Pages

Monday, February 1, 2010

ကျွန်မနေရကသာဝင်ပြီး ခဏလေးတွေးပေးကြပါ ခဏလေးနော် ခဏလေးပါ

ကျွန်မတော်တော်ကို အလုပ်ရှုပ်နေတာတွေ  လုပ်မိနေသလိုဖြစ်နေပါတယ်။

စာဖတ်တာ ၀ါသနာပါတဲ့ ကျွန်မစာအုပ်မှန်သမျှ ငယ်ငယ်လေးထဲကတနေ့ တခါမှ မဖတ်ရရင်နေတတ် မထိုင်တတ်


တခုခုလိုနေသလိုခံစားရပါတယ်  အဖေကစာဖတ်ဖို့ကိုခွင့်မပြုပါဘူး။
ရွှေသွှေး တေဇ
ကာတွန်းကအစမဖတ်ရပါဘူး ကျောင်းစာကလွဲလို့ကျန်တာဖတ်ရင်
ရိုက်ပါတယ် ကျွန်မကစာဖတ် ၀ါသနာပါတော့ အဖေမသိအောင်ခိုးပြီးဖတ်ခဲ့ရပါတယ်

အဖေကစာအုပ်တွေက  ပေါ့ပျက်စေတယ် စာထဲမှာရေးထားတာ
အညီအဟောက် တွေလို့ထင်ထားတယ်လေ

လူတွေရဲ့စိတ်ကို ပြောင်းလဲပြုပြင်နိုင်အောင် စာအုပ်ထဲက စာပေတွေက တန်ဖိုး

ရှိတယ်ဆိုတာ မသိတာလားကျွန်မကျောင်းစာတွေ မလိုက်နိုင်မှာကြောင့်လား နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်

ကျွန်မကလဲစာဖတ်တာကို တအားကြိုက်တယ်ဝါသနာပါတယ်
ဒါကြောင့်အမြဲ အရိုက်ခံခဲရပါတယ်။

ဘီဒိုထဲကိုပုန်းပြီး ကာတွန့် တွေဖတ်ခဲ့ရပါတယ်ဘယ်လေက် ထိစာဖတ်တဲ့အခါ
စိတ်ထဲ ကပါလဲဆိုသိုင်း
ချ တဲ့ကာတွန်းဖတ်နေရင်း အမေက မအားလို့ခဏလာ ပေးထားတဲ့ လသား အရွယ်မောင်လေးကို သိုင်းကာတွန်းထဲ မှာ
သွားလေ  ရော့ ဟ တလောင်းဆို
ကိုင်ပေါက်တာ ဖတ်ပြီး အဲဒီ မောင်လေးကို လက်ထဲကနေ လွင့်ပြစ်မိပါတယ်။

အဲ့လောက်အထိ စာဖတ်ရင် စိတ်ပါခဲ့ပါတယ် အရိုက်ခံရတာ
များအဲဒီ့နေ့က မသေယုံတမယ်ပါဘဲ အဖေရိုက်တာပေါ့ နော်
ခြင်ထောင်ထဲ မှာဖယောင်းတိုင်ထွန်းပြီး
ကျွန်မအခန်းတခါးဂျက်ချလို့ တိတ်တိတ်လေး စာဖတ်ခဲ့ရပါတယ်။
မီးထွန်းထားရင်စာဖတ်နေတယ် ထင်မှာဆိုးလို့ပါအဖေကလဲညတိုင်း ကျွန်မကိုကျောင်းစာမဖတ်ဘဲ ကာတွန့်တွေ ၀တ္ထုတွေ ဖတ်မှာဆိုးတယ်

ညတိုင်း ကျွန်မကိုလာချောင်းကြည့်တတ်ပါတယ် ။
ကျွန်မဘယ်စာအုပ်မဆို ဖတ်တယ် စာဖတ်တာများလာတော့
ကျွန်မ စာရွေးဖတ်တတ်လာတယ် ရသ သုတ ဖြစ်ရပ်မှန် စာကောင်း ပေမွန်လေးတွေ ဖတ်တယ်


အခုသူငယ်ချင်းတယောက်ကို မမ အားနေတယ်  စာဖတ်ချင်တယ်

သူများတိုင်းပြည်မှာ မမ ဖတ်ချင်တဲ့ စာအုပ်မရှိဘူး ပြောတော့ သူက

ကိုဇော်၃၅၇ ကိုပို့ပေးပါတယ်

ကြီးသဲလေးထပ် ဆရာတော် ပြန်ဖတ်တယ်
အရင်မဖတ်တာ ကြာပြီဖြစ်တဲ့စာအုပ်လေးတွေ ကိုဇော်ရေးတာတွေဖတ်ဖြစ်ခဲ့တယ်

