Pages

Sunday, August 15, 2010

*~~~~~မြတ်သောနိဗ္ဗာန်~~~~~~~* ~~~လျှောက်လှမ်းချိန်~~~~~~~မှောင်မိုက်ခြင်း~~~~~````~~~အံချော်ခြင်း~~~```````

*~~~~~မြတ်သောနိဗ္ဗာန်~~~~~~~*

တော်ရုံလူသား မမြင်ငြားပဲ

သံသရာ ၀ဋ်ဆင်း အပါယ်ကင်းပြီ
အိုနာသေဘေး တဖန်းဝေး၍
ထိုမှ တဖန် အေးချမ်းရာမှန်
ဘုရားရှင်ပင် ကျွတ်တန်းဝင်လျှင်
နိဗ္ဗာန်လမ်းသို့လမ်းကြွသည်
နတ်ပြည်ခြောက်ထပ် တပ်မက်စရာ
ထင်အပ်သော်လည်း နတ်သက်ကြွေလျှင်
သံသရာရဟတ် ပြန်ပတ်ရသည်
ထိုထိုဆိုလျှင် နိဗ္ဗာန်ဟူသည်
နတ်များပင်လျှင် မစွမ်းနိုင်ရာ
ငြိမ်းချမ်းရာမှန် ဖြစ်ပါလိမ့်တည်း။
ကောင်လေး



 ~~~လျှောက်လှမ်းချိန်~~~

ဆာလောင်ခြင်းလမ်းပေါ်လျှောက်နေချိန်
ယုံကြည်မှုတွေပဲ ခလုတ်တိုက်နေရတယ်
ခြေထောက်တွေလဲ ယိုင်နဲ့နဲ့ပါပဲ..
ဝမ်းနည်းမှုအဆင့်ကို ကျော်လွန်ပြီးချိန်
ရေတစ်ခွက်ကို ကျေးဇူးတင်တတ်လာတယ်
ခြင်တစ်ကောင်ရဲ့ ထိုးနှက်မှုကိုတော့ ငြီးငြူမိတုန်းပါပဲ
တောင်ပံတပ်ခံရတဲ့ဘ၀ထဲမှာ စက်ရုပ်လူသားတွေ အလုပ်လုပ်နေကြလေရဲ့
ခပ်စောင်းစောင်းလူသားတွေကတော့ ခပ်ရွဲ့ရွဲ့လှုပ်ရှားနေကြတယ်
ဝံပုလွေတစ်ကောင်လောက်မှ အဖြစ်မရှိတဲ့ အတွေးအခေါ်မျိုးနဲ့
ယုန်ဖြူတစ်ကောင်လို.. အကူအညီပေးဟန်ဆောင်ပြီးမှ
လူလူချင်းနင်းလျှောက်ချင်နြေ
ကတယ်
အတွေ့အထိလောက်ပဲ သာယာတတ်ရင်တော့
ညဉ့်ငှက်တစ်ကောင်ဆီက ကူညီမှုနဲ့တင်လုံလောက်နိုင်ပါတယ်
အဖော်အဖြစ်တော့ ပုတ်သင်ညိုကိုခေါ်သွားလိုက်ပါ..
ဆုံးဖြတ်ချက်တစ်ခုအတွက် အကြိမ်ကြိမ်တွေဝေရမယ်ဆိုရင်
ဦးနှောက်ကိုဗလာကျင်းပြီး စိတ်ဓါတ်တွေကို အာဟာရဖြည့်ရပါလိမ့်မယ်
စိတ်ကူးနဲ့ပဲ အငွေ့ပြန်တာတွေများလာရင် အိမ်မက်ပျောက်ပျက်ဖို့
စိုးရိမ်အဆင့်ရောက်ပြီလို့ သတ်မှတ်ရပါမယ်
ကဲ.. အခု ကျွန်တော်တို့ စိတ်ကူး ၅၀% လက်တွေ့ ၅၀% နဲ့
ကျွန်တော်တို့အိမ်မက်တွေဆီ လျှောက်လှမ်းကြပါစို့။


ကောင်လေး



