Pages

Wednesday, August 25, 2010

အွန်လိုင်းပေါ်ကအချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု ။

အွန်လိုင်းပေါ်ကအချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု ။

အွန်လိုင်းအချစ်က ပိုဆိုးတယ်နော် ။ မျက်လုံးမမြင်ရဘူး ကြားခံနည်းပါးတယ်။
နှလုံးသားနဲ့ဦးဏှောက်တိုက်ရိုက်ရောက်တာ ။ အသည်းနုတဲ့လူ
စိတ်ထားဖြူတဲ့လူတွေ မေတ္တာငတ်နေတဲ့သူတွေ ၊ ဖော်ကွာဝေးနေတဲ့သူတွေအတွက်တော့
သိပ်ကိုစိတ်မကောင်းစွာနဲ့ရင်နာရပါတယ် ကြေကွဲရပါတယ် ငိုကြွေးရပါတယ်
ခံစားချက်တခုအတွက်ပေါ့လေ .. ဘယ်လိုခံစားမှုဖြစ်စေ အွန်လိုင်းပေါ်ကနေတွေ့သိကျတော့မမြင်ရဘူး
မကြားရဘူးအတွေ့ အထိမပါပဲ ချစ်နေတဲ့ အချစ်ပဲ ...။

အွန်လိုင်းအချစ်
အတွေ့ အထိပါနေရင်တောင် ဒါကိုသာယာလို့ ဖြစ်ချင်ဖြစ်နိုင်သေးတယ်
ဘာအတွေ့ အထိမှမရှိပဲ စိတ်ထဲကနေ ချစ်နေတဲ့အချစ် အင်းသေချာတယ်
တစ်ဖက်ကညာတာလည်း
မသိ
လိမ်တာလည်းမသိသူနဲ့ကိုယ်နဲ့ချစ်နေတာသာသိတာနော်
ဖြူစင်မှု ညစ်နွမ်းမှု သူပြောသလောက်ပဲ ကိုယ်ကသိရတာလေနော်
အွန်လိုင်းပေါ်ကနေ ခင်မင်ရင်နှီးချစ်ခင်မိကျတော့
အချိန်ကုန် စိတ်ပင်ပမ်းနွမ်းနယ် စားချိန်မေ့ အိပ်ချိန်မေ့
ဘယ်အချိန်များလာမလည်း
သူဘာလုပ်နေလည်း သူအတွက်စဉ်းစားပြီး စောင့်မျှော်နေရတယ်
ဒီကြားထဲ လိုင်းမကောင်းတော့လည်း စိတ်ပင်ပန်းရသေးတယ်
ထမင်းမကျက်သေးတဲ့အချိန်မှာ ဘေးနားမှာရှိနေတဲ့ ကလေး ဗိုက်ဆာလို့
အော်ငိုနေသလိုပေါ့ ။

ကိုယ်ကတွေ့ချင်ပြောချင် ဆိုချင်လိုင်းကမကောင်း တော်တော်စိတ်ပင်ပန်းစွာနဲံ့ချစ်ရတဲ့အချစ်ပါ....
