Pages

Wednesday, September 1, 2010

ဆောင်းရင်ခွင်.....


နှင်းတွေလဲဝေ
မောင်ချမ်းနေတယ်
အကဲမပိုပါဘူး
ဖော်ဝေးနေတယ်
မေရယ်တူတူနေချင်လှပေါ့
မောင်လွမ်းနေတယ်။နှစ်ဘ၀တောင်
ချစ်ဘူးတယ်နော်

မေ...ပြစ်မထားနဲ့  ယုယကြင်နာ
နော့ခဲ့လေဟန်  ကလူကြည်စယ်
မြူစွယ်သလို  မောင် ...မမူးပါဘူး
ချစ်လွန်းတယ်နော်
တသက်မခွဲ လက်တွဲထားမယ်
သူငယ်ချင်းလဲရှိဘူးနော်။
ငါ့ရင်ခွင်ထက် 
ကဗျာလေးတပုဒ်

လာရေးသွားတယ်  နှလုံးတွေခုန်
ရင်တွေတုန်ပေါ့   ကဗျာလေးတစ်ပုဒ်က
မေ့......အသက်ကို နုတ်နိုင်တယ်။


ချစ်သူလေလား

ဝိုးတ၀ါးနဲ့  ထင်ယောင်မှတ်မှား
မောင်....လွမ်းနေလား
ဆောင်း နှင်း မြူဝေ
မောင်....လွမ်းနေတော့
ထွေးဖက်ထားနော်

နောင်ဘ၀က
ချစ်ဖူးတယ်ထင်

မေ့...စိတ်ဘ၀င် ကြင်နာမိပေါ့
တစ်ကမ္ဘာခြားလဲ  စိတ်ထဲနီးနေ
စိတ်ခြင်းဆက်သွယ်  ဖက်လိုက်လေနော်
လွမ်းမိရင်မှာ
နှောင်တွယ်ရစ်နွယ်

တိမ်လေသဏ္ဍန် မေ့..စိတ်မှတ်မှား
ဆောင်းနှင်းမြူဝေ ချစ်သူရှိရာ
မောင်ရဲ့ထံပါး ရောက်နေမိတယ်
နှင်းတွေဝေလဲနွေးပါတယ်
အကဲမပိုဘူးနော်..

ချစ်တာမှအသည်းပင်ကြွေလောက်ပါရဲ့..
ကြင်သူမသိလောက်ပါဘူး..
သည်ဆောင်းရင်ခွင်........။

21 comments:

  1. လာဖတ်သွားပါတယ် မ မ

    ReplyDelete
  2. အားပေးမှုကိုလေးစားပါတယ်.........။

    ပျော်ရွှင်ပါစေ ကျမ်းမာပါစေ။

    ReplyDelete
  3. ဆောင်းရင်ခွင်.....ဆီ လာသွားတယ် မ.မ

    ReplyDelete
  4. မမရေ ဒီကဗျာလေးကိုအရမ်းသဘောကျပါတယ်

    ReplyDelete
  5. ကဗျာလေးကို အားပေးသွားပါတယ်ရှင် ....

    ReplyDelete
  6. Video ♥I miss U.wmv ♥
    ♥♥♥♥♥♥လွမ်းနေတယ်♥♥♥♥♥♥

    နားထောင်နော်..ခဏ

    http://yinminkhine.multiply.com/video/item/4

    ReplyDelete
  7. ဆောင်းရင်ခွင်လေး..ကိုအရောက်လာတာ...ကျေးဇူးအထူးတင်ပါတယ်....။

    ReplyDelete
  8. ဆောင်းရင်ခွင်........ကဗျာလေးကို .............

    အားပေးတာအထူးကျေးဇူးတင်ပါတယ်...............။
    ပျော်ရွှင်ပါစေ ကျမ်းမာပါစေ။

    ReplyDelete
  9. ဆောင်းရင်ခွင်ကို
    ချိန်မနှောင်းခင် ပြန်လာပါ ခင်...ရယ်
    ခင်မရှိတဲ့ ဆောင်းမှာ
    ကိုတစ်ယောက်တည်းနေမတတ်လို့
    သေမတတ်ဖြစ်နေရတယ်....
    ခင်ရင်ခွင် အနွေးဓာတ်နဲ့
    ကို့ အသက်ဆက်လည့်ပါ ....ခင်...

    ReplyDelete
  10. လာချင်သော်လည်းးးအလာခက်တယ်

    မောင်....နေတဲ့နေရာ နှင်းတွေဝေဖြာ

    မေ..နေတဲ့နေရာ နှင်းပျောက်နေတာ

    စိတ်ကူးအိမ်မက် ဆောင်းနှင်းမြူဝေ

    ချစ်သူနေတာ.............။

    ReplyDelete
  11. လာချင်ရင် အနီးလေး
    မလာချင်ရင်တော့ နှင်းတွေကာလိမ့်မပေါ့
    ဆောင်းရင်ခွင်မှာ မခိုလှုံချင်လို့ ခင် ဆိုတဲ့စကား
    စိတ်ကူးတွေကြားမှာ နှင်းတွေဝေရင်း
    လွမ်းနေရတယ်....
    ပြန်လာပါ ခင် ရယ်....