~~~~မှောင်မိုက်ခြင်း~~~~~



တိမ်ပြာတွေအုံဆိုင်း

လေနုအေးတစ်ချက်ပွတ်သပ်
ကောင်းကင်မှာ``လ´`ငတ်နေတယ်
``လ``ငတ်နေတဲ့  ငါ့ညတွေမှာ
ကြယ်တွေပဲ    အဖော်ပြုနေတုန်း
ကြယ်တွေပါ    တိမ်ဖုံးကုန်တယ်။


ကောင်လေး
ကဗျာများ






````~~~အံချော်ခြင်း~~~```````



အဓိပ္ပါယ်မဲ့တဲ့   နေ့တွေမှာ

ဘ၀ကို ရေစုန်မျောလာလိုက်တာ
 မှားမှန်းသိလျှက်နဲ့  ထပ်မှားနေတာ
ဂုဏ်ယူစရာ  တစ်ခုဆို
အမှားအများဆုံး  ဘာသာရပ်မှာ
မကြိုးစားပဲနဲ့  ဂုဏ်ထူးရတာငါပါ။


မျှော်လင့်တာတွေ    ဖြစ်မလာတဲ့ အချိန်

ဘာကိုမှရေရေရာရာ   မမျှော်လင့်တော့တာ
 ငါ့အမှားလား ?
 နေချင်သလို   မဖြစ်တဲ့ ဘ၀မှာ
ဖြစ်သလိုနေတတ်အောင်တော့  ငါကြိုးစားခဲ့တယ်။


သေတာနဲ့  ရှင်တာကြားမှာ

အကောင်းဆုံးနဲ့  သက်သက်သာ သာနေဖို့
စဉ်းစားခဲ့ပေမဲ့  ထင်သလောက်မလွယ်ခဲ့ပါလား
 ငါလုပ်သမျှ  အဖတ်တင်တာဆိုလို့
ခံစားမှုတွေဘဲရှိတယ်။

ဘာဘဲဖြစ်ဖြစ်  အရောင်မဆိုးထားတဲ့ 

မေတ္တာတွေတော့   ငါသဘောကျခဲ့တယ်
ဘယ်သူကိုမှ   အပြစ်မတင်တတ်အောင်ကြိုးစားရင်း
နောက်ဆုံး   အထီးကျန်မှု့နဲ့
ငါလက်ထပ်လိုက်တယ်။


ကောင်လေးးးးးးးးးးး
ကဗျာများ

8 comments:

  1. ဘာဘဲဖြစ်ဖြစ် အရောင်မဆိုးထားတဲ့ 
    မေတ္တာတွေတော့ ငါသဘောကျခဲ့တယ်
    ဘယ်သူကိုမှ အပြစ်မတင်တတ်အောင်ကြိုးစားရင်း
    နောက်ဆုံး အထီးကျန်မှု့နဲ့
    ငါလက်ထပ်လိုက်တယ်။

    ကောင်းလိုက်တဲ့ ကဗျာလေးတွေ .... နှစ်သက်မိပါ၏။

    ReplyDelete
  2. “ဘာဘဲဖြစ်ဖြစ် အရောင်မဆိုးထားတဲ့ 
    မေတ္တာတွေတော့ ငါသဘောကျခဲ့တယ်”
    ကဗျာလေးကို သဘောကျလို့ လာဖတ်သွားပါတယ်
    ပျော်ရွင်ပါစေ သူငယ်ချင်းလေး

    ReplyDelete
  3. အားပေးမှု့လေးစားပါတယ်သူငယ်ချင်း

    ပျော်ရွှင်ပါစေ ကျမ်းမာပါစေ။

    ReplyDelete
  4. မဟေသီလေးလာဖတ်တာ ပျှော်ရွှင်မိပါတယ်....။
    လာတာကျေးကျေးနော့်

    ReplyDelete
  5. လာဖတ်သွားပါတယ် လူကိုမဟုတ် ဘူးနော်
    စာကိုဖတ်တာပြောတာပါ

    ReplyDelete
  6. လာဖတ်သွားပါတယ် လူကိုမဟုတ် ဘူးနော်
    စာကိုဖတ်တာပြောတာပါ

    ReplyDelete
  7. မ လာဖတ်သွားတယ်လို့နော်

    ReplyDelete
  8. လာဖတ်တော့အားရှိတာပေါ့လို့နော်

    ReplyDelete