သူငယ်ချင်းလေးအပေါ်ဖြစ်ဖြစ်.ချစ်သူရည်းစားအပေါ်ဖြစ်ဖြစ် ကိုယ်ကရင်ထဲရှိတာဖွင့်ဟပြောချင်သူတို့ မအားတာလား ပုန်းနေတာလား ဘလော့ထားလား စောင့်နေရင်း စိတ်မောစွာနဲ့ စစ်ကြည့်ရသေးတယ်လေနော် ကိုယ်ဘက်ကသာ ခင်မင်တွယ်တာနေတာ ချစ်ခင်ရင်းနှီးနေတာ
တဖက်လူကကိုယ့်ကိုရင်းနှီးချင်လား ခင်မင်ချင်လား
စကားပြောချင်လား တကယ်ချစ်လားဆိုတာ မသိပဲပြောဆိုနေကျရတာလေ ။
အွန်လိုင်းပေါ်ကနေ ဖြူဖြူစင်စင် တကယ်ချစ်နေတဲ့လူတွေအတွက်
သိပ်ကိုစိတ်မကောင်းစွာနဲ့ဖြစ်ရတာပေါ့နော် သူတို့ရင်ထဲမှာအပြင်ကသူငယ်ချင်းထက်
ပိုခင်မင်မိကျတယ် ရင်းနှီးမိကျတယ်။
ချစ်သူချင်းဆိုလည်း ချစ်တော့ချစ်တယ် ။ သူမရှိဘူးဆိုသလိုပဲ
သူဂျီတော့လေးစိမ်းနေရင်ပျော် ၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း
စိတ်မောစွာနဲ့ မျှော်နေကြရတာ အပြင်မှာချစ်တဲ့အချစ်ထက် ပိုဆိုးပါတယ်
အွန်လိုင်းကအချစ် တစ်ကယ်ချစ်တဲ့ လူတွေသိပ်ကို ခံစားကြေကွဲရတာကြတော့အပြင်မှာချစ်တဲ့ အချစ်ထက် သာပါတယ် ။
အတွေ့အထိ လွတ်ကင်းတယ်။
အမြင်အာရုံမပါဘူး စိတ်ခံစားမှု့ သက်သက်မို့ အွန်လိုင်းပေါ်ကအချစ်က တော်တော်ပြင်းထန်ပါတယ်
နှလုံးသားလေး တိုက်ရိုက်ဆက်သွယ်ထားပါတယ်။
ပြီးမှဦးဏှောက်ကို သတင်းပို့ပါတယ်။
နောက်မှတဆင့်တက် အသံလေးနားထောင် ဗီဇက်အိုလေးကြည့်
ရင်ထဲ တော်တော်ငြိပါတယ် ။
ဒါကြောင့်အွန်လိုင်းပေါ်မှာ လှည့်စားတာလိမ်ညာတာ
ကောက်ကျစ်တာ ဟန်ဆောင်တာ ၊ ပြောတာမယုံကြည်တာ
ပြောဆိုတာမှန်သမျှ ယုံကြည်နေကြတယ် တစ်ဖက်ကဟာသလုပ်နေတာ
တကယ်စနောက်နေတာ တစ်ဖက်ကပျင်းလို့ အပျင်းပြေရည်းစားစကား လိုက်ပြောနေကြတာ တကယ်အသည်းနုတဲ့သူ တွေ စိတ်ထားဖြူစင်တဲ့သူတွေ အွန်လိုင်းအချစ်မှာ ကြေကွဲရင်နင့်ရပါတယ် ငိုကျွေးမောပမ်းရပါတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ တကယ်ချစ်မိတဲ့သူ
တကယ်ခင်မင် တွယ်တာတဲ့သူ သူငယ်ချင်းမေတ္တာ ၊
ချစ်ခြင်းမေတ္တာ ငတ်နေသူ ဝေးတနေရာက ဝေးကွာနေသူတွေ ၊ ဖော်ကွာဝေးနေသူတွေအတွက်
စိတ်မကောင်းစွာနဲ့ ဒီစာလေးရေးမိခြင်းဖြစ်ပါတယ်
သူငယ်ချင်းတွေ ချစ်သူတွေ
သိရှိခံစားနိုင်ကျပါစေ
အားလုံးကိုရင်းနှီးခင်မင်စွာနဲ့ 
သူငယ်ချင်းများပျော်ရွှင်ကျမ်းမာကြပါစေ။

အချစ်အတွက်
~~~~~~~~
ဘ၀ကတိုက်ပွဲ ၊ အချစ်ကလိုက်ပွဲ..
လိုက်ပွဲက ဟင်းအရံပေါတယ်...
စားလို့  မမိန်ရင်မိန်တဲ့ဟင်းခွက်ကောက်နှိုက်စား ရတာဘဲ
တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ ကိုယ်တယောက်ထဲ
ကြံ့ကြံ့ခံ တိုက်ရတယ် ... ။
ဒီပွဲက
ကျွန်တော်ရှုံးတယ်ဆိုပြီးပြစ်ထားလို့ မရဘူး
နိုင်တယ် ဆိုပြီးလည်း ပျော်လို့ မဖြစ်ဘူး
နောက်တစ်ကြိမ် ဘယ်လိုပုံစံနဲ့ 
လာမလည်း ကိုယ် မမြင်မသိဘူးနော်
လာလာသမျှ လောကဓံ
ကြံကြံခံနိုင်ဖို့လိုအပ်တာပါ.........။။

34 comments:

  1. ဘ၀ကတိုက်ပွဲဆိုတာတော့မှန်ချင်မှန်မယ်...အချစ်ကလိုက်ပွဲဟုတ်ဘူး....ခယ်မကလိုက်ပွဲ...ဟီး
    ပျော်ရွှင်ဖွယ်ပါစေမမ
    လာရောက်လည်ပတ်သွားပါတယ်
    အားပေးနေတယ်..

