Pages

Saturday, August 7, 2010

တိတ်တိတ်လေး

တိတ်တိတ်လေး
သူကျေကွဲနေ
တိုးတိုးလေး သူငိုရှိုက်နေ
သူရင်ကွဲကျေ နာကျင်နေတယ်
တမင်ဟန်ဆောင်
သူပြုံးနေလည်း
သူရင်ထဲကို ထွင်းဖောက်ဝင်ရောက်
ငါ.မြင်ရတယ်..
သူရင် ကွဲကျေ
နာကျည်း နေတယ်..
သူရင်ကွဲကျေ ၀မ်းနည်းနေတယ်...
လောကထဲမှာ သူ မပျော်လည်း
သူများ ပျော်ဖို့
သူဖြည့်စွမ်းတယ်
သူများ အတွက် သူငဲ့ကွက်တယ်
သူ့အချစ်
သူ့အသဲ ဘယ်သူ့ အတွက်လည်း
သူချစ်နေတာ
သူသာ သိတယ်
သူချစ်နေတော့ရင်လာ ထိတယ်
သူများပျော်ရင်
သူပြုံးနေတယ်
သူ့ရင်ခွင်ကို ငါဝင်ကြည့်တယ်
ဂျိုကာလေးလို ပျော်တော် ဆက်တယ်
သူအရိပ်လို
ငါဖြစ်နေတယ်
သူပြုံးရွှင်မှ ငါပျော်ပါတယ်
သူပျော်ပါစေ တောင်းဆု ဆိုတယ်
သူ့ရဲ့ အရိပ် ငါဖြစ်နေတယ်
ငါချစ်နေတာ
ငါသာသိတယ်
ဖွင့်ပြောဖို့လည်း ခက်နေတယ်
တိတ်တိတ် လေးပဲ နေလိုက်တော့မယ်...။
ချစ်သူရယ်။


 

7 comments:

  1. တိတ်တိတ် လေးဖတ်သွားပါတယ်

    ReplyDelete
  2. ``တိတ်တိတ်လေးပဲနေလိုက်တော့´´ ဒါပေမယ့်ကဗျာတွေတော့ရေးဦးနော်

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)

    ReplyDelete
  3. တိတ်တိတ်လေးပဲ နေတာ့မှာလား .... အားပေးသွားပါတယ်ရှင် ....

    ReplyDelete
  4. ဖတ်သွားတယ်နော် မ တိတ်တိတ်လေးတော့မကြေကွဲနဲ့နော်ရင်ဖွင့်လိုက်လို့

    ReplyDelete
  5. ပင်ပန်းလိုက်တာ မ.မ ရယ်...

    ReplyDelete
  6. လွမ်းတရ်
    မတွေ့ရရင်
    ဆွေးဆွေးမြေ့မြေ့ လွမ်းတရ်။

    လွမ်းတရ်
    တွေ့ရခါနီးရင်
    တွေးတွေးပြီး လွမ်းတရ်။

    လွမ်းတရ်
    တွေးလိုက်ရင်
    ရင်ထဲနွေးအောင် လွမ်းတရ်။

    လွမ်းတရ်
    တွေ့ပြန်ရင်လဲ
    ငေးငေးပြီး လွမ်းတရ်။

    လွမ်းတရ်
    တွေ့ပြီးရင်လည်း
    ဝေးသွားမှာ လွမ်းတရ်။

    လွမ်းတရ်
    မတွေ့နိုင်တော့တဲ့ခါ
    မျိုသိပ်ရင်းနဲ့ လွမ်းတရ်။

    လွမ်းတရ်
    အခွင့်မရှိတော့တဲ့ခါ
    သူလာတဲ့လမ်းမျှော်ကြည့်ရင်းနဲ့ လွမ်းတရ်။

    လွမ်းတရ်
    လမ်းမရှိတော့တဲ့ခါ
    ပြန်သွားရင်းနဲ့ လွမ်းတရ်။

    လွမ်းတရ်
    အရိပ်တစ်ခုလိုဖြစ်နေရင်းနဲ့
    သူပျော်နေတာ ကြည့်ရင်း လွမ်းတရ်။

    လွမ်းတရ်
    မိန်းမသားမို့
    တိတ်ဆိတ်စွာ ချစ်ရင်း လွမ်းတရ်။




    ReplyDelete
  7. တိတ်တိတ်လေးပဲ ချစ်သွားမယ်ပေါ့.....

    ReplyDelete