Pages

Thursday, September 30, 2010

ခွေးမြီး ဥပမာ ပုံပြင်

တစ်နေ့တွင် ဘိုးတော်ဦးဝိုင်းသည် ညီလာခံ၌  ဦးပေါ်ဦးကိုမိန့်တော်မူသည်။

“မင်းကြီး  မိုးဒါးစား   အမတ်ကြီးဟာ  ပညာဂုဏ်နဲ့  လွန်စွာမာန်စွယ်ပြတယ်လို့ 
ထင်တော်မူတယ် ” ဟုမိန့်ကြားရာ

အမတ်ကြီး  ဦးပေါ်ဦးက.....

         ““မှန်လှပါ၊  မိုးဒါးစားအမတ်ကြီးမှာ   ပညာတည်းဟူသော    အမြီးပေါက်ခြင်း သည်  ခွေးမှာပေါက်တဲ့  အမြီးနဲ့တူပါတယ်  ဘုရား၊

အခြားသူများမှာ  ပေါက်တဲ့  ပညာတည်းဟူသော  အမြီးမှာ   ဆင် ။ မြင်း ၊ခြင်္သေများမှာ   ပေါက်တဲ့အမြီးနဲ့တူပါတယ်၊

တူပုံတူနည်းကို  လျောက်ထားပါဦးမယ်ဘုရား     ဆင် ။ မြင်း ၊ခြင်္သေတို့မှာ   ပေါက်တဲ့အမြီးဟာ  မှက် ၊ ခြင်   ၊ယင်၊

တို့လဲ ခြောက်ရပါတယ်၊မိမိတို့ အင်္ဂါဇာတ်ကိုလဲ  ဖုံးလွမ်းရပါတယ်၊  ခွေးမှာပေါက်တဲ့ အမြီးကတော့   မှက် ၊ ခြင်   ၊ယင်၊

တို့လဲ ခြောက်လို့မရ  ။  မိမိအင်္ဂါဇာတ်ကိုလဲ   ဖုံးလွမ်းလို့ မရရှိပါတယ်””
           
               ““မိုးဒါးစားအမတ်ကြီးဟာ   ပညာနဲ့လုံလောက်သူ  မှန်ပါလျက်   မိမိအရှက်ကိုလဲ  မဖုံးလွမ်းနိုင်

သူတထူးတို့လာတဲ့   အရေးကိုလဲ  ကာကွယ်တားဆီးနိုင်ခြင်း  မပြုနိုင်တဲ့အပြင်   ခွေး  မြီး လို ပဲ

ပညာတည်း  ဟူသော   မာန်မာန  အမြီးကို  တထောင်ထောင်နဲ့  နေခြင်းသာ  ပညာရှိတို့အလယ်မှာ

ရှက်ဖွယ်ရာ ဖြစ်ပါကြောင်း  ရှိခိုး သံတော်ဦးတင်ပါတယ်ဘုရား  ဟု လျှောက်ထား လေ လျှင်

ညီလာခံ  ဘိုးတော်ဦးဝိုင်းနှင့် တကွ  ညီလာခံ မှုး  မတ်  အပေါင်းတို့ အားပါးတရ  ရယ်မောကြလေသတည်း။

30 comments:

  1. သင်ခန်းစာယူထိုက်သောပုံပြင်လေးမို့လို့...သဘောကျမိပါတယ်.

    ReplyDelete
  2. ဟုတ်...ဖတ်သွားပီဗျို့....

    ReplyDelete
  3. ဖတ်သွားပါပြီ

    ReplyDelete
  4. ဟုတ်တယ်

    သိသင့်တယ်လေနော်...

    ReplyDelete
  5. ဟုတ်.. မ.မ ကျေးဇူးပါနော်...

    ReplyDelete
  6. တင်ပါ့အရှင်ဘုရား
    တပည့်တော် မ..မ

    ရှိခိုး ဦးတင်ကန်တော့ပါတယ်ဘုရား

    ကျမ်းမာပါစေဘုရား

    ReplyDelete
  7. ဖတ်ပါ။ မှတ်ပါ။

    ReplyDelete
  8. တော်တော် ပညာရှိတာပဲနော်.. ဖတ်သွားပါတယ်...

    ReplyDelete
  9. ဟာ.............

    စနိုးလေး သတိရနေပါတယ်

    ReplyDelete
  10. ဟုတ်ပါ့

    ဦးပေါ်ဦး လေ ပညာရှိအမတ်

    နောက်မှ သိသင့်တာလေးတွေ ဖတ်ရအောင် တင်ပေးမယ်နော်..........

    ReplyDelete
  11. မှတ်သားထိုက်ပါတယ် ...