    ReplyDelete
  2. အမှန်တရားတွေကို ဖွဲ့နွဲ့ရေးပြသွားတာ လက်ခံပါတယ်

    ဒါပေမဲ့...အချစ်ဆိုတာကလည်း

    လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲလေ

    မြန်မာနိုင်ငံလို လူအခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံမှာ

    အချစ်ကိုထပ်ပြီးတော့ ကန့်သတ်ချုပ်နိုင်မှုတွေနဲ့

    ထပ်ပြီးတော့ မချုပ်ချယ်လိုက်ပါနဲ့ဗျာ....


    ReplyDelete
  3. ခယ်မကလိုက်ပွဲဆိုတော့..................

    မောင်လေးကို.........ဟိုးးးးးးးးးးးးးးးးးး
    ဝေးးးးးဝေးးးးးးးကနေ...........မ.မ........ရှောင်ပါတယ်။

    မိဘရှင်များးးးးးးးးးးသတိထားပါ..........ပြေးနိုင်မှလွတ်မယ်နော်.............။

    ခင်လွန်းလို့ စတာပါ။။။။။။။။


    ReplyDelete
  4. (သူဂျီတော့လေးစိမ်းနေရင်ပျော် ၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း)

    (အွန်လိုင်းပေါ်မှာ လှည့်စားတာလိမ်ညာတာ
    ကောက်ကျစ်တာ ဟန်ဆောင်တာ ၊ ပြောတာမယုံကြည်တာ
    ပြောဆိုတာမှန်သမျှ ယုံကြည်နေကြတယ် တစ်ဖက်ကဟာသလုပ်နေတာ
    တကယ်စနောက်နေတာ တစ်ဖက်ကပျင်းလို့ အပျင်းပြေရည်းစားစကား လိုက်ပြောနေကြတာ တကယ်အသည်းနုတဲ့သူ တွေ စိတ်ထားဖြူစင်တဲ့သူတွေ အွန်လိုင်းအချစ်မှာ ကြေကွဲရင်နင့်ရပါတယ် ငိုကျွေးမောပမ်းရပါတယ်။)

    မမရေးတာအမှန်တွေပါ။ မမက အချစ်ကိုကန့်သတ်တာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်ချစ်နိုင်ပါတယ်။ သူတပါးစိတ်ကိုထိခိုက်မယ့်အချစ်မျိုးမဖြစ်နိုင်အောင်ပါ။ ကိုယ်တကယ်မချစ်နိုင်ရင်သူတပါးကို ဒုတ်ခမပေးနိုင်အောင်ပါ။

    ReplyDelete
  5. တစ်ဖက်သတ်အချစ်ကဆိုးပါသည်....


    ကိုယ်ပိုင်လူတစ်ယောက် အခွင့်အရေး နှလုံးသားရေးမို့

    မင်းစိတ်မင်းသဘော.........။

    မင်းစိတ်နဲ့ မင်းးး

    မင်းရင်ထဲကချစ်ချင်းးး


    မြန်မာနိုင်ငံလို လူအခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံမှာ

    မင်းအခွင့်အရေး မင်းးသဘောနော့

    မမ အပြစ်မပြောပါ။

    ReplyDelete
  6. မ.မ သိနိုင်လှချည်လား....... မ.မ နော် ဟိ တွေ့နေလား.......စတာနော်
    ချိတ်ချိုးနဲ့....... ချိတ်ချိုးရင်...ကြိတ်ပိုးခံရမယ်.........ဟီးးးးးးးးးးးးးးးးးးးးး

    ပျော်ရွှင်ပါစေ.... မ. မ

    ReplyDelete
  7. ဟုတ်တယ်အိမ်လေးရေ..

