Pages

Thursday, February 25, 2010

ကြိုက်လို့လုပ်တဲ့လူမရှိဘူး လုပ်ရင်းနဲ့ကြိုက်သွားတာနော်

 ကောင်လေး အလုပ်ရှာနေတယ် သတင်းစာဝယ် စာစောင်တွေဝယ်နဲ့ အလုပ်လျှောက်နေတာ သူအလုပ်လုပ်ချင်လို့တဲ့ သူ့အိမ်က ဆူရင်ပြောရင် သူအလုပ်လုပ်ဖို့စိတ်ကူးတယ် ကျန်တဲ့အချိန်မှာ အလုပ်လုပ်ဖို့စိတ်ကူးမရှိပါဘူး သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်သွား ထန်းတောချိန်း ကလပ် သွား စင်တင်သွားနဲ့ ပျော်မြူးနေတာပေါ့။
အိမ်မှာ မကူညီ မိဘ လုပ်ငန်းလဲ စိတ်မ၀င်စားဘူး တနေ့ တနေ့ သွားလာ လည်ပါတ်နေတာမြင်ရတဲ့ သူက ဘ၀င်မကျဘူး သူ့ကိုပြောလိုက်ရင် ယောင်္ကျားလေး အကုန်တတ်ထားရမယ် အကုန်သိထား သင့်တယ်တဲ့ သူ့ရဲ့ ပါတ်လည်မှာ မိန်းမလေးတွေလဲ ပေါမှ ပေါ ချော မှချော ပေါ့နော်
ကဲ မှ ကဲ စင်တင် မှ အပြန်သူငယ်ချင်းတစ်ယောက် ရဲ့အကိုက ဆိုင်ကယ် နဲ့ဂျစ်ကား တိုက်မိလို သေဆုံးသွားတယ် ကောင်လေး သူငယ်ချင်း တစ်စု ခဏတော့ငြိမ်နေကြသေးတယ်။
နောက်တော့လဲ စင်တင် ထပ်သွားတယ်လေ ကောင်မလေးတွေ နဲ့ ထန်းတော သွား ထန်းရည်သောက် ပြန်လာတော့ ဆိုင်ကယ်နဲ့ကားကို ၀င်တိုက်
နောက်မှာထိုင်စီးပြီးပါလာတဲ့ ကောင်မလေး ခြေထောက်ကျိုးနဲ့ပေါ့
သူ့ရဲ့သူငယ်ချင်း တွေကလဲ ဆိုင်ကယ်ငှားစီး ဘီယာဆိုင်မှာ ပန်းကုံးဖိုးမပေးနိုင်ရင် ဆိုင်ကယ်ထားခဲ့ ကောင်လေး မိဘတွေကလိုက်ရွေးနဲ့ တော့်တော်ကိုဆိုးတယ်
အရက်သောက်။ဘီယာသောက်။ဆေးချ။ကွမ်းစား။တက်တူးထိုးနဲ့
သူမလုပ်တတ်တာ မလုပ်ဘူးတာ မရှိတော့ဘူး စုံနေအောင်စမ်းသပ်တယ် ဘာကိုမှမကျန်ဘူး အကုန် စမ်းသပ် တယ်လေ စမ်းသပ်ရင်းနဲ့ စွဲလမ်း တယ်လေ သူ့ကို မမ ပြောမိတယ် မကောင်းတာလုပ်တဲ့ လူ မှန် သမျှ ကကြိုက်လို့လုပ်တဲ့ လူ မရှိဘူး လုပ်ရင်နဲ့ကြိုက်သွားတာလို့ မမ သူကိုမေးတယ်ကြိုက်လို့ နှစ်သက်လို့
လုပ်တဲ့ လူမရှိဘူး မင်းလုပ်တာ ကောင်းသလား ဆိုးသလား အရက်
ကြိုက်လိုသောက်တာလား မိန်းမ ။ ဖဲ ။ ဆေးချ ။ ကွမ်းစား
မကောင်းမှု့မှန်သမျှကြိုက်လို့လုပ်တဲ့ လူမရှိဘူး လုပ်ရင်းနဲ့ ကြိုက်ကုန်တာ ကောင်းမှု့မှန် သမျှ စမ်းမလုပ်ကြည့် ချင်ကျဘူးလေ လူ့သဘာဝ(လူတိုင်းမဆိုလိုဘူး) နော်
မကောင်းမှု့မှာ မွေ့ လျှော်တယ် တကယ်အလုပ်လုပ်ချင်တဲ့ သူကငွေရမှ မဟုတ်ဘူး အိမ်မှာလဲတတ်နိုင်သ၍ ကူညီတတ်တယ်
ပါတ်ဝန်းကျင်မှာလဲ တတ်နိုင်သ၍ ကူညီတတ်တယ်

