Pages

Saturday, December 31, 2011

အညတြ အာဇာနည် အစစ်




အညတြ အာဇာနည် အစစ်

ဘေး  မသိ ရန်  မကြည့်

သူ့အတွက်ဆိုတာ လုံးဝမကြည့်

ပူချစ် တောက်လောင် မီးလောင်ပြင်ထဲ

အားမတန်လဲ  ဇွဲမလျှော့ဘဲ

သူများအတွက် အသက်စွန့်တယ်

မီးသတ်သူရဲကောင်း

အညတြ အာဇာနည် အစစ်ပါကွယ်........


ဝမ်းနည်းစရာ ကြေကွဲဆို့နင့်

လေးစား ဂုဏ်ယူ မိပါတယ် 

မီးလျှံရှိန်ပြင်း မီးတောက်တွင်းဝယ်

သေမှာသိလျှက် မကြောက်မရွှံ့

သားကောင်း ဇာနည်ပီသတယ်

ဂုဏ်ပြုမှတ်တမ်း ၀မ်းနည်းခန်း

သူ့ရဲ့ရုပ်ကြွင်း
ပြာမှုန်ကလေးတောင်
ဂုဏ်ရှိတယ်။






8 comments:

  1. ကိုယ်ကျိုးမကြည်.ပဲဆောင်ရွက်တဲ.အညတြသူရဲကောင်းတို.အား
    ရိုသေလေးစားစွာဦးညွှတ် အလေးပြုပါ၏။

    ReplyDelete
  2. အညတြသူရဲကောင်းတွေ မမြင်ဝံ့ တဲ့အဖြစ်တွေပါ
    လေးစားကျေးဇူးတင်စရာပါ

    ReplyDelete
  3. စိတ်မကောင်း ပါဘူးဗျာ . . . :(

    ReplyDelete
  4. သူ့အတွက်ဆိုတာ လုံးဝမကြည့်

    ပူချစ် တောက်လောင် မီးလောင်ပြင်ထဲ

    အားမတန်လဲ ဇွဲမလျှော့ဘဲ

    သူများအတွက် အသက်စွန့်တယ်

    မီးသတ်သူရဲကောင်း

    အညတြ အာဇာနည် အစစ်ပါကွယ်........ ကောင်းတယ်နော် ဆက်ရေးပါနော် အားပေးနေမယ် နွေခ

    ReplyDelete
  5. ဟုတ်ပ

    အားလုံးထပ်တူစိတ်မကောင်းဖြစ်ကြတာ.........

    ReplyDelete
  6. အားပေးတာလေးစားပါတယ်
    ဒါပေမဲ့စာရေးချင်စိတ်မှိတော့ဘူးဖြစ်နေတယ်..........................

    ReplyDelete
  7. နိုင်ငံ သူရဲကောင်းကြီးအလားပါဘဲလားနော်

    ReplyDelete
  8. ပူချစ် တောက်လောင် မီးလောင်ပြင်ထဲ
    သူများအတွက် အသက်စွန့်တယ်
    မီးသတ်သူရဲကောင်း
    အညတြ အာဇာနည် အစစ်ပါကွယ်........
    အားပေးနေပါသည်

    ReplyDelete