    .မမြင်ရဘဲချစ်ကြ ငိုနေကြတာတွေ

    လွမ်းနေကြတာတွေ မြင်နေသိနေ ကြုံနေတာမို့ပါ.........။

    မ.....ကိုယ်တွေ့ပါ။

    ဒါအမှန်တရာပါ။

    ReplyDelete
  8. ကောင်းသောကဗျာတပုဒ်နော်
    ဟုတ်တယ်ဗျာမမရေ
    ကျနော်တိုကတော..............
    မျှော်ရမယ်သူမရှိပေမယ်လည်း
    သူငယ်ချင်းမျှော်ရတာတခါတခါမောတယ်နော်

    ဘယ်သူတွေလည်း
    သူတိုကတော....အချစ်တော်နဲ.................naingminoo.multiply.com
    နေတိုင်းမတွေမိမေးနေရကျတာလေ
    နေမကောင်းမကောင်းလေ
    စိတ်တော.မောရတယ်နော်၏
    ဂျီတော.တော.သိပ်မပြောတော.
    ကျန်တာတွေတော.မခံစားရပါဘူးလေ
    မမကဗျာလေးဖတ်ရတော.ပိုသတိရနေတာလေ
    သူတိုကိုလေ
    ခင်မင်သောပြည်သားလေ

    ReplyDelete
  9. ချိတ်ချိုးနဲ့..ဆိုတော့..... ချိတ်ချိုးရင်.ဟာ.ဟားးးးးးးးးးးး

    ..ကြိတ်ပိုးခံရမယ်.......မမ ကျောက်တတ်တယ်နော်.....

    .......ဟဟားးးးးးးးးးးခင်လို့စတာနော်

    ReplyDelete
  10. ဟုတ်တယ်ဗျာမမရေ
    ကျနော်တိုကတော..............
    မျှော်ရမယ်သူမရှိပေမယ်လည်း
    သူငယ်ချင်းမျှော်ရတာတခါတခါမောတယ်နော်

    ဘယ်သူတွေလည်း
    သူတိုကတော....အချစ်တော်နဲ.................naingminoo.multiply.com

    ကြားရာအရ့ပ်က အမြန်ဆက်သွယ်ပေးလိုက်ပါ။

    သတိရနေတဲ့ သူငယ်ချင်းလေးတွေ ချစ်သူလေးတွေ

    အလွမ်းတွေဝေးးးးးးးးးပါစေ.........။

    ReplyDelete
  11.ုဟုတ်ဒယ်
    မှန်ဒယ်
    ထောက်ခံဒယ် :D

    ReplyDelete
  12. အမှန်ပါ........တကယ့်အမှန်တွေပါ........ကျေးဇူးတင်၏။

    ReplyDelete
  13. ပိုခင်မင်မိကျတယ် ရင်းနှီးမိကျတယ်။
    ချစ်သူချင်းဆိုလည်း ချစ်တော့ချစ်တယ် ။ သူမရှိဘူးဆိုသလိုပဲ
    သူဂျီတော့လေးစိမ်းနေရင်ပျော် ၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း
    စိတ်မောစွာနဲ့ မျှော်နေကြရတာ အပြင်မှာချစ်တဲ့အချစ်ထက် ပိုဆိုးပါတယ်
    အွန်လိုင်းကအချစ် တစ်ကယ်ချစ်တဲ့ လူတွေသိပ်ကို ခံစားကြေကွဲရတာကြတော့အပြင်မှာချစ်တဲ့ အချစ်ထက် သာပါတယ်

    လေးကိုပိုပြီးခံစားသွားပါတယ် မ မ

    ReplyDelete
  14. ဟားးးးးးထောက်ခံမဲတွေ အများကြီးရပြီ......................းD

    ReplyDelete
  15. ဒါကြောင့် အွန်လိုင်းပေါ်က အချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု ။

    လေးကိုရေးထားတာပါ။

    မောင်လေးတွေချစ်သူကိုမျှော်သူငယ်ချင်းကိုမျှော်

    ညီမလေးတွေ ချစ်သူကိုမျှော်
    သူငယ်ချင်းကိုမျှော်နေကျတာလေးတွေ
    ရင်ထဲခံစားရလို့ ပါသူတို့အစားရော
    မမ ကိုယ်တိုင်ရောပေါ့နော်...