ကိုဇော်၃၅၇ လင်ခ်ပို့ ပေးတဲ့  ကိုရင်မောင်လေး ကနောက်တခါ ဖန်တီးနိုင်တဲ့အချစ်

ဆိုဒ်လေးလှမ်းပို့ပါတယ်။

ဒီလိုနဲ့ ကျွန်မဆိုဒ်ပေါင်းစုံေ၇ာက်ခဲ့ပါတယ် သူငယ်ချင်းတွေ ဆိုဒ်လေးတွေပို့ပေးထားရင် ၀င်လိုက်ပါတယ်

ဘယ်သူပို့လဲမသိပါဘူး..နောက်တော့မေးလ်ထဲမှာ MULTIPLY လင်ခ့်လေး

သူငယ်ချင်း တယောက်ကထပ်ပို့ပါတယ် ဒီလိုနဲ့ကျွန်မ စာလေးရေးလိုက်

စာလေးဖတ်လိုက်နဲ့ စိတ်ချမ်းသာနေပါတယ်

ဒီလိုဆိုဒ်တွေထဲဝင်သူများစာလေး လိုက်ဖတ်လိုက် ကွန့်မင့်ပေးလိုက်နဲ့ပျော်နေတာပေါ့နော်

 
အခုတော့ ကျွန်မအပျော်လေးတွေကို ဖျက်စီးသလို  ခံစားနေရတယ်

ဒီအလုပ်လုပ်နေတာ  ပိုက်ဆံဘယ်လောက်ရလဲတဲ့

အရေမရအဖတ်မရတဲ့  အလုပ်လုပ်နေတယ် အချိန်ကုန်တယ်တဲ့
ဘာမှမလုပ်ဘူးလားနဲ့မေးခွန်းတွေ
အပြောတွေ တနေ့ တနေ့ မကြားချင်လဲကြားနေရတယ် မဖြေချင်လဲဖြေနေရတယ် တခါတခါဆို  ငိုတောင်ငိုမိတယ် ကိုယ်နှုပ်ခမ်းကို ကိုက်မိလို့

နှုပ်ခမ်းမှာအနာတောင်ဖြစ်တယ် တော်တော်လေးကိုစိတ်ထိန်း နေရတယ်လေ
သေချာလဲပြန်ဖြေနေရတယ်  စိတ်မရှေဘူးတဲ့ ကျွန်မ စိတ်ကိုတော်တော်ထိန်းနေရတယ်။

ကိုယ် စိတ်ချမ်းသာတာ ကိုယ်လုပ်နေရတာ

ကိုယ်ဝါသနာပါတာ ကိုယ်လုပ်နေရတာ ဘယ်လောက်ကျွန်မအတွက် တန်ဖိုးရှိလဲ
မေးတဲ့လူက တန်ဖိုးမဲ့တဲ့ လူမို့မေးတာလား
လူတွေလိုအပ်နေတာ ပျော်ရွင်စွာနဲ့ စိတ်ချမ်းသာမှု့လို့ထင်တယ်လေ

ကျွန်မဒီအလုပ်က ကျွန်မစိတ်အ၀င်စားဆုံးလေ စိတ်နှလုံးကို သိမ်မွေ့ စေတယ်

ပူပင်မှု့တပ်မက်မှု့ကင်းတယ်
ကျွန်မရေးချင်တာဖတ်ချင်တာ သိချင်တာအကုန်ကျွန်မလုပ်လို့ရတယ် စာပေစီစစ်ရေးမလိုဘူး

ပိုက်ဆံပေးပြီးထုတ်ဝေခိုင်းစရာမလိုဘူး သူငယ်ချင်းကောင်းတွေရခဲ့တယ်

မကောင်းတဲ့သူတွေလဲတွေ့ခဲ့ရတယ် လူခြင်းတော့ဘယ်သူ့မှမမြင်ဘူးပါဘူးအကုန်
ကျွန်မခင်ပါတယ်။

မကောင်းတဲ့ သူတွေရှိသလို  ကောင်းတဲ့သူတွေနဲ့တွေ့တော့လဲ အိမ်ကကျွန်မရေးနေတာ ပြန်ပြောနေတာ
မြင်ကျတဲ့သူငယ်ချင်းတွေက
စိတ်တိုတာပေါ့  ဆိုဒ်ထဲမှာကောင်းတဲ့လူမရှိဘူး လိုကိုအပြောခံနေရတယ်။