    ReplyDelete


  12. လာဖတ်မှတ်တာ


    လေးစားပါတယ်

    ReplyDelete
  13. ကျေးဇူးတင်၏

    ခုလိုလာရောက်ဖတ်မှတ်တာကို

    ပျော်ရွှင်ပါစေ ကျမ်းမာပါစေ

    ReplyDelete
  14. အင်း ဦးပေါ်ဦးရဲ့ဥာဏ်ပညာတွေကိုမှတ်သားသွားပါတယ်

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)

    ReplyDelete

  15. ဆရာ

    ခုလိုလာဖတ်တာ လေးစားပါတယ်။

    ReplyDelete
  16. ကျေးဇူးတင်ပါတယ် အစ်မ။
    သူများကိုလည်း အကျိုးပြု ၊ ကိုယ့်ကိုယ်ကိုယ်လည်း လုံခြုံနိုင်အောင် ကြိုးစားပါဦးမယ်။

    ReplyDelete
  17. ကိုဇော်

    လာအားပေးတာ ကျေးဇူးတင်ပါတယ်။

    လေးစားပါတယ်။

    ပျော်ရွှင်ပါစေ ကျမ်းမာပါစေ။

    ReplyDelete
  18. မမရေ မှတ်သားသွားပါတယ်နော်

    ReplyDelete
  19. မမရေ သင်ခန်းစာယူ မှတ်သားသွားပါတယ်ရှင် .....

    ReplyDelete
  20. လာဖတ်မှတ်တာ ကျေးဇူးညီမလေးနော်...........

    ReplyDelete
  21. မဟေသီလေးရေ

    ကျေးဇူးတင်ပါတယ်....