    အကြောင်းအမျိုးမျိုးကြောင့်

    အဝေးးးးးးးးးးးတစ်နေရာကဝေးးးးးးကွာနေသူတွေနားလည်နိုင်ပါစေ။

    ReplyDelete
  16. ကျေးဇူးသူငယ်ချင်း....။

    ReplyDelete
  17. အရမ်းကောင်းတယ်ဗျာ
    မမရင်ထဲက၇ှိတာကိုရေးတာလား

    ReplyDelete
  18. ဟုတ်ပါတယ်...

    ကိုယ်တိုင်ရော..သူငယ်ချင်းတွေရော....

    ထပ်တူထပ်မျှ နှလုံးသားနုနုလေးတွေ မနာကျင်အောင်

    မကျေကွဲအောင်ရေးထားတာပါ။

    ReplyDelete
  19. ~~~~~~~~
    ဘ၀ကတိုက်ပွဲ ၊ အချစ်ကလိုက်ပွဲ..
    လိုက်ပွဲက ဟင်းအရံပေါတယ်...
    စားလို့  မမိန်ရင်မိန်တဲ့ဟင်းခွက်ကောက်နှိုက်စား ရတာဘဲ
    တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ ကိုယ်တယောက်ထဲ
    ကြံ့ကြံ့ခံ တိုက်ရတယ် ... ။
    ဒီပွဲက
    ကျွန်တော်ရှုံးတယ်ဆိုပြီးပြစ်ထားလို့ မရဘူး
    နိုင်တယ် ဆိုပြီးလည်း ပျော်လို့ မဖြစ်ဘူး
    နောက်တစ်ကြိမ် ဘယ်လိုပုံစံနဲ့ 
    လာမလည်း ကိုယ် မမြင်မသိဘူးနော်
    လာလာသမျှ လောကဓံ
    ကြံကြံခံနိုင်ဖို့လိုအပ်တာပါ.........။။

    "ကယ်ခင်မင် တွယ်တာတဲ့သူ သူငယ်ချင်းမေတ္တာ ၊
    ချစ်ခြင်းမေတ္တာ ငတ်နေသူ ဝေးတနေရာက ဝေးကွာနေသူတွေ ၊ ဖော်ကွာဝေးနေသူတွေအတွက်..."


    ဝါလာဝေရ်းးးးး
    ကောင်းလိုက်တာ.... ဟတ်ထိတယ်ဗျို့

    ReplyDelete
  20. အော်......မ.မ...တကယ်ခံစားပြီးရေးထားတာတွေပါ။

    တိုက်ဆိုင်မှာပေါ့ ..နှလုံးသားလှသူတိုင်း

    တိုက်ဆိုင်မှာပါ........။

    မေတ္တာ အကြင်နာ ရှိတဲ့သူတိုင်းသိပါတယ်...........။

    ReplyDelete
  21. အဲဒါ ဟုတ်တယ်နော် ....
    ကိုယ်ခင်မင်ရတဲ့သူတွေ ကိုယ့်ကို စကားမပြောဖြစ်ပေမယ့်
    ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် ကျေနပ်နေကြမှာပါ .....

