Pages

Tuesday, October 19, 2010

♥♥ကမ်းသောလက်လေး♥♥

♥♥ကမ်းသောလက်လေး♥♥

မသိလဲခင်သိလဲမင်


ဘ၀ဟောင်းက


သံယောဇဉ်


သံယောဇဉ်တမျှင်တန်း


ရှင်ခန်းဘယ်သူဖြတ်နိုင်မယ်


စိတ်ဝယ်စွဲလမ်း


ရင်ထဲလွမ်းမိ


ကမ်းသောလက်လေး


မဖြုတ်စေ့ချင်


ဘ၀အကြိမ်ကြိမ်


ဆုံတွေ့ဖူးလို့


ဝေးတနေရာ


မောင်ရောက်နေလည်း


စွဲလမ်းနှောင်ရစ်


ချစ်ခြင်းဖြစ်တည်


ကြင်သူသိအောင်ပြောချင်သည်။

19 comments:

  1. ရေစက်ဟောင်းလေး နဲ့ ဆုတောင်းပါသူ အလွမ်းလေး ...

    ReplyDelete
  2. ပြော မယ်နော်..............းD

    ReplyDelete
  3. စိတ်ထဲ ရှိတာ ရေးချလိုက်တာပါ။

    ReplyDelete
  4. ရေစက်ဟောင်းနှင့် စွဲလန်းရစ်သူ
    ဘယ်သူကူလို့ ဖြေဖျောက်နိုင်လိမ့်
    ရင်သိမ့်သိမ့်တုန်....
    အတူဆုံမဲ့ နေ့သစ်တို့
    ရောက်ရှိနိုင်ပါစေဗျာ...

    ReplyDelete
  5. " ဝေးတနေရာ မောင်ရောက်နေလည်း စွဲလမ်းနှောင်ရစ်
    ချစ်ခြင်းဖြစ်တည် ကြင်သူသိအောင်ပြောချင်သည်။ "

    ပြောချင်ရင်လည်း သူကြားအောင် သာ အကျယ်ကြီး ပြောလိုက်တော့ .... :)

    ReplyDelete
  6. သက်ဆိုင်သူ ကြားသိနိုင်ပါစေ .....း)

    ReplyDelete
  7. ကျေးဇူး.အားပေးတာနော်.......

    ReplyDelete
  8. ဆုယူ ဆုတောင်း

    မှားတဲ့ ၀က္ကင်္ာပါ...

    သံသရာလည်သရွှေ့

    မမေ့နိုင်ပါ..

    အတိတ်ဝဋ်ကျွေး

    ပေးဆပ်နေတာ

    အတိတ်ဟောင်းပြန်ပြောင်းသိတော့

    လွမ်းမိရင်မှာ...

    ကြင်သူသိစေ့ချင်လှတာ

    ReplyDelete
  9. အော်လည်းမကြား

    ခေါ်လည်းမကြား

    အဝေးကမ္ဘာ သူရောက်နေတာ

    ကဗျာလက်ဆောင်ပါးပေးပါ။

    ReplyDelete
  10. မဟေသီလေးးးးးးးးး

    ပေးတဲ့ဆုပြည်ချင်၏

    ReplyDelete
  11. ကံကောင်းပါစေ မ...

    ReplyDelete
  12. လာအားပေးတာကျေးဇူးနော်.........

    ReplyDelete
  13. ယူထားသည်...ပေးသည့်ဆု....

    ReplyDelete
  14. ပြောလေ ပြောပေါ့  ပြောပါလား .. အဟီး

    ReplyDelete
  15. ပြောစေ လို့ ခွင့်ပြုတယ် ခွင်လွတ်တယ်ပေါ့

    ReplyDelete
  16. ဝေးတနေရာ

    မောင်ရောက်နေလည်း

    စွဲလမ်းနှောင်ရစ်

    ချစ်ခြင်းဖြစ်တည်

    ကြင်သူသိအောင်ပြောချင်သည်။

    မမရေ ပြောလိုက်နော်။

    ReplyDelete