Pages

Sunday, February 28, 2010

အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--တော့)ဖြစ်ပြီထင်..♥အွန်လိုင်းပေါ်၌ ခင်မင်သူ♥

အင်တာနက်ပေါ်တွင်ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုများ အတွက်
''မ..မ"စေတနာစကားပါးလိုက်တယ်

ကောင်မလေးဆိုးတာ မပြောချင်ပါဘူးလိမ္မာလား ဟင့်အင်းမပြောတတ်ဘူး
သူတို့ဘ၀ သူတို့ပုံစံမျိုးစုံနဲ့လေနော်

ဘယ်သူမှမဆိုးပါဘူး

ဒါပေမဲ့မကြိုက်တာတော့ အမှန်လေနော် ရည်းစားတစ်ယောက်နဲ့vzo
ပြောတယ်ငိုပြနေတယ် မမ ဘေးကနေကြည့်ရင်း  သနားနေတယ်သူရည်းစားလေးက
ဘာပြောလဲဆိုပြီး  သူငိုနေတာ မမ  တော်တော်လေး  စိတ်မကောင်းဖြစ်နေတယ် VZO
ချက်နေရင်း သူရည်းစားကောင်လေးက ငွေပို့မယ်ပြောတော့  သူဒီဖက်လှည့်ပြီးပါလာတဲ့
သူ့သူငယ်ချင်းကိုလက်မလေး ထောင်ပြတယ်ပြီးတော့ရီယ်နေတယ်
တစ်ခါကောင်လေးဖက်လှည့်ငိုပြတယ်

အယ်တော့........မမသူကြည့်ပြီးစိတ်တိုမိတယ်
ပြီးတော့သူတို့ သူငယ်ချင်း၂ယောက်နောက်နေ့ငွေရရင် ၀ယ်မယ် သုန်းမယ်နဲ့  ပြောနေကြတယ်
  ပျော်မြူးလို့ပေါ့နော် ကောင်မလေးက   ရည်းစား၃ယောက်လောက်ကို   ထားတာ တစ်ဖက်နိုင်ငံကကောင်လေးကိုလည်း   စိတ်တိုလိုက်တာနော်
သူများတိုင်းပြည်မှာ   ရှာဖွေနေတာကို   ပင်ပမ်းလား မပင်ပမ်းလားတော့
မသိပါဘူးသူ့ကောင်မလေးကို  ယုံကြည်နေတာ ကောင်မလေးသုန်းဖို့ဖြုန်းဖို့
ငွေလွဲနေတာ သိတော့မမ တစ်ဖက်က   ကောင်လေးကို   မသိဘဲနဲ့သနားနေတယ်
ရိုက်ချင်တယ်  အဲ့ကောင်လေးကိုနော်
ကောင်မလေးက ရုပ်လေးကလဲ ချောမှချော လှမှလှလေနော် သူကောင်မလေးက လှလို့သူချစ်တာနေမှာ
မမကိုယ်ဘာသာ  စိတ်ဖြေနေရတယ်  သူတိုကိုမြင်ရတာ ကြားရတာ စိတ်တိုလိုက်သနားလိုက်နဲ့ မမမှာနောက်နေ့ကောင်လေးတစ်ယောက်ကသူ့ကို
အင်တာနက်ဆိုင်ကနေကောင်မလေးကိုကားနဲ့လာခေါ်တယ်
ဒီကောင်လေးကလဲ  ချောလိုက်တာ ဒါလဲသူ့ရည်းစားတဲ့ လေနားကိုမလည်တော့ဘူး
မမ ကောင်မလေးကိုမေးမိတယ်   ချစ်လားသူ့ကိုဆိုတော့ အင်းချစ်တယ်
ဲ့ချောတယ်တဲ့  သူ့ကိုလိုအပ်တာ ဖြည့်ဆည်းပေးတယ်တဲ့လေ  ဟိုဖက်ကကောင်လေးကလဲ
ငွေပို့ပေးတယ်တဲ့  မမဘယ်လိုမှ  မတွေးတတ်တော့ဘူးလေနော်
မိကောင်းဖခင်သားသမီးပါ   ဒီကြားထဲဖုန်းနဲ့ ရည်းစားစကား လှမ်းပြောနေသေးတာ
မမ   ဘယ်လိုမှမတွေးတတ်တော့ဘူး         ဟော့       နောက်တစ်ယောက်ကလည်း
အသက်လေးကြည့်တော့ ၁၇နှစ်လောက်ရှိမယ်   ခုမှသိတဲ့လူကိုချိန်းနေတယ်လေ
ဟဲ့ကောင်မလေးနင်    သူတို့ချိန်းတာနဲ့ တွေ့မို့ လားဆိုတော့   အင်းဟုတ်ကဲ့တဲ့လေ
ဟာနင့်ဟာ       ချက်ခြင်းမတွေ့နဲ့လေသူတို့  အထင်သေးမယ် ဆိုတော့ရတယ်
ကိစ္စမရှိပါဘူးတဲ့  သမီးသိတယ်တဲ့       ဘာမှန်းကို  မသိတော့ဘူး  ယ္ခုအကောင့်အပ်  ခုလက္ခံ ခုချိန်းတွေ့နဲ့  မောတယ် သူတို့ကြည့်ရင်း ရင်မောတယ် ပေါသလားဟင်

