Pages

Sunday, December 25, 2011

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥



♥အမေ့ ♥
♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
မွန်မြတ်လှတဲ့ မိဘမေတ္တာ


ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ကဗျာစာ အလင်္ကာ  ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ
ပေးဆပ်ခြင်းအတိ သူ့တွက်မကြည့်
မကုန်နိုင်သော မေတ္တာရှင် ထာဝရ ကျေးဇူးရှင်


ဘ၀အဆက်ဆက် က မွေးသမိခင်
မေမေအချစ်ထူး  ရွှေသွေးရင်နှစ် သားလှချစ်လေး
ရွှေသွေးရင်နှစ် သမီးလှချစ်လေး  
မေ့မေ့သဲတုန်း ပူတူးတူးရယ် ခေါ်တဲ့အသံ နားဝလျှံသည်
ဘယ်လောက်ဆိုးဆိုး တစ်မျိုးတိုးကာ အချစ်ပိုသည်
ရွှေသွေးလေးအပေါ် နုသည့်အသား
ကိုက်သည့်  ခြင် ယင်  ရန်သူထင်သည်


အသားနုနု ဂွမ်းနှင့်ဥကာ
ရင်ဝယ်ကြာငုံ  သားမြတ်စုံကို  သွားနှင့်ခဲကာ  ကိုက်ကာဆွဲရမ်း
 နာသည့်ပုံဟန်  မေ့မေ့ရုပ်သွင်  ရှိခဲ့ပေမဲ့


  သွေးမှမေတ္တာ ဆတိုးပွားကာ ဖွေးသည့်နို့ရည်
သားဝလေအောင်  သမီးဝလေအောင်    ရွှေသွေးနို့တိုက်မပျက်ပေ
ရွှေသွေးချစ်လေး  ချေနှင်ကန်ကြောက်  ကြောက်သည့်ချေထောက်


ပါးမှာကပ်ခါ   နမ်းမ၀ပေ မေ့မေ့မေတ္တာစိမ့်စမ်းရေ
သားလှလေးနှင့် သမီးလှလေးကို  စကားဆိုချော့မြူ
တေးဆိုချော့မြူ မွေးမေ အသံ စမ်းရေသံထက်  သာယာလှပ
ရွှေသွေးရင်နှစ် ဖျားနာသည့်ခါ  ရင်ဝယ်ပွေ့ပိုက်


ပျာယာခပ်မျှ စိုးထိပ်ပူပင်   မပဒါ  ပုံသွင်  ရှိဘူးတယ်
ရွှေသွေးကျောင်းအပ်  စာသင်တတ်စ
အိမ်အပြန်မှာ  သူတပါးနိုင်စား  ထိခိုက်လေမလား 


အရှိုးအရာ ဒဏ်ရာပါလား  အကြိမ်ကြိမ်အဖန်ဖန် စစ်ဘူးတယ်
အရွယ်ရောက်လည်း  သားလှရွှေသွေး  သမီးလှလေးတွေ
သူယုတ်မာဝေး  သူတော်ကောင်းလေးတွေ ပေါင်းဖက်ပါစေ
ကျန်းမာပါစေ  ချမ်းသာပါစေ ဆုတောင်းအခါခါ ချွေဘူးတယ်


မွေးမေ  မေတ္တာ စိမ့်စမ်းရေနှင့် ပမာနိုင်းဆိုမပြောလိုဘူး
ထိုစမ်းနွေခါ ခမ်းသောကြောင့်
မွေးမေမေတ္တာ  ပန်းရွှေကြာနှင့်  ပမာနိုင်းဆို မပြောလိုဘူး
ထိုပန်းရွှေကြာ နွမ်းသောကြောင့်
မွေးမေ မေတ္တာ  မြင့်မိုရ်တောင်နှင့်  ပမာနိုင်းဆို မပြောလိုဘူး


ထိုမြင့်မိုရ်တောင် သေးလွန်းလို့
ချစ်ခင်မြတ်နိုး ပြုစုစောက့်ရှောက် ချစ်လွန်းတင်တာမေမေပါ
ဘယ်လိုပုံစံ မွေးဖွားလာလာ မွေးသမိခင်ကြည်နူးစွာနဲ့
 ကျိုးကျိုး ကန်းကန်း ဆွံအ နားမကြား
လက်ခံခဲ့တာ   စံထားမမှီ  ချစ်မြတ်နိုးတာမေမေပါ
ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရင် ကျောလေးပွတ်သတ် ထွေးဖက်ထားပြီး 
နို့ချိုတိုက်ကျွေး ချော့ မြူပေးတာ မေမေပါ
မွေးမေမေတ္တာ  နိုင်းပြစရာ  ရှာမတွေ့နိုင်ပြီ   ဘီလူးမက  စားဖို့ဆောင်ယူ သူတပါးသားကို  ငိုကြွေးသောခါ  ယုယကြင်နာ ချစ်လွန်းတင်၍  နို့ချိုတိုက်ကျွေး မွေးခဲ့ဘူးသည် မိခင် တိုင်း၏  မေတ္တာပါ


