Pages

Sunday, October 17, 2010

အသက် ပါသော ရေစီးကြောင်း (ဖြစ်ရပ်မှန်)

ဟာရေတွေ........ရေတွေလာပြီ

ဆင်းအိမ်ပေါ်ကနေ လွတ်အောင်ပြေးဆို အိပ်ပျော်နေတဲ့ သားကလေး

၂ယောက်ကို  အတင်းလှုပ်နိုး သားတစ်ယောက် လက်ကဆွဲ 

သားတစ်ယောက်ပွေ့ချီပြီး  အိပ်ပုတ်ကြီးတဲ့သားကို ဇွတ်အတင်းဆွဲခေါ်

ရေလွတ်ရာကို  ပြေးဖို့အိမ်နောက်ဖေးဘက်မှာ  မျက်နှာသစ်နေတဲ့  

အိမ်အကူကောင်မလေးကို လှမ်းအော်ပြီး  အရေးထဲမျက်နှာသစ်မနေနဲ့ 

ရေလွတ်ရာကို မြန်မြန်ပြေး   ဆင်းအိမ်ပေါ်ကနေ  အမြန်ဆုံးဆင်းတော့ 

ရော့ဒီပစ္စည်းထုပ်ကိုယူ 
အိမ်အကူလေးကို   ပစ္စည်းထုပ်အပ်
 ဆင်းပြေးခိုင်းရတယ်  သားတစ်ယောက်က အိပ်ပုတ်ကြီးတယ်

အတင်းနိုးရတာ အိမ်အကူ ကောင်မလေးက အရေးထဲ မျက်နှာသစ်လို့

အော်နေရသေးတယ်

ဆင်းလေ
 
ပြေး  မြန်

မြန် ပြေး

ဆို
အော်ရ  ဟစ်ရ

လက်ကလဲ  သားတစ်ယောက်ဆွဲ  တစ်ယောက်ကို  ချီထားရတာ

အောက်ရောက်တော့ ရေကထပ်ကျလာတယ်  သားကြီးကို

သစ်ပင်ဖက်ထား    မလွတ်စေနဲ့  ငါ့သားတင်းတင်းဖက်နဲ့ ပြောနေတုန်း
 
 ရေ ထပ် ဆောင့်လာတော့ သားကြီးခြုံပုတ်ပေါ်သွားတင်တယ်

သားငယ်လည်း ချလို့မဖြစ်  ကျွန်တော်သားကြီးကို ဘယ်လိုကယ်ရမှန်း

မသိတော့ဘူး ဘေးကို အကူအညီတောင်းဖို့ကလည်း  မဖြစ်နိုင် 

ဘ၀  တူတွေ  ဒီအချိန်မှာ ဘေးကလူတစ်ယောက်က  သားကြီးထံ 

ကြိုးလှမ်းပြစ်ပေးတယ်  သားကြီးထံကို ချက်ချင်းကြိုး မရောက်ဘူး 

ဖြစ်နေတယ်  ကျိုးစားပြီး သူထပ်ပြစ်ပေးတယ်

သားကြီးထံ  ကိုကြိုးရောက်အောင်ပြစ်ပေးရင်း ကလေးထံ

ကြိုးလဲရောက်ရော
ခါးမှာ  တင်းတင်းချည်ထား  သားနဲ့အော်ရတယ်

သားကြီးခါးကို သူလက်လေးနဲ့  ချည်လို့အပြီး


ရေ  ထပ်တက်လာတော့  ကလေးပါသွားမှာဆိုးတာနဲ့သူ

လှမ်းဆွဲလိုက်တာပါပဲ ဒါပေမဲ့  ကလေးလက်လေးနဲ့  ချည်တဲ့ကြိုးဆိုတော့

ပြေကျပြီး  သားကြီးတစ်ယောက်  ရေစီးနဲ့အတူ  မျောပါသွားပါတယ်


ကျွန်တော်  ရင်ဘလောင်ဆူတာပေါ့  စိတ်တွေ ယောက်ယှက်ခတ်လို့

သားငယ်ကို  ချီထားရင်း  သားကြီး  မျောပါသွားတာကို ဒီတိုင်း  

ကြည့်နေလိုက်ရတော့တယ်  ကူမယ့်လူမဲ့ကယ်မဲ့လူမရှိ  အိမ်အကူ

ကောင်မလေးလဲ ပစ္စည်းထုတ်နဲ့  အတူ ရေစီးထဲမျောပါ  ပျောက်ကွယ်

သွားတော့တယ်    ခုထိ  ဖြေမဆည်နိုင်ဘူး  မျက်စေ့ ရှေ့ကမြင်ကွင်းကို 

ရင်နာနာနဲ့ ကြည့်နေရတာ  ခုချိန်ထိ ဒီအဖြစ်အပျက်ကို  ပြန်တွေးရင်း

မေ့ပျောက်လို့  မရသေးဘူး   ကျွန်တော်ခုထိ  စိတ်ထိခိုက်နေတယ်ဗျာ

ကျွန်တော်ပါတခါထဲ  သေသွားရင်ကောင်းသားဗျာ

12 comments:

  1. ဖြစ်ရပ်မှန်လေးပေါ့နော်
    ဘယ်မှာလဲ မန်းမြို့ပေါ်မှာလား

    ReplyDelete
  2. ဟုတ်
    ဖတ်လို့ ကောင်းတဲ့ အက်ဆေးလေး တပုဒ်ပါဘဲ

    ReplyDelete
  3. ဖခင်တစ်ယောက်ရဲ့ နာကျင်စရာ အဖြစ်ဆိုးပါ ......တကယ့်ကို စိတ်မကောင်းစရာပါ .. ဘေးအန္တရာယ် ခပ်သိမ်းမှ အမြန်ဆုံး ကင်းဝေးကြပါစေ .....

    ReplyDelete
  4. မနဲ့ထက်တူပါဘဲဗျာ

    ReplyDelete
  5. တင်ပါ့ အရှင်ဘုရား

    မန်းလေးတိုင်း

    ပထမအကြိမ် မိုးကြီးတော့ပါတာဘုရား

    ရွှေစာရံချောင်း ထဲကားပါမျောတယ်လေ

    ရွာအမည်မသိပါ ဘုရား




    ReplyDelete
  6. ဖြစ်ရပ်မှန်လေးကို ၀တ္ထုလေးသဖွယ် ဖော်ပြတာ ကောင်းပါ၏ ... ခံစား စာနာမိပါတယ် မမ ...။

    ReplyDelete
  7. ရေးတတ်သလိုလေး ရေးထားတာပါ။

    ကျေးဇူးတင်တယ် ကိုတိုးးး

    ReplyDelete
  8. ဟုတ်တယ် မဟေသီလေး

    သတ္တ၀ါအကုန် မေတ္တာပဲပို့နေရတော့တယ်........။

    ReplyDelete
  9. အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  10. ကျေးဇူးတင်တယ်နော့

    သနားရတာပေါ့ လူတွေရေမျော နေတော့နော်

    ReplyDelete
  11. ခံစားသွားပါတယ်။

    ReplyDelete
  12. နာဂစ် မှာ အဲလို သတိပေးချိန်တောင်မရခဲ့ ပါဘူး

    ReplyDelete