Pages

Monday, October 4, 2010

ကံကျွေး ၀ဋ်ကျွေး



တဏှာ လက်တွင်း
သက်ဆင်းမိတော့
ကမ္ဘာမီးလောင် သားကောင်ချနင်း
ညွန့်နွံ့အတွင်း လှုပ်လေမြုတ်လေ
ဆားငန်ရေတဲ့ သောက်လေ သောက်လေ
ငတ်မပြေနိုင်
တစ်တက် စားလည်း ကြက်သွန်ပါ
နှစ်တက် စားလည်းကြက်သွန်နော်
အမိမဲ့သား ရေနည်း ငါးပမာ
တဏှာ
ရာဂ ထူ ပြောလှတာ
နေတဲ့နေရာ
သေရွာ
ကမ္ဘာ
မြင်မြင်သမျှ ကိလေသာ
ဒီနွံ့အတွင်း သက်ဆင်းမိတာ
သေတဲ့အခါ အဖော်မပါ
သုံးဆယ်တစ်ဘုံ လူစုံနေတာ
သံသရာထဲ ၀ဲလှည့်ရတော့
ဆုံလည်က
နွား
သူမသိပါ
ထိုနည်းတူစွာ ၀ဲ လှည့်နေတာ
သေချာမှတ်ထား သေရွာ ကမ္ဘာ
ရောက်ချင်ရာရောက်
သွားနေရတာ
နင့်အမှု နင်စီရင်တာ
ကံကျွေး ၀ဋ်ကျွေး
နင်ကြည့်တတ်မှ မြင်မြင်သမျှ တရားပါမှာ
ဒို့ဘုရား
ဟောကြားထားခဲ့တာ
ဒို့တရား
ဒီတိုင်းဖတ်ရတာ
ဒို့သံဃာ
ဒီတိုင်းဟောပြတာ။

8 comments:



  1. မှန်တာပေါ့နော်........

    ReplyDelete
  2. မှန်လှပါ့ အရှင်ဘုရား

    တပည့်တော်..မ..မ.ရှိခိုးဦးတင်ကန်တော့ပါ၏ဘုရား

    ကျမ်းမာပါစေ

    ReplyDelete
  3. မဟာမြတ်မုနိဘုရားကြီး ကို ဖူးမျှော်လို့ တရားကဗျာကို နှလုံးသားနဲ့ ဖတ်သွားခဲ့ပါတယ် ...

    ReplyDelete
  4. လေးစားပါတယ်.........

    ReplyDelete
  5. ဟုတ်ပ မမ ရယ်။။

    နင့်အမှု နင်စီရင်တာ
    ကံကျွေး ၀ဋ်ကျွေး
    နင်ကြည့်တတ်မှ မြင်မြင်သမျှ တရားပါမှာ......

    ReplyDelete
  6. ဘုရားကိုလည်း ဖူးရင်း.... သံဝေဂရစရာ ကဗျာလေးကိုလဲ ခံစားအားပေးသွားပါတယ်ရှင် .....

    ReplyDelete