Pages

Saturday, February 6, 2010

အမေအားလုံးအား သတိရစွာဖြင့်။။။။။။။

အိမ်မက်တိုင်းတကယ်ဖြစ်ခဲ့ စိတ်ကူးတိုင်း အကောင်အထည်ဖော် ခွင့် ရခဲ့ပါတယ်
ဘ၀မှာရည်မှန်းချက်တွေ

ယုံကြည်ချက်တွေရှိဖို့ ဘဲလိုတာပါ

ကျွန်မငယ်ငယ်က ကဗျာတွေရေးချင်ခဲ့တယ် စာတွေရေးချင်ခဲ့တယ်..



စာအုပ်တွေထဲမှာရေးခဲ့တာပေါ့နော်
ကျောင်းစာအုပ်ရဲ့ဗလာစာရွက်အလည်စာရွက်လေးတွေကကျွန်မရဲ့


စာရေးထားတဲ့နေရာလေးတွေပေါ့နော်
ရည်းစားစာမှတ်လို့ အမေးခံရတယ်


ဝတ္ထုလေးတွေလုပ်မရေးတတ်တဲ့ကျွန်မစကားပြောသလိုဘဲရေးတတ်တယ်

ရည်းစားစာမဟုတ်ပါဘူးဆိုပြီးအိမ်နဲ့ဆရာမတွေဆရာတွေကို တော်တော်ဖြေရှင်းခဲ့ရပါတယ။်

စိတ်လဲညစ်တယ် ပျော်လည်းပျော်တယ် ကိုယ်ရေးထားတာလေးတွေကို

တကယ်ထင်နေတော့ ပျော်တာပေါ့နော်
တကယ်လည်းဘေးကသူငယ်ချင်းတွေက သူတို့ရဲ့ ခံစားချက်လေးတွေကို လာပြောပြတော့
ကျွန်မရေးမိတာပါ။
သူများလာပြောရင်ကျွန်မကသူတို့နေရာကနေ၀င်ပြီးခံစားနားလည်တတ်တယ်လေ

မေမေ ကိုသူရဲ့ငယ်ဘ၀လေးမေးတော့ မေမေငယ်ငယ်က တောသူမလေးပေါ့တဲ့သိတ်ကိုပင်ပမ်းခဲ့တယ်ပြောင်းတွေချိုးရတယ်

သူများကောက်စိုက်ခေါ်လည်းလိုက်ရတယ်ဖေဖေနဲ့တွေ့ တော့မှ မေမေဘ၀လေး

သက်သာတာပါတဲ့ မေမေ 
ဖေဖေကိုခေါ်တာမောင်တဲ့လေ
မောင်နဲ့တွေ့တော့မှမေမေအ၀တ်အစားကောင်းကောင်းဝတ်ခဲ့ရတာတဲ့
မောင်ကမေ့ကိုရည်းစားဘ၀ ထဲကအိမ်လာပြီးမေ့ရဲ့အမေကို

ခွင့်တောင်းတယ် မောင်မေ့ကိုဘ၀လက်တွဲဖော်လိုအပ်တယ် မေ့ကို လက်ထပ်ချင်ပါတယ်ဆိုပြီး  မေ့ရဲ့မေမေဆီမှာလက်ထပ်ခွင့်တောင်းပြီး
လက်ထပ်ခဲ့တာပေါ့ မောင်ကစနစ်ကြီးတယ် စစ်သားပေါ့

တပ်မှာလဲလက်ထပ်ခွင့်တင်တယ် မေ့ကိုကျကျနန မင်္ဂလာဆောင်တယ်
 မေ မျက်နှာမငယ်ခဲ့ရဘူး

လူပျိုဘ၀စုစောင်းထားတဲ့ရွှေတွေလဲမေ့လက်ထည်းကိုမေ့အိမ်လာတောင်းထဲက
တခါတည်း။
မေ့ရဲ့အမေကိုအပ်ခဲ့တယ်

မေပျော်တာပေါ့နော် သူ့ကိုမောင်ကချစ်တယ်မြတ်နိုးတယ်ဆိုပြီး
မောင်ကမေ့ကိုစိတ်မချဘူး တပ်ထဲခေါ်သွားတယ်