    ReplyDelete
  22. ကျေးဇူးဗျာ မှတ်သားသွားပါတယ်

    ReplyDelete
  23. လာရောက်မှတ်သားတာ

    လေးစား၏

    ReplyDelete
  24. လာရောက်မှတ်သားတာ

    လေးစား၏

    ReplyDelete
  25. အရာရာတိုင်းမှာ ( ၂ ) ဖက်တော့ ရှိစမြဲပါ
    တကယ်လို့ များ မိုဒါးစားအမတ် ဘက် ကနေပြန်ကြည့် ပြန်တော့ လဲ
    သူ့  ညာဏ်ပညာဂုဏ်ကို ဥိးပေါ်ဦးကမယှဉ်နိုင်လို့ 
    ပီးတော့ လဲ ဘုရင့် နားမှာအနီးကပ်ခစားနေသူမို့ ( သူပြောတိုင်း ဘုရင် ဆိုသူကယုံတယ် )
    ( ရှင်းပြပါ့ မယ် နောက်မှာ )
    စကားပရိရယ်နဲ့ ဘုရင့် အကြိုက် (ကျနော်တို့ ရောက်နေတဲ့ ခေတ်လိုပါပဲ )
    ပြောနိုင်ခဲ့ တယ်လို့ ဆိုရင်ရောမဖြစ်နိုင်ဘူးလား
    ဦးပေါ်ဦး အကြောင်းပြောပါမယ်( သူလဲကြံဖွတ်လိုပါပဲ ဘုရင့် အနားမှာနေပီးတော်ကီတွေပွားတယ်ဗျ)
    ၁ ။ လှေပြိုင်ပွဲသဘင်ဆင်ယင်တော့ လဲအရမ်းလေးလံတဲ့ မင်္ဂလာလှေနဲ့ ပြိုင်ခိုင်းသတဲ့ 
    ဘုရင်ကမေးတော့ လဲ သူက ခပ်တည်တည်နဲ့ ဘုန်းတော်ကြောင့် နိုင်ကိုနိုင်ရပါမယ်ဘုရား ဆိုပီး
    ကတိ ပေးလေရဲ့  ပြိုင်ပွဲရဲ့ အဆုံးမှာတော့  ရှင်ဘုရင်ရဲ့  အင်မတန်လေးလံတဲ့ လှေတော်ဟာ
    နောက်ဆုံးမှ ပန်းဝင်ပါသတဲ့ 
    ဘုရင်က မေတဲ့ အခါ ( တော်ကီပွားပီး )
    အရှင်မင်းကြီး ဒါလဲနိုင်တာပါပဲ ဘုရားလို့ ဆိုတယ်
    ဘုရင်က ဘယ်လိုနိုင်တာလဲ မေးတော့  ကျွဲနိုင် နွားနိုင် နဲ့ နိုင်တာပါဘုရားတဲ့ လေ
    ရှင်းစမ်းဆိုတော့  (ဘုရင်ကပြောလိုက်တော့ )
    ကျွဲ နွားတွေမှာ ရှုံးတဲ့ သူက ရှေ့ ကပြေးပီး နိုင်တဲ့ သူက နောက်ကလိုက်ပါတယ်လို့ 
    ဖြေသတတ် ....ဟဟ (ကောင်းလိုက်တဲ့ တော်ကီဗျာ)မတွေးတတ်တဲ့ သူတွေမှတ်ကြကုန်၏
    တွေးတတ်သောသူတွေဆင်ခြင်ကြကုန်၏
    ၂ ။မြစ်ရေကြီးလို့  နန်းတော်မြို့ရိုးနားရောက်တော့  ပြည်သူတွေစိုးရိမ်ထိပ်လန့် နေကြတော့ လဲ
    ဘုရင်က ဦးပေါ်ဦး ကိုမေးရှာလေရဲ့ 
    မည်သို့ လုပ်ရင်ကောင်းအံနည်းပေါ့ လေ
    အနှီ ဦးပေါ်ဦး ကဖြေလေရဲ့ 
    အရှင်မင်းကြီးရဲ့ ကြိမ်စင်္ကြာနဲ့ ရိုက်နှက်ဆုံးမ မှ မြစ်ရေတွေဟာကျဆင်းသွားမတဲ့  လေ
    အဲဒီတော့  ဘုရင်ကလဲ အဟုတ်မှတ်ပီး(ကျပ်တာခံလိုက်ရတာပါ)
    မြစ်ထဲဆင်းပြီးရေပြင်ကိုကြိမ်နဲ့ ရိုက်တာဘာပြောကောင်းမလဲ ပေါ့ နော်
    နောက်ရက်တွေမှာတော့ 
    မြစ်ရေဟာ ဒိထက် ပိုတိုးလာတော့  ဘုရင်ကလဲ ဆရာတော်ကီကိုခေါ် မေးရရှာတယ်
    ဘာလို့ လဲပေါ့ 
    ဦးပေါ်ဦး ကလဲ ရှင်းတယ်လေ
    ( အစတည်းက တော်ကီသမားပါဆိုတော့ )
    အရှင်မင်းကြီးရဲ့ ကြိမ်လုံးရိုက်တဲ့ ဒါဏ်ကြောင့် 
    ရေ တွေယောင်ကိုင်းပီး ပိုတင်လာတာပါတဲ့ လေ
    မှတ်ကရော
    (မတွေးတတ်တဲ့ သူတွေမှတ်ကြကုန်၏
    တွေးတတ်သောသူတွေဆင်ခြင်ကြကုန်၏)
    အရာရာတိုင်းမှာ (၂ )ဖက်ရှိစမြဲပါ
    အမှားအမှန် အလင်းအမှောင် ( ဆိုပါစို့ ရဲ့  )
    မိုဒါးစား အမတ်အပြင် အခြားတစ်ဖက်ကကြည့် မယ်ဆိုရင်လဲ
    ဘုန်းကြီးရူးနဲ့ လှေလူး တွေ့ ကြတယ်လို့ ထင်စရာပဲလေ
    ဘုရင်ဆို တဲ့ သူကလဲ ဘာမှနားမလည်ပဲ ကုဋေ ၈၀ သူဌေးသားလိုပဲ
    အတိတ်ကံကြောင့် ဘုရင်ဖြစ်ဘာပေမဲ့  လက်ရှိ ဘ၀ မှာတော့ 
    သူများမြှောက်ပြောတိုင်း အဟုတ်မှတ်နေခဲ့ တယ်
    (မတွေးတတ်တဲ့ သူတွေမှတ်ကြကုန်၏
    တွေးတတ်သောသူတွေဆင်ခြင်ကြကုန်၏ )
    ကိုယ်ပိုင် အရည်အချင်းမရှိတဲ့  ဘ၀ လို့ မြင်မိပါတယ်
    အဲဒီတော့  အမ ယဉ်မင်းခိုင်ကပဲ
    အမ တင်တဲ့  ပိုစ်ကိုတာဝန်ယူပီး
    ထင်မြင်ချက်တခုခုပေးစေချင်ပါတယ်
    ( ဥိးပေါ်ဦး လုပ်ခဲ့ တဲ့ အမှားတွေအတွက် ကျနော်တွေးတဲ့ 
    ရူ့ ထောင့် ကရောမ မှန်နိုင်ဘူးလား )
    အမ ရှင်းပြ ပေးပါ
    "မတွေးတတ်တဲ့ သူတွေမှတ်ကြကုန်၏
    တွေးတတ်သောသူတွေဆင်ခြင်ကြကုန်၏ "

    ReplyDelete