ငစွေပေါ်နေသလားမှတ်ရတယ်
ပညာတော့တတ်ကြပါရဲ့ စာတွေတော့တတ်ကြပါရဲ့ အသိမရှိဖြစ်နေတယ်
အသိလေးနည်းနည်းလောက်ရောင်းပါ လက်ဆောင်ပဏ္ဍာလေး
ပေးချင်လို့ပါဆိုပြီးပေးပို့ချင်ပေမယ့်
အသိကလည်းငွေပေးပြီး ၀ယ်ကပ်ပေးလို့မရဘူး
သူတို့ရဲ့အရှက်တရားဟာဆိုရင် ရှက်လိုက်တာဆိုပြီး ရှက်စရာကောင်းတယ်ဆိုပြီး
မျက်နှာကိုလက်ဝါးလေးနဲ့ကွယ်နေပေမယ့် လက်ကြားထဲကချောင်းကြည့်သလိုပေါ့
ကလေးငယ်လေးလိုရှက်လို့ဆိုပြီး
စကပ်လှန်မျက်နှာအုပ်ထားပြီး ရှက်သလို
ဖြစ်နေတယ်
ပေးကားပေး၏မရ ကျွေးကားကျွေး၏ မ၀ ချစ်သူတစ်ရာနည်း၏
မုန်းသူတစ်ယောက်များ၏
ပါးစပ်တစ်ပေါက်ပိတ်ရန်မလွယ် ၀ါးတစ်ရာသာပိတ်ရန်လွယ်၏
သေချာကြည့်လေ ဆင်သေကို ဆိတ်သရေနဲ့ဖုံး ပြီး
လဒ အောင်သေအောင်သားစား နေတာကိုသာထင်မြင်မိတယ်
ဒီစာစုလေးထဲမှ ယူချင်တာယူပြီးထားချင်တာထားခဲ့ပါ
လွတ်ကင်းနိုင်အောင် မိမိကိုယ်ကို သာပြုပြင်ပါ။
အင်း စာတော့ပြန်ချင်ပါတယ်...လွတ်ကင်းနိုင်အောင် မိမိကိုယ်ကို သာပြုပြင်ပါ ဆိုတာကိုတော့သားသားကြောက်လို့ပါ..ဟီး ..ဟီး..
ReplyDeleteကြောက်ပါနဲ့ သားတော်ရယ် မယ်တော်ကြီးရေးထားတာက
ReplyDeleteအသိတစ်ခု ကိုမေ့နေကြမှာ စိုးမိလို့သတိပေးတာပါ.............
သားတော်တို့ ဘုရား တရားတော်တွေ ဟောထားတာလေးတွေနာယူရင်း
အကြောင်းကြောင်း ကြောင့်အသိဥာဏ်လေးတွေ
ရှိရင်သတိမလွတ်ဖို့ပြန်ရေးထားတာပါ
ဟုတ်ကဲ့ ..ခုအခါကလေ..မှန်တာတွေပြောရင် ရွာ့အပြင်ထွက်ရပါလိမ့်မယ်....
ReplyDeleteအရှင်ဘုရားက တရားတော်ကို နားလည်သူဆို ပိုသိတာပေါ့ဘုရား
ReplyDeleteကျန်းမာပါစေဘုရား
တပည့်တော်
ဦးတင်ကန်တော့ပါတယ်ဘုရား
"လွတ်ကင်းနိုင်အောင် မိမိကိုယ်ကို သာပြုပြင်ပါ'' ဟုတ်ကဲ့ပါ မမ ....
ReplyDeleteမိုက်တဃ်
ReplyDeleteစကားလုံးတွေက တစ်လုံးတစ်ခဲတွေနဲ့အသက်ဝင်တဃ်.......
မိုက်တဃ်
ReplyDeleteစကားလုံးတွေက တစ်လုံးတစ်ခဲတွေနဲ့အသက်ဝင်နေတဃ်.......
ပုထုဇဉ်မှန်သမျှ အရူးတွေ အကန်းတွေလို့တော့
ReplyDeleteကြားဘူးတာပါပဲ မမရေ....
အနာ ရှိသူတွေကို ဆားနဲ့  ပက်လိုက်တာပါ
ReplyDeleteအနာ ရှိသူတွေကို ဆားနဲ့  ပက်လိုက်တာပါ
ReplyDeleteကိုလတ်ရေ............
ReplyDeleteမိုးကုတ်ဆရာတော်ဘုရားဟောကြားတာတော့
ရေထဲနစ်မြုတ်ပြီးသေခါနီးချိန်ထိအောင်ကို
ကမ်းစပ်ကလူကို စိတ်မချဘူး မှာကြားနေတုန်းပဲတဲ့
အရူးမသာချ ရမှာတဲ့
ကိုယ်သေခြင်းဆိုးနဲ့သေမယ့်လူက ကိုယ် ဖြစ်နေတာတောင်
ကိုယ်ကို ကိုယ်မေ့နေကြတာတဲ့..သေခါနီးထိစိတ်မချဘူးတဲ့
ကိုယ်ကို ကိုယ်လွတ်ကင်းနိုင်အောင် မိမိကိုယ်ကို သာပြုပြင်ပါတဲ့..............
မမရေ ...
ReplyDeleteဒီကဗျာလေးကတော့ ကောင်းချက်ဗျာ ... ဗရာဗိုပါ ...ဖြောင်းဖြောင်းဖြောင်း...........
ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ဆရာကျောင်း)
အားပေးမှု့ကို ၀မ်းသာကြည်နူးပါတယ်ဆရာ
ReplyDeleteကျန်းမာပျော်ရွှင်ပါစေ
ချစ်မရေ.... ဖတ် မှတ် သွားတယ်နော်.......
ReplyDelete