လိုင်းခန်းယူပြီးတူတူနေကျတယ် မေသားဦးလေးမွေးတော့မောင်ရှေ့တန်းထွက်ရတယ်...
မောင်ရှေ့တန်းကပြန်လာတော့   မေ ပျော်တာပေါ့

မေ့ အပျော်လေးကြာကြာမခံလိုက်ပါဘူး မောင်ရှေ့ တန်းမှာတွေ့ခဲ့ချစ်ခဲ့တဲ့
ကောင်မလေးအိမ်လိုက်လာတယ်လေ။
ဒီကြားထဲရည်းစားစာတွေကလည်းခဏခဏရောက်တယ်

အိမ်လိုက်လာတဲ့ကောင်မလေးကို မေ့မှာသနားလိုက်တာ
သေချာထမင်းခူးကျွေဧည့်ခံပေါ့ ပြီးတော့မှ တောင်းပန်ပြီးပြန်လွတ်ရတယ်လေ မောင်ဘယ်ရည်းစား စာ လာလာနောက်ဆိုအိမ်မှာကပ်ထားတယ်လေ ဒီလိုနဲ့မောင်နဲ့သားသမီးတွေနဲ့နေထိုင်ပေါင်းသင်းလာရင်းစိတ်ထဲမှာ သည်းခံနေခဲ့ရတယ်
မေ အစွမ်းအစမရှိတဲ့မိန်းမတော့အဖြစ်မခံနိုင်တော့ဘူးဆိုပြီး


ဈေးရာင်းခဲ့တယ်   မေဈေးရောင်းတာနဲ့မောင်ကပြသနာရှာတော့တာပေါ့ ဘယ်ကောင်နဲ့ကြိုက်နေလဲဈေးမရောင်းနဲ့ အိမ်မှာနေ
ဘာမှလုပ်စရာမလိုဘူး
ထင်ခဲ့တယ်လေ..မေ.ကလဲသူ့စကား နားမထောင်ပါဘူး
ကိုယ်လုပ်စရာရှိတာဆက်လုပ်တယ်နေ့တိုင်းရန်ဖြစ်ရတာပေါ့။
စိတ်လဲမချမ်းသာရတော့ဘူးလေ စည်းပွားရေး သားသမီးအရေး အိမ်ထောင်ရေး

တွေး လိုက်ရင်ဘာမှ ပျော်ရွင်စရာ  မကောင်းဘူးလို့  မေ ခံစားနေရတယ် ဒါပေမဲ့သားသမီးလေးတွေ မွေးထားတယ်လေ  မေ      သူတို့အတွက်  မေ တတ်စွမ်းသလောက်တတ်နိုင်သလောက်  မေ သည်းခံနေခဲ့ရတော့တယ်။
မိသားစုဘ၀လေး  မပြိုကွဲအောင်    မေ
ထိမ်းသိမ်းစောက့်ရှောက်ခဲ့ရတယ်  မေ့သားသမီးလေးတွေ  ပညာတတ်အောင် လူရာဝင်အောင်


လူတန်းစေ့နေထိုင်စားသောက်နိုင်အောင် မေဈေးရောင်းတယ် သားသမီးလေးတွေမျက်နှာမငယ်ခဲ့ရဘူးလေ

သူတို့လိုအပ်တာမေ


ဖြေ့ ဆည်းပေးနိုင်ခဲ့တယ်ခုဆိုသား တွေ သမီးတွေကပညာတွေတတ် အလုပ်ကိုယ်စီနဲ့

တာဝန်ကိုယ်စီနဲ့ မေ့အနားမှာ တစ်ရောက်မှ


မရှိကျတော့ဘူးလေသူ့အလုပ်သူလုပ် သူ့အိမ်ထောင်နဲ့သူ

မေ့မှာသာ သူတို့ပြန်လာမယ့်လမ်းမျှော်ပြီး လွမ်းနေရပါတယ်


ကျမ်းမာစေဖို့ ဆုတောင်းမေတ္တာပို့ 

ဈေးသွားစားစရာဝယ်ရင်လည်းသားသမီးလေးတွေကြိုက်တတ်တာလေးတွေကို



စိတ်ထဲကနေလိုက်ကြည့်ပြီး
ဒါလေးကတော့ အကြီးကောင်ကြိုက်တတ်တာ ဒါလေးကတော့အကြီးမကြိုက်တတ်တာ


