Pages

Monday, October 18, 2010

သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့


Hello from MaryHello from MaryHello from MaryHello from Mary Hello from MaryHello from Mary Hello from MaryHello from Mary

သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး

ဝါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။

ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ

မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည်

ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု

လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ

သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ

စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို

ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏

ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်

လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့်

လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊

ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ

ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက်

အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ

ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင်

ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ

ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌

ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော

သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ

အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။

သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ

အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့်

စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို

့ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊

ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။

တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့်

အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်

။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်

မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော

သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက

သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး

ပ၀ါရဏာပြုကြပါသည်။

ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း

မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ်

အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင်

မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို

ပူဇော်ကန်တော့လေ့ရှိကြ၏ ။

ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏

တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊

မာန်မာနကို နှိမ့်ချတတ်သော သဘော၊

အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း

သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော

အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊

သို့ဖြစ်ရာ မြန်မာပြည်များအားလုံး

ကောင်းသောအကြံ ၊

မှန်သောအကျင့် ၊

သင့်သောအယူ ၊

ဖြူသောနှလုံး ၊

သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ

နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။

ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို

ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊

အိုင်မင်းရေကြည်က .. ၊

ကြာငါးမည် ငုံအာစွင့်တယ်.. ၊

ဖူးပွင့်ချိန်ခါ .. ။

အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊

လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊

ပြာမှိန်လျက် မြူချေဆိုင်း .. ။

ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊

မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊

မျိုးမြန်မာတိုင်း။ ။

http://dhammaanalysis.multiply.com/journal/item/44
ဘုရားရှင်ဟာ သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာတရားဟောလို့

ပြီးဆုံးသွားတဲ့အခါတာဝတိံသာနတ်ပြည်ကနေလူပြည့်ကိုပြန်ဆင်းကြွတော်မူပါတယ်။

သိကြားမင်းက တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်သင်္ကဿမြို့အရောက်

စောင်းတန်းကြီး၃သွယ် ဖန်ဆင်းပေးပါတယ်။ လက်ျာဖက်ရွှေစောင်းတန်းကနေ

နတ်တွေခြံရံလိုက်ပါလာကြတယ်။လတ်ဝဲဖတ်ငွေစောင်းတန်းကနေ

ဗြဟ္မာတွေခြံရံလိုတ်ပါလာကြတယ်။အလယ်ပတ္ကမြားစောင်းတန်းကနေ ဘုရားရှင်က

ရောင်ခြည်တော်(၆)သွယ်လွှတ်ပြီး အံ့သြစဖွယ်တင့်တယ်စွာ သင်္ကဿမြို့အရောက်

ဆင်းကြွတော်မူခဲ့ပါတယ်။ အဲဒီလို နတ်ပြည်ကနေလူ့ပြည့်ကိုတင့်တယ်စွာ

ဆင်းကြီတော်မူခဲ့တဲ့ဘုရားရှင်ကို အာရုံပြုပြီး ယခုအခါ

သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဆီမီးတွေ ထွန်းညိုပူဇော်နေကြတာ

ဖြစ်ပါတယ်။ဒါကြောင့် သီတင်းကျွတ်လလည်းရောက်နေပြီဖြစ်သောကြောင့်

မိဘ၊ဆရာသမားများ၊သက်ကြီးရွှယ်အိုတို့အားပြုစု၍ကုသိုလ်တော်များရယူနိုင်အောင်

အသိပေး နိုးဆော်အပ်ပါသည်။





Hello from Mary
Hello from MaryHello from Mary Hello from MaryHello from MaryHello from Mary
Hello from MaryHello from MaryHello from Mary

33 comments:

  1. ဟုတ်..လာဖတ်သွားပါတယ်ဗျာ....

    ReplyDelete
  2. မမရေ ... ဖတ်သွားတယ်ပါရှင် .... မျှဝေပေးတဲ့အတွက် ကျေးဇူးပါ .....

    ReplyDelete
  3. လာရောက်ဖတ်ရှုကုသိုလ်ပွားသွားပါတယ်။။။

    ReplyDelete
  4. ကုသိုလ်.ယူတာပါ.........မဟေသီလေးရယ်

    မမ ကိုအားပေးတဲ့အတွက် ကျေးကျေးနော်..........မဟေ

    ReplyDelete
  5. ဟုတ်...လာပါ....နော့

    ReplyDelete
  6. ကုသိုလ်လေးးးးးးးလာမျှယူတာ.....လေးစား၏.။

    ReplyDelete
  7. သာဓု .......
    သာဓု .......
    သာဓု .......