အဲ့ဒီလောက်တောင် ပေါကုန်ပြီလားဟာ  ကိုယ်အပူမပါပဲနဲ့  စိတ်တွေပူလိုက်တာ
သူကတော့     ပျော်မြူးလို့လေနော်
မမ       သာစိတ်ပူနေတာ      နောက်တစ် ယောက်က စင်တင်က ညမှာ  သီချင်းဆိုတာလေ
သူကိုကားနဲ့ လာပို့လာကြိုနေတာ နေ့ခင်းလာခေါ်ပေါ့   နော်အကိုကြီးလေတဲ့သူ
့မှာပိုင်ရှင်ရှိတယ်တဲ့ သမီးမိဘတွေကို သူကအကုန်လောက်ငှအောင် ထောက်ပံနေရတာတဲ့ 

အော်      အေးအေး   အကိုကြီးက သဘောကောင်းတယ်နော်လို့  အလိုက်အထိုက်ပြောရတာပေါ့နော်
ခုချက်တင်ထိုင်နေတာက     သမီးရည်းစားလေ
သူ့ကိုအချစ်ဆုံးတဲ့       ချစ်သူလေတဲ့    သမီးကချစ်တဲ့သူတဲ့       နယ်မှာကျန်ခဲ့တယ်တဲ့
အော်    အင်းအင်း     အင်းပါဆိုနားထောင်နေရတယ်လေနော်      ဒီအချိန်မှာ
၁၇နှစ်ကောင်မလေးဝင်လာတယ်   သူပါအံ့အားသင့်       သွားတယ်
်ကောင်မလေးက       ခုမှတွေ့တဲ့လူကိုခုချိန်းနေတာ မြင်တော့  ဟယ်ပေါလိုက်တာတဲ့
သူမျက်လုံးလေးပြူးနေတယ်လေ   ၁၇နှစ်ကောင်မလေးထွက်သွားတော့
ဟယ်လွယ်လိုက်တာနော်တဲ့      မမ         စိတ်တိုလာတာနဲ့  အေးဟေ့ အေးဟ
မကောင်းတာ      လုပ်စားနေတဲ့မိန်းတွေ သူတို့ကြောင့်(--ါ)     ဈေးကျတာနေမှာ
မိန်းမကောင်းလေး       တွေမြင်လဲ သူတို့ကြောင့်      အကုန်မကောင်းတဲ့ မိန်းမတွေလို့မြင်ကုန်နေပြီ   ရည်းစား၃ယောက်  ၄ယောက်တပြိုင်တည်းထားတဲ့ သူ့ကျတော့လဲ  တန်ဖိုးရှိနေလိုက်တာနော်
သူဝတ်တာ စားတာလှပနေတော့ မိဘဆွေမျိုး   ချမ်းသာနေတော့
ကောင်လေးတွေက  မသိဘဲငွေကုန်ခံနေကျတယ်  ချစ်နေတယ်
နင်တို့ကျတော့လည်း       မိဘတွေအတွက်  ရင်းနေကျတယ်ဘ၀ကို သူတို့တွေ့နဲ့စာရင်