အငယ်မကြိုက်တတ်တာနဲ့ လိုက်ကြည့်နေမိပါတယ်။ပြီးတော့မှသာအော် သူတို့ကအဝေးမှာဘဲလေဆိုပြီး


မောင့်အတွက်
တွေ့တာမြန်မြန်ဝယ်ပြီးအိမ်ပြန်ခဲ့ရပါတယ်။
ကျွန်မ သားသမီးလေးတွေအတွက်လုပ်ကိုင်ရည်မှန်းကြိုးစားနေထိုင်လာခဲ့ရတာ


ခုတော့လည်းကျွန်မဘေးမှာ
ဘ၀ လက်တွဲဖော်လို့ခေါ်တဲ့ကျွန်မရဲ့မောင်
ကျွန်မဘေးမှာ ဘုရားသွားကျောင်းတက် အဖော်အဖြစ်ကျန်ခဲ့ပါတယ်
မောင်နဲ့ကျွန်မ တောင်ဘယ်သူလက်တွဲ အရင်ဖြုတ်မလဲ မသိတဲ့ဘ၀မှာ
ကျွန်မဘေးကထွက်ခွာသွားကျတဲ့သားသမီးတွေကို ကျွန်မတရားသိ တရားရှိပေမဲ့ သားသမီးလေးတွေကိုခုထိကျွန်မ
သူတို့မအားလို မလာနိုင်မှန်းသိလဲမျှော်နေမိပါတယ်
လွမ်းနေမိပါတယ်။သတိတွေရနေပါတယ်..

ကျွန်မဖတ်ခဲ့ဘူးတဲ့တစ်မျက်နှာ ၀တ္ထုတိုလေးကိုသတိရပါတယ်။

အိမ်ဘေးက အိမ်နီးနာချင်းတရောက်က အဖွားစားဖို့ဆိုပြီးမုန့် လာပို့ တယ်။
အဖွားက မစားဘူး။

သူ့ သမီးကလေးမီးဖွားနေတော့သူသမီးကို ရော့စားသမီးမုန့် စားအားရှိအောင်စားဆိုပြီးကျွေးတယ်။

အဖွားရဲ့သမီးကမစားဘဲ သူ့သားလေးကိုကျွေးလိုက်တယ် ရော့သားလေးစားပေါ့။

အဖွားအိုကစိတ်တိုသွားတယ် ဟဲ့ ငါတောင်မစားရက်ဘူးနင့် ကိုစားစေချင်လို့ ကျွေးတာသမီးနင်စား

အဖွားကပြောလဲပြောမြေးကိုလဲငေါက် ဒီအချိန်မယ်သမီးလုပ်သူက အမေသမီးကိုစားစေ့ချင်သလိုသမီးကလဲ သားကိုကျွေးချင်တယ်
သမီးလဲအမေ ဘဲလေအမေရဲ့လို့ သူ့ အမေ အဖွားအိုကိုပြန်ပြောလိုက်ပါတယ်

ကျွန်မရဲ့သားသမီးလေးတွေကိုသတိရတဲ့အခါတိုင်း ။
စားစရာကျွေးချင်လာတဲ့အခါတိုင်း ။

သမီးလဲအမေဘဲ လေအမေရယ်ဆိုတာလေးကိုသတိရနေမိပါတယ်။

အမေအားလုံးအား သတိရစွာဖြင့်။။။။။။။






ယဉ်မင်းခိုင်.မ.မ

3 comments:

  1. လာလည် ရင်း စာတွေဖတ် ပြီး သီချင်းနာထောင် တယ်
    ပြန်ပြီးဗျို့
    ပြီးတော့ .swf သီချင်း ဖိုင်လေးတွေ ဘယ်လိုလုပ်လည်းသိချင်တယ်

    ReplyDelete
  2. လာလည်တာကျေးဇူးတင်တယ်နော်

    ReplyDelete
  3. မလုပ်တတ်ပါဘူး

    ဒီလိုပဲနားထောင်ရင်းကော်ပီယူလိုက်တာလေနော်

    ReplyDelete