    ReplyDelete
  22. သြော် မရယ် ရေးတတ်လိုက်တာ
    မမ၇င်ထဲ ကစကားတွေက ထိတယ်နော်

    ReplyDelete
  23. ဟုတ်ပါတယ်...သူတို့ က..မ.မ...မအားရင်လည်း

    ဂျီတော့လေးပေါ်နေတော့တော်သေးတယ်ဆိုတော့

    မ..မ..စိတ်မကောင်းဖြစ်ရပါတယ်..ဖြူဖြူစင်စင်ခင်ကျတာနော်

    မမြင်ဘူးပါဘူး...စကားလည်းဘယ်သူမှ

    မ..မ..မပြောအားပါဘူးးးးဒါတောင်ခင်နေကျတာဆိုတော့

    မသူတို့ ကိုအားနာပါတယ်စိတ်ထဲလည်းမကောင်းဖြစ်ရပါတယ်ဒါကြောင့်ရေးထားမိတာပါ....။

    ကိုယ်လည်းဒီလိုပါဘဲ

    သူတို့ပျောက်နေရင်လိုက်ရှာနေမိပါတယ်.......။
    ဘာများဖြစ်နေတာလည်းနေမှကောင်းရဲ့လားနဲ့စိတ်ပူမိနေပါတယ်။
    အားလုံးကိုခင်မင်ပါတယ်နော်....လေးစားပါတယ်.....သံယောဇဉ်ရှိပါတယ်....။

    ReplyDelete
  24. မမ
    ခံစားချက်လေးတွေကို ကျနော်လာရောက်ခံစားသွားပါတယ်။

    ကျော်နန္ဒ

    ReplyDelete
  25. တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ ကိုယ်တယောက်ထဲ
    ကြံ့ကြံ့ခံ တိုက်ရတယ် ... ။
    ဒီပွဲက
    ကျွန်တော်ရှုံးတယ်ဆိုပြီးပြစ်ထားလို့ မရဘူး
    နိုင်တယ် ဆိုပြီးလည်း ပျော်လို့ မဖြစ်ဘူး
    နောက်တစ်ကြိမ် ဘယ်လိုပုံစံနဲ့ 
    လာမလည်း ကိုယ် မမြင်မသိဘူးနော်
    လာလာသမျှ လောကဓံ
    ကြံကြံခံနိုင်ဖို့လိုအပ်တာပါ.........။။

    မှန်တယ်သူငယ်ချင်းရယ်
    မမြင်ရတဲ့လောကဓံတရားတွေကိုခံနိုင်ဖို့
    ကြံ့ခိုင်ဖို့ကအရေးကြီးဆုံးပါပဲ
    ပျော်ရွင်ပါစေ သူငယ်ချင်းလေး

    ReplyDelete
  26. အားပေးမှုလေးစားပါတယ်.........။

    ReplyDelete


  27. သူငယ်ချင်းလေးလဲပျော်ရွှင်ပါစေ ကျမ်းမာပါစေ

    ပျော်ရွင်ပါစေ သူငယ်ချင်းလေး

    ReplyDelete
  28. ထိအောင်ရေးတာမဟုတ်ပါဘူးးးးး

    သိအောင်ပြောတာပါ........။

    ReplyDelete
  29. ဖတ်သွားပါတယ်ဗျာ

    ReplyDelete
  30. ဘ၀ကတိုက်ပွဲ ၊ အချစ်ကလိုက်ပွဲ..
    လိုက်ပွဲက ဟင်းအရံပေါတယ်...
    စားလို့  မမိန်ရင်မိန်တဲ့ဟင်းခွက်ကောက်နှိုက်စား ရတာဘဲ
    တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ ကိုယ်တယောက်ထဲ
    ကြံ့ကြံ့ခံ တိုက်ရတယ် ...

    အားပေးသွားတယ်နော် .........

    ReplyDelete
  31. ဖတ်ချင်ယောင်ဆောင်သွားပါတယ်... ဟီးဟီး

    ReplyDelete
  32. မမရေ ... ဘာပဲဖြစ်ဖြစ် ကိုယ်က မှန်နေလိုက်တာကိုပဲ မြတ်နိုးမိပါတယ် ..။ ရှင်းလို့ရပေမယ့် အရှင်းမခံတဲ့ ပုစ္ဆာတွေ
    အတွက် ..အဖြေဟာ ပုစ္ဆာတွေပဲဖြစ်နေအုံးမယ်ဆိုတာ တွေးမိတိုင်း အဖြေဆိုတာ တရားဝင်လိုင်းပေါ်မှာပဲ တည်ရှိနေတယ်ဆိုတာ နားလည်ခဲ့ရတယ် ...။ ဒီစကားတွေကို သက်ဆိုင်သူတစ်ယောက်သာ အလုံးစုံနားလည်နိုင်ပါလိမ့်မယ် မမရေ ...။ မမတော့ အနော်က လာရစ်တယ်လို့မထင်နဲ့နော် ... ။ မမက ဒါတွေ ရေးနေတော့ သူ့ကို နင့်နင့်နဲနဲသတိရမိတယ် ..။

    ReplyDelete