နင်က  တန်ဖိုးရှိပါတယ် ဟာနော်
်နင်ကမြတ်ပါတယ်  မိဘကို    လုပ်ကျွေးနေရလို့လေနော်  လို့ မမပြောမိတယ် ကောင်မလေးတွေပေါမှပေါ        တောတစ်ရာ    ခြောက်ဆယ်ဖြစ်နေကုန်ပြီနော် စင်တင်က ကောင်မလေးကျတော့လဲ    သနားတယ် ချမ်းသာပြည့်စုံတဲ့ ကောင်မလေးကျတော့ရော ၁ရနှစ်ရွယ် ကောင်မလေးကျတော့ရော တူတူပါပဲမြင်ရ တွေ့ရဘ၀င်မကျနိုင်ပါဘူး  နောက်ဆိုသူတို့တွေ    ဘာပြောနေနေမမ နောက်ဆို  မသိချင်ရောင် မမစိတ်ကို  ထိမ်းပြီးနေနေရတယ်

    ကြည့်နေရတယ် ပိုက်ဆံညာယူချစ်တဲ့လူနဲ့     ပိုက်ဆံမယူချစ်တဲ့လူနဲ့   မိဘတွေကိုဘ၀နဲ့ ရင်းချစ်တဲ့လူနဲ့
မမသူတို့ကိုကြည့်ရင်း  သနားလိုက်  စိတ်တိုလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ဖြစ်နေတယ်နော် 

စဉ်းစားပါ    လေ့လာပါ  ကောင်မလေးတွေရေ ကိုယ်ဘာလုပ်မိနေလဲ      သတိထားပါ  ထိမ်းသိမ်းပါ     ကိုယ်ဘာသာကိုယ် အုပ်မှနိုင်မယ့် ခေတ်မှာ  မိအုပ်လို့မနိုင် ဖအုပ်လို့မနိုင်  ဖြစ်နေတာလေနော်
ဒီလိုမျိုး  မိန်းမတွေကြောင့်  မိန်းမကောင်း   ဆိုတာ။          
မိန်းမ  ကောင်းတာ။   ဆိုးတာ။       ဝေးနေလဲမသိ
နီးတော့လဲ     မမြင်မကြည့်တတ်။       အကုန်ဝါးလုံးသိမ်းရမ်းပြီး
မိန်းမတွေကို      အဆိုးမပြောရအောင်  မကောင်းကြောင်းတွေ      မပြောရအောင်
်ကောင်မလေးတွေ  ထိမ်းသိမ်း     နေထိုင်သင့်ပါတယ်နော်။
ဒါကြောင့်မမဆိုးတယ်လဲ         မပြောချင်ပါဘူးနော်  ကောင်းတယ်လဲ မပြောချင်ပါဘူး

လိမ္မာလားဆိုတော့လဲ    ဟင့်အင်း   ပြောတတ်တော့ပါဘူးနော်
သူတို့  အကုန်မှန်နေတယ်လေနော်..........။


ယ္ခုလဲ...........................


အွန်လိုင်းပေါ်တွေ့တာကို  အပြင်မှာ ဘယ်နေရာမှသုံးတာပါ  ဘယ်ဆိုင်မှာသုံးနေတာပါဆိုပြီး ပြောတော့ ကောင်လေးကရောက်ရှိလာပြီးလ္ဘက်ရည်သောက်  မုန့်စားဆိုခေါ်ဆောင်ရင်းအဖျက်စီးခံလိုက်ရတဲ့အကြောင်းလေးဖတ်မိရင်း
ဒီစာကိုပြန်တင်လိုက်ရခြင်းဖြစ်ပါတယ်နော်....................။
ကမ္ဘာပျက်မပျက်မသိပါ။

လူတွေပျက်တာအမှန်ပါ။

ဗိုလ်ချုပ်ပြောတဲ့(--ါ)နိုင်ငံတကယ်ဖြစ်နေလား။

လျှပ်ပေါ်လော်လီမ၀တ်တာ။

အထင်ကြီးစရာမလိုပါ။

ရုပ်ရည်လေးကလှပနေအထင်ကြီးစရာမလိုပေ။

နုနုငယ်ငယ်ကလေးလဲကြောက်ခမန်းလိလိပဲ။

ဘ၀များစွာ့အမေတော်။မိန်းမတိုင်းကနော်။

သံသရာမှာတော်ဘူးလို့ထိမ်းသိမ်းကြနော်

အမျိုးကာင်းသားတို့။


ထိမ်းသိမ်းကြနော်အမျိုးကောင်းသမီးတို့
အင်တာနက်ပေါ်တွင်
  စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--)တော့ဖြစ်ပြီထင်.....???????????