    ReplyDelete
  8. ဖတ်သွားပါတယ်ဗျာ

    ReplyDelete

  9. [ Please click me tender ]


    အမရေလာဖတ်ပီး ကုသိုလ်တွေရသလောက်သယ်သွားတယ်

    ReplyDelete
  10. ကုသိုလ် မျှဝေမှုပါ....

    ReplyDelete
  11. ကုသိုလ်....မျှတာနော်...

    ReplyDelete
  12. ကောင်းတယ်...သယ်ပါ...ကောင်း၏

    ReplyDelete
  13. ပုံလေးတွေ ဆိုဒ်မှာသုံးဖို့  မသွား၏

    ReplyDelete
  14. ဖူးမြော်ကန်တော့သွားပါတယ်ဗျာ
    မမရဲ့အက်ဆေးလေးကိုလဲအားပေးဖတ်ရှုသွားပါတယ်
    သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ . . . .

    ReplyDelete
  15. စိတ်ချမ်းသာသလို မသွား ရ၏

    ReplyDelete
  16. မ..မ.အက်ဆေးမဟုတ်ပါ။

    လင့်ခ်တင်ပေးထားတယ်လေနော်..........

    .၃၁ဘုံကျင်လည်ကုန်သော သတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကျန်းမာကြပါစေ .......

    ReplyDelete
  17. မ.မ ရေ. ကျေးဇူးပါ။ ဘုရားလည်း ဖူးသွားပါသည်။
    ယူလည်း ယူသွားပါပြီ...

    ReplyDelete
  18. ယူသွားပါ....စနိုးလေး.သဘောနော်.....းD

    ReplyDelete
  19. မမ ရေ ဘုရားဖူးသွားတယ်နော်

    ReplyDelete
  20. မမရေ ဘုရားဖူးသွားတယ်နော်

    ReplyDelete

  21. [ Please click me tender ]

    မမ ရေ ဘုရားဖူးသွားတယ်နော်

    ReplyDelete
  22. ဖူးပါ..ကူးသွားရတယ်နော်...ဝေမျှပေါ့...

    ReplyDelete
  23. ဘုရားလည်းဖူး.ကူးသွားပေါ့နော့ ဝေမျှပေးပေါ့။

    ReplyDelete
  24. ဇာနည် လဲလာအမျှဝေ အဲ.လေ လာဘုရားဖူးသွားပါတယ်မမခိုင်
    မမခိုင် ကျေးကျေးနော် ဟဲး)

    ReplyDelete
  25. မမရေ့လာဖတ်သွားတယ်နော် ပုံတော်တွေလဲကူးယူသွားတယ်ခင်ဗျာ သာဓုပါ

    ReplyDelete
  26. အမောတကောနဲ့ရောက်လာပေမဲ့..
    ပုံတော်များရဲ့အေးချမ်းမူအရိပ်ကြောင့် ..စိတ်အေးချမ်းပြီးပြန်သွားရပါတယ်.
    ကျေးဇူး.......

    ReplyDelete
  27. ဘုရားဖူးရောက်လာပြီး ကုသိုလ်ယူသွားပါတယ် ခင်ဗျာ။
    မျှဝေမှုအတွက် သာဓု၊သာဓု၊ သာဓုပါ ခင်ဗျာ...။
    သတိုး(ကျုံတိုင်း)

    ReplyDelete
  28. ၀မ်းသာအားရ ကြည်နူးရပါတယ် ခိုင်ရေ ...

    ReplyDelete
  29. ဘုရားလာဖူးပြီး ကုသိုလ်ယူသွားပါတယ်ရှင် ...

    ReplyDelete
  30. မမရေ
    သီတင်းကျွတ်လပြည့်နေ.မှာ အမှတ်တရလာလည်သွားပါတယ်ဗျာ

    "ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း
    မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ်
    အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။"

    အရမ်းကို လေ့လာမှတ်သား အတုယူလိုက်ရပါတယ် မမရေ........

    ကျေးဇူးတင်စွာဖြင့်
    ကျော်နန္ဒထွန်း
    (23/10/21010)
    Saturday/12:15 PM

    ReplyDelete
  31. မမ ရေ မောင်လေးလဲဖတ်တယ်နော်

    ReplyDelete
  32. မမရေလာအားပေးသွားတယ်နော်ပြည်သားလေး

    ReplyDelete