ဆိုဒ်ထဲကကောင်းတဲ့ လူကျတော့လည်း သူတို့ပြောတာ ရေးထားတာလေးတွေ လာကြည့်ပြီး
  တော်သေးတယ် ကောင်းတယ် အပြောခံရပါတယ်
ဒီအလုပ်ကို အလုပ် အကိုင်မရှိတဲ့သူတွေ လုပ်နေတယ်ထင်နေတာလေ
တော်တော်ရှင်းပြရပါတယ်။

သူငယ်ချင်း မိတ်ဆွေတွေကို ပြောသလိုကျွန်မ ကိုလဲပြောတာလေ တူတူပေါ့

ကျွန်မစိတ်တိုခဲ့ရတယ်ဒေါသဖြစ်ရတယ် ဒါကြောင့်ကျွန်မဒီစာရေးတဲ့အလုပ်မလုပ်တော့ဘူး လို့ဆုံးဖြတ်ထားတယ်

ကျွန်မထက်တော်တဲ့ လူတွေရေးတာ ကိုဘဲကျွန်မလိုက်ဖတ် နေလိုက်တယ်

စာပေထဲက မိတ်ဆွေတွေကိုလည်း အလုပ်အကိုင်မရှိတဲ့သူလို့ အထင်အသေးမခံနိုင်လို့

ကျွန်မဖုန်းနံပါတ်တောင်းထားတယ် ဘာလုပ်လဲမေးတယ် အလုပ်မရှိတဲ့လူမပါဘူး

သူများတိုင်းပြည်မှာ အလုပ်သွားလုပ် နေကြတဲ့လူတွေလေ ဖုန်းနံပါတ်တောင်းတာ နဲ့ချက်ခြင်းပေးကျပါတယ်

ကျွန်မ သူငယ်ခြင်းတွေအတွက် ကျွန်မဂုဏ်ယူတယ် မြန်မာပြည်မှာဘယ်လောက်
အလုပ်မလုပ်ခဲ့ဘူးတဲ့သူဖြစ်ပစေ   သူတပါးတိုင်းပြည်မှာ


အလကား အချိန်ဖြုန်းတဲ့ သူမပါဘူးလေနော်မြန်မာပြည်မှာလိုနေချင်သလို နေ

ထိုင်ချင်သလိုထိုင်နေလို့မရဘူးလေနော်။

ကျွန်မပြန်ပြောတယ် ခုဆို အားလို့ စာရေး ကဗျာရေးနေတဲ့ လူမပါဘူး ပင်ပမ်းကျတယ်


မိဝေး ဖဝေး မှာလုပ်ကိုင်နေကျတာလေ သူတို့ကိုကျွန်မခင်တယ်
လေးစားတယ်
န်ဖိုးထားတယ်။

ကျွန်မကိုပြောတဲ့လူတွေ မေးတဲ့လူတွေ အထင်သေးနေကျ တဲ့လူတွေကသာ

အလုပ်မရှိ အကိုင်မရှိ ဘာမှကို ဘ၀ကိုအလေးအနက်မထား တဲ့သူတွေလေ

လာမေးနေတဲံ့သူကိုကျွန်မ တရားနာဘူးလား တရားစာအုပ်ဖတ်ဘူးလား

စာဖတ်တာ ၀ါသနာပါလားမေးကြည့်တယ် ကျောင်းစာ နဲ့ပြင်ပဗဟုသုတနဲ့က တွဲနေတာလေ နားလည်လား

အတတ်ပညာနဲ့အသိပညာနဲ့ပေါင်းမှထူးချွန်တာ သိလား လူကြီးတွေ အသက်ကြီးတဲ့ လူတွေနား
စကားကြာကြာပြောဘူးလား ဘုန်းကြီးကျောင်းကို ခဏ သွားပြီး ဘုန်းဘုန်းတို့ဆုံးမတာနာထောင်ဘူးလား
သက်ကြီးစကား သက်ငယ်ကြား သိလားစာအုပ်စာပေလူ့ မိတ်ဆွေ
အလိမ္မာစာမှာရှိသိလားနဲ့ပြန်ပြောခဲ့မိတယ်လေ သူတို့ကြည့်တာက မင်းသမီး မင်းသား ရုပ်ရှင်သတင်းအတင်းတွေလေ

် ဆန့် ကျင်ဘက်လေ သူငယ်ချင်းတွေနဲ့ကျွန်မနဲ့က ဟိုမင်းသမီး လေနင်သိလားဆို ကျွန်မကမသိဘူးသူဘာဖြစ်ဖြစ်
ဟိုမင်းသားလေသိလား မသိဘူးသူဘာဖြစ်ဖြစ်  တို့ကြည့်တာက မင်းသား မင်းသမီး သတင်းလို့သာဆိုတယ် အတင်းတွေကများနေတယ်