ကိုသက်

အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍

အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်လိုက်သော

ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့

http://www.fusarshinlay.com/forum/topics/6384739:Topic:729517

8 comments:

  1. ဟိုက်

    ဒီပညာပေးစာသားလေးကြိုက်တယ်ဗျာ

    ReplyDelete
  2. delete replysakingwe wrote today at 4:37 AM
    ဟိုက်

    ဒီပညာပေးစာသားလေးကြိုက်တယ်ဗျာ

    မှတ်ထားလေနော် သိသင့်တယ်ထင်လို့ပါ

    ReplyDelete

  3. မှတ်ထားလေနော် သိသင့်တယ်ထင်လို့ပါ

    ReplyDelete
  4. သိသင့်တာပေါ့ဗျာ
    မြင်နေကြားနေရ တာ
    စီးပွားရေးအကြောင်းပြ
    လုပ်ချင်ရာလုပ်နေကြတာ
    အစကတော့ အပျော်ပါဘဲ
    နောက်တော့လည်း ရုန်းထွက်မရတဲ့ အနေအထားရောက်ရော
    တစ်ယောက်အားနဲ့မရ
    အများက၀ိုင်းကြမှ တန်ဖိုးရှိတဲ့
    မြန်မာ မလေးတွေ ဖြစ်နေအောင်
    ပြောကြဆိုကြရေးကြရအောင်

    ReplyDelete
  5. ရုန်းလေနစ်လေ နွံလေ
    သံသရာ နယ်လေနော်



    ReplyDelete
  6. ပျော်ကနေပျက်..ဆိုတာဒါမျိုးပေါ့နော်..ဝေါင်ဝေါင်ရှေး..ဝေးဝေးရှောင်သင့်တယ်..သူတို့ကြောင့်အမှန်ကန်သူတွေထိခိုက်တယ်နော်

    ဖိုး....ruby88546

    ReplyDelete
  7. မမ ကျွန်တော်လည်း ဆိုဒ်လေးထောင်ထားတာပါ သို့သော် မမလို အလှပလေးတွေ မပါဘူးဗျ အဲဒါလေးတွေဘယ်ကနေယူလဲ အလြိုလေးတွေ လုပ်တတ်အောင် ဘယ်လိုလုပ်ရလဲ ဘယ်နေရာတွေမှာသွားဖတ်ရလဲကျေးဇူးပြုပြီးပြောပြပါ့လား

    ReplyDelete
  8. ဇွန်လ 26, 2011

    အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍
    အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်လိုက်သော
    ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့

    http://www.fusarshinlay.com/forum/topics/6384739:Topic:729517


    အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍ အလိုမတူဘဲ သားမယားအဖြစ်
    ပြုကျင့်လိုက်သော ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့

    ရန်ကုန် ၊ မေ ၂၂

    အွန်လိုင်းချက်တင်၌ ခင်မင်နေသူတစ်ဦး ခေါ်ရာ နောက်သို့ အယုံလွယ်၍
    လိုက်မိခဲ့သော အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို
    လိမ်ခေါ်သွားသူ အမျိုးသားနှင့် ၄င်း၏အဖော် အမျိုးသားတို့က အလိုမတူဘဲ
    သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အမှုတစ်ခု ရန်ကုန်မြို့တွင်း မြို့နယ်
    တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။