တကယ် အလုပ်လုပ် ချင်တဲ့သူက အမြင်မတော်ရင် ကူညီဖို့ဝန်မလေးဘူး
အလုပ်လုပ်ချင် စိတ်ရှိသူလို့ သူ့ကို သတ်မှတ်တယ် အလုပ်တန်ဖိုးကို ငွေကြေး နဲ့တိုင်းတာ သတ်မှတ်မှ အလုပ်လုပ်တယ် ထင်ရင်ဘယ်သူကို မှ ကူညီ့ဖို့စိတ်ကူး ရှိမှာမဟုတ်ဖူး
အလုပ် မ လုပ်လို့ မိဘဆွေမျိုး ပါတ်ဝန်း ကျင်က ကောင်လေးကို အပြစ်ပြော နေရင် သေချာတာက ကောင်လေး မင်းကအိမ်မှာ တတ်စွမ်း သ၍ မကူညီဖူး ပါတ်ဝန်းကျင် မှာလဲ အကူ အညီမရ တဲ့သူမို့အပြစ်ပြောတာဖြစ်တယ်လေနော်။

ကောင်လေးရဲ့ မိသားစု ပါတ်ဝန်းကျင် ဆွေမျိုး အသိုင်း အ၀ိုင်း ကကောင်လေး ရဲ့နေထိုင်ပြု မူ ပြောဆိုနေတာကို အလုပ်တခု လိုစောင့်ကြည်နေတတ်တယ် ဘာလို့လည်းဆိုတော့ ကောင်လေး က  လူဖြစ်နေလို့လေနော်
လူတွေရဲ့သဘောထားက ကိုယ်စွမ်း ရှိသ၍ ဥာဏ်စွမ်းရှိ သ၍ ကူညီ လုပ်ကိုင်နေထိုင်နေရင် အလုပ်လုပ်ေ နတဲ့လူလို့ သတ်မှတ်တယ် လေနော်။

ဒါကြောင့် ကောင်လေးရေ အလုပ်လုပ်ချင်စိတ် တကယ်ရှိခဲ့ရင်အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်
 ဇွဲရှိ စွာနဲ့လုပ် ပါစိတ်ရှည်စွာ လုပ်ကိုင်ဆောင်ရွက်နော်

တနေ့ အောင်မြင် လာနိုင်ပါတယ် ကောင်လေး
ရွေးလုပ်နေသ၍ အလုပ်ရွေးနေ သ၍ ဘာ အလုပ်မှ ရှိမလာနိုင်ပါဘူး မင်းအလုပ် လုပ်ချင်စိတ် တကယ် မရှိသေးဘူး လေနော် လူ ထဲက လူ မို့လို့ကောင်လေး မိသားစု
ပါတ်ဝန်းကျင် မှာ တတ်နိုင်သ၍ ကူညီ လုပ်ကိုင် နေထိုင်ရင် ကောင်လေး အလုပ်လုပ်နေတဲ့ လူ တစ်ယောက်တကယ်ဖြစ်ပါတယ်လို့  မမ ပြောမိပါတယ် ကောင်လေး တစ်ယောက် နားလည်နိုင်ပါစေ။

7 comments:

  1. မမ အတွေး လဲကောင်းတယ် ၊ အရေးလည်း