ဝါသနာမတူစရိုက်မတူလူတွေထဲ စိတ်ကိုတော်တော်သည်းခံနေရပါတယ်
 မေးသေးတယ် ကွန်ပျူတာရှေ့ထိုင်နေတာမပင်ပန်းဘူးလားတဲ့  မညောင်းဘူးလားတဲ့ ပြန်မေးလိုက်ပါတယ် ရုပ်ရှင်ထိုင်ကြည့် မင်းသား
မင်းသမီးအတင်းတွေ ရေးတာဖတ်။

မင်းတို့ကောမပင်ပန်းဘူးလား ကွန်ပျူတာရှေ့ထိုင်နေတာ မညောင်းဘူးလားလို့ သူတို့မေးတော့ စိတ်ဆိုးတယ်လေ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်နေကျတာ။

စိတ်ချမ်းသာပါတယ် ကိုယ်ကိုတိုင် ကိုယ်လုပ်ချင် တာလုပ်နေပြီး
သူတပါးကို အပြစ်တင် အထင်သေး ကဲရဲ့နဲ့ဒီလိုသူငယ်ချင်းတွေ ထက်စာရင်
ကျွန်မ ကို မမြင် မသိ ဗဟုသုတတွေပြော အတွေးအမြင်  အတွေးအခေါ်


ရင့်သန် တရားအကြောင်းတွေ လှမ်းဆွေးနွေးတဲ့ သူငယ်ချင်းတွေက
 ပိုပြီးကျွန်မအတွက်  တန်ဖိုးမဖြတ်နိုင်တဲ့  တန်ဖိုးဖြတ်မရတဲ့ သူငယ်ခြင်းတွေဖြစ်ပါတယ် ဒီလိုသူငယ်ချင်းတွေကို ကျွန်မ သံယောဇဉ်ဖြတ် မပေါင်းရတော့ဘူးဆိုရင်

ကျွန်မနေရကသာဝင်ပြီး ခဏလေးတွေးပေးကြပါ ။
ခဏလေးနော် ခဏလေးပါ


ဒါကြောင့်ကျွန်မ ဒီအလုပ်ကို လုပ်သင့်လား မလုပ်သင့်ဘူးလား
ပြောပေးပါ သူငယ်ချင်းများ အားလုံးအားခင်မင်လျှက်။

6 comments:

  1. ဟုတ်ကဲ့ တွေးပေးသွားပါတယ်
    ဒီလိုဘဲ ဘ၀မှာလူတိုင်းအခက်ခဲရှိတတ်ကြပါတယ်
    စာဖတ်ဝါသနာပါတယ် ဆိုလို့  သဘောကျပါတယ်
    လောကကြီးမှာလူကောင်း လူဆိုးဒွန်တွဲနေတတ်တာသဘာဝပါဘဲ
    နိုင်ငံခြားမှာနေပြီး အလုပ်မလုပ်တဲ့သူ ရှိတယ်ဗျ အဲဒါက ကျွန်တော်ပါဘဲ
    မလုပ်ချင်လို့ တော့မဟုတ်ဘူး အလုပ်မရှိလို့ ပါ
    စာဖတ်ဝါသနာပါလို့ ဖတ်ချင်တဲ့ စာအုပ်လေးများ ရှိရင်ပြောပါ ဒေါင်းပြီးပို့ ပေးပါ့မယ် အလုပ်မရှိတော့ အချိန်တွေပိုနေလို့  ဒါလေးတခုဘဲ ကူညီနိုင်ပါတယ် ကျေးဇူးနော်

    ReplyDelete
  2. စာဖတ်နေတာလည်းအလုပ်ပေါ့နော်
    စိတ်ကိုအေးချမ်းလို့ 
    လောဘနည်းသောကနည်း
    စာထဲစိတ်ရောက်နေတော့
    ပါတ်ဝန်းကျင်တောင်မေ့တယ်

    ReplyDelete
  3. ``လုပ်သင့်တယ်´´ စာဖတ်တဲ့အလုပ် ၊ ကွန်ပျူတာရှေ့ထိုင်တဲ့အလုပ်ပဲ ဆက်လုပ်သင့်တယ်။

    စာမဖတ်ရင်အကန်း
    နည်းပညာခေတ်မှာ On Line ပေါ်မှ မတက်ဖြစ်ရင် အ`အ

    ဆက်လုပ်ပါ အားပေးပါတယ်

    ReplyDelete
  4. ကျေးဇူးတင်တယ်ဆရာ..တကယ်ကျေးဇူးတင်တယ်နော်.......တော်တော်စဉ်းစားနေရတာ

    ReplyDelete
  5. အားပေးတာဝမ်းသာပါတယ်နော်.

    ReplyDelete