    ပြည်တွင်းရှိ INGO အဖွဲ့အစည်း တစ်ခု၏ ၀န်ထမ်းဖြစ်သော အဆိုပါ
    အမျိုးသမီးငယ်သည် မေ ၂၂ ရက်နေ့က ပုစွန်တောင် မြို့နယ် အတွင်းရှိ
    အင်တာနက်ကဖေး တစ်ခုတွင် အသုံးပြုနေစဉ် တရားခံ ဖြစ်လာမည့် အမျိုးသားနှင့်
    G-talk တွင် တွေ့ဆုံခဲ့ကြောင်း၊ ထိုအမျိုးသားက သူမ အသုံးပြုနေသော
    ဆိုင်ကို မေးကာ မထင်မှတ်ဘဲ တကယ်ရောက်ရှိလာပြီး မုန့်သွားစားမည်ဟု
    စကားပြောရင်း ၄င်း၏ သူငယ်ချင်း အမျိုးသားတစ်ဦး ရှိရာ ဘီယာဆိုင်သို့
    ရောက်သွားခဲ့ကြောင်း၊ သူမလည်း ဘီယာနှစ်ခွက် သောက်မိသွားပြီး
    မူးသွားကြောင်း၊ ၄င်းတို့ နှစ်ဦးက ကန်တော်ကြီးမှာ သွားနားမည် ပြောကာ
    ကားငှား၍ သူမကို ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်း တစ်ယောက်အိမ် ၀င်ဦးမည်
    ပြောကာ လမ်းတစ်လမ်း၌ တက်စီကို ရပ်ခိုင်းခဲ့ပြီး သူမကို အမူးပြေအောင်
    မျက်နှာ သစ်မည်ဟု ခေါ်ကြောင်း၊ သူမ အိမ်ခန်းပေါ် ရောက်သွားခဲ့သည့်အခါ
    အမျိုးသား တစ်ဦးက ထမင်းဆင်းဝယ်မယ် ဆိုပြီး ရှောင်ထွက်သွားစဉ်
    ကျန်တစ်ဦးက သူမကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ ထမင်းသွားဝယ်သည့်သူ ပြန်လာသည့်အခါ သူမကို ရေချိုးခန်းထဲ
    အတင်းခေါ်သွား၍ ထပ်မံ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ထိုသူနှစ်ဦး
    ခေတ္တ အပြင်ထွက်သွားစဉ် မျက်နှာချင်းဆိုင် အခန်းကို အကူအညီတောင်းကာ
    အိမ်သို့ ဖုန်းဆက်ခဲ့ရကြောင်း၊ မျက်နှာချင်းဆိုင် အိမ်မှ
    အကြောင်းကြားမှုကြောင့် အမျိုးသမီးငယ် နေထိုင်ရာ လမ်းမှ ရာအိမ်မှူးနှင့်
    လူများ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာခဲ့ပြီး မိန်းကလေး၏
    တိုင်ကြားချက် အရ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် ပ/၂၄၈/၂၀၁၁ ၊ ပုဒ်မ
    ၃၇၆/၁၁၄ အရ အမှုဖွင့် အရေးယူ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ တရားခံ အမျိုးသား
    နှစ်ဦးစလုံးကို ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း
    သတင်းရရှိသည်။



    ပြည်တွင်း၌ ခေတ်စားလာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုခန့်သာ ရှိသေးသော
    အင်တာနက်ကြောင့် ၄င်းနှင့် ဆက်နွယ်သော မိန်းကလေးများကို ကာယိနြေ္ဒ
    ပျက်ပြားစေမှု၊ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု၊
    သွေးဆောင်ဖျားယောင်း၍ လူကုန်ကူးမှု စသဖြင့် အမှုများ ပေါ်ပေါက်လာပြီး
    မကြာခဏ ကြားနေရသဖြင့် အွန်လိုင်းပေါ်က မည်သူ့ကို မဆို အမျိုးသမီးများ
    အယုံမလွယ်ကြရန်၊ ခေါ်တိုင်း မလိုက်ရန်၊ မူးယစ်သေစာ (အစားအသောက်ထဲ
    ထည့်၍လည်း ဖြစ်နိုင်သည်) တိုက်ကျွေးခြင်းများ မသုံးဆောင်မိအောင်
    ခိုင်မာသော ကိုယ်ကျင့်တရားနှင့် အသိများ ရှိကြပြီး ဤမှုခင်းများ
    အကြောင်းကို အချင်းချင်းလည်း သတင်းပေး မျှဝေပေးရန် လိုအပ်လှပေသည်။

    ReplyDelete