မိခင် ထံပါး  ဧည့်သယ်အလား  ခဏနားခို   အရိပ်နေနေ  အခက်ချိုးချိုး  ပြန်လိုမှပြန်  နားချင်လာနား    ပေးဆပ်ခြင်းနဲ့ချစ်ကြင်နာ မွေးမေ မေတ္တာစေတနာ

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်း  ပြိုင်ဘက်ကင်းသည်  ဆပ်၍မကုန်  ဤလူဘုံ     မိခင်ဖခင်ကျေးဇူးရှင်ကို  တဖန်ပြန်၍

ရင်ဝယ်သားပမာ စောင့်ရှောက့်စေချင်လှပါသည်။
စိတ် မှ ချိန်ခွင်  အလယ်မှာထား  မျှတစွာပဲ ချိန်ကြည့်လိုက်ပါ 

မွေးမေ ဖက်မှ  သာနေမှာ ကဗျာစာ အလင်္ကာ 
ဖွဲ့ ဆို ပြသ တုနိုင်းမရ

အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ မာတာမိခင်ကျေးဇူးရှင်ကို
လက်အုပ်ရှိခိုး  ကန်တော့ပန်းဆင်သည်

ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။


mom moms mother mothers mommy mommys family families
mom moms mother mothers mommy mommys family families

I


mom moms mother mothers mommy mommys family families

♥အမေ့မေတ္တာ♥၍ကမ္ဘာမှာ♥
♥အမေ့ချစ်ခြင်း♥ ပြိုင်ဘက်ကင်းသည်

♥ကဗျာ♥စာ ♥အလင်္ကာ ♥
♥ ဖွဲ့ ဆို ပြသ♥ တုနိုင်းမရ

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်း ♥ ပြိုင်ဘက်ကင်းသည်♥








10 comments:

  1. အမေ.ကျေးဇူးသိတတ်ဖူးက
    တသက်မကချမ်းသာရ၏။

    ReplyDelete
  2. ဆပ် ၍ မကုန်ကျေးဇူးအဖုန်ဖုန်
    တုနိုင်းမရ အမိ အဖ

    ReplyDelete

  3. မိခင် ထံပါး ဧည့်သယ်အလား ခဏနားခို အရိပ်နေနေ အခက်ချိုးချိုး ပြန်လိုမှပြန် နားချင်လာနား ပေးဆပ်ခြင်းနဲ့ချစ်ကြင်နာ မွေးမေ မေတ္တာစေတနာ

    ReplyDelete
  4. ♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်း ပြိုင်ဘက်ကင်းသည် ဆပ်၍မကုန် ဤလူဘုံ မိခင်ဖခင်ကျေးဇူးရှင်ကို တဖန်ပြန်၍

    ရင်ဝယ်သားပမာ စောင့်ရှောက့်စေချင်လှပါသည်။

    ReplyDelete
  5. ပြိုင်စံရှား .... တုနှိုင်းစရာမဲ့တဲ့ မေတ္တာတွေပါ ......

    ReplyDelete
  6. ♥အမေ့မေတ္တာ♥၍ကမ္ဘာမှာ♥♥အမေ့ချစ်ခြင်း♥ ပြိုင်ဘက်ကင်းသည်
    ♥ကဗျာ♥စာ ♥အလင်္ကာ ♥
    ♥ ဖွဲ့ ဆို ပြသ♥ တုနိုင်းမရ♥
    ♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥
    ♥ချစ်မြတ်နိုးခြင်း ♥ ပြိုင်ဘက်ကင်းသည်♥

    ReplyDelete
  7. ♥အမေ့မေတ္တာ♥၍ကမ္ဘာမှာ♥
    ♥အမေ့ချစ်ခြင်း♥ ပြိုင်ဘက်ကင်းသည်♥

    ReplyDelete
  8. ကျွန်တော်ကိုပြန်ပြောပါဗျာ
    လုပ်စရာတွေအများကြီးရှိတယ်
    ပညာယူချင်လို့ပါ
    please..........
    I think u can talked me♥

    ReplyDelete
  9. မိခင်မေတ္တာ
    စမ်းရေပမာ
    အစဉ်အေးချမ်း
    ရှင်းသန့်လှ၏။

    ReplyDelete
  10. ဒီကဗျာလေးကအရမ်းကောင်းပါတယ်း
    ကျွန်တော့်ဘ၀နဲ့လည်းထပ်တူထပ်မျှကြပါတယ်..။
    ဒီကဗျာလေးကိုဖတ်လိုက်ရတဲ့အတွက်ကျွန်တော်အရမ်းဝမ်းနည်းမိပါတယ်..။
    ဒီကဗျာလေးတင်ပေးတဲ့အတွက်မမကိုကျေးဇူးတင်ပါတယ်...။

    ReplyDelete