    ReplyDelete
  12. မောင် လွမ်းနေလား

    မောင် မျှော်နေလဲ

    နီးနီးဝေးဝေး ချစ်သူရှိရာ

    အလာခက်တယ် နှင်းတွေနဲ့ဝေ

    မောင်လွမ်းနေလဲ မေရှိတဲ့နေရာ

    မောင်ချစ်ခဲ့ရင် အရောက်လာပါ။

    ReplyDelete
  13. လာလည်ရင်ပေးခဲတာနော်မမ
    ခုတော့လည်း နှုတ်ခမ်းပေါင်းများစွာကနေ မောင့်ကို မောင်လို့ ခေါ်နေပါရောလား မောင်ရယ်...
    . . .

    အမြတ်တနိုးနဲ့
    ကျွန်တော့်ကို
    မောင် လို့ခေါ်ပါလားတဲ့

    ကဗျာ့ရဲ့ နှုတ်က
    မောင် လို့ထွက်တဲ့
    စကားသံလေးကို
    မြတ်နိုးလို့တဲ့

    ကဗျာကလွဲလို့
    ကျွန်တော့်ကို
    ဘယ်သူမှ
    မခေါ်စေရဘူးတဲ့

    အခုတော့လည်း.......မောင် ဆိုတဲ့
    စကားလေးဟာ
    နှုတ်ခမ်းပေါင်းများစွာကနေ
    ထွက်ကျနေပါရာလား မောင်ရယ်...............................

    ReplyDelete
  14. မောင်လို့ ခေါ်ပါရစေနဲ့နော်...
    မှောင်တာတွေကမည်းလို့
    လမ်းများမှာစမ်းတ၀ါးဝါး
    အနမ်းခါးတွေရောလို့
    စကားများနဲ့ မနှောပါနဲ့တော့လား
    ခုတော့လည်း .....
    နှုတ်ခမ်းပေါင်းများစွာက
    မထွက်ရတဲ့စကားတွေ
    တောင်းခံနေပါရော့လားးးးး

    ReplyDelete
  15. လွမ်းမိရင်မှာ
    နှောင်တွယ်ရစ်နွယ်
    တိမ်လေသဏ္ဍန် မေ့..စိတ်မှတ်မှား
    ဆောင်းနှင်းမြူဝေ ချစ်သူရှိရာ
    မောင်ရဲ့ထံပါး ရောက်နေမိတယ်
    နှင်းတွေဝေလဲနွေးပါတယ်။

    အိမ်လေးလည်းနွေးနေတယ်လေ မမရယ် နော်...။။










    ReplyDelete
  16. **လွမ်းနေတယ်**....http://yinminkhine.multiply.com/video/item/4

    ဆောင်းဆန္ဒ.......

    နှင်းတွေလဲဝေ..
    မေရယ်အတူနေချင်လှပြီရယ်လို့..
    အကဲမပိုလောက်ပါဘူး..
    ချမ်းတာမှအသည်းပင်ကြွေလောက်ပါရဲ့..
    ကြင်သူမသိလောက်ပါဘူး..
    သည်ဆောင်းမို့ပင်...။

    မောင်လွမ်းနေလား...
    ဆောင်းနှင်းမြူဝေ..
    နှင်းမှုံတွေနဲ့...
    မောင်လွမ်းနေလား...
    မော့င်ကိုစောင့်မျှော်...
    နှင်းလေးတွေတောင်..
    မကြုံစဖူး...
    မိုးမျက်ရည်တွေ
    ရွာနေတယ်........။

    ReplyDelete
  17. ဒီကဗျာလေးအရင်နေ့က မျက်စိရှန်းလို့ မတွေ့ဘူး အခု တော့ တွေ့တာ ကျေးဇူးအရမ်းတင်ပါတယ် မမရယ်
    ဒါလေး ဖတ်လိုက်တာ သတိလဲရသွားတယ် ။ အရမ်းလဲ ချစ်ဖူးခဲ့ ပါတယ် ။အခုတော့ နတ်ဆိုးတစ်ကောင်ဖြစ်သွားတာပဲ အဖတ်တင်တယ် ။ အဲတည်း က ပါပဲ အခုထိ ချစ်တဲ့ သူတိုင်းညားကြပါစေလို့ပဲ ဆုတောင်းပေးနေပါတယ် ။မမရေ တစ်ကယ် ပါ ကျေးဇူး ပါပဲ

    ReplyDelete
  18. သွေးဖတ်သွားပါတယ်ဒါပေမဲ့အပေါ်ကသူတွေလိုမရေးတက်ဖူးနော်မ.....မ..သွေးကဘဝသမားဖြစ်တော့ကဗျာအနှအလှတွေမရေးတက်ဖူးနော်ခံစားတက်ပါတယ်
    မ...မကဗျာကတော့သွေးရင်ထဲးထိရောက်သွားပါတယ်နော်မ....မစိတ်ချမ်းသာပါစေနော်.................

    ReplyDelete
  19. ဆောင်းအိပ်မက်ပေါ့ ........??

    ReplyDelete
  20. မိုက်တယ် မမ ကဗျာ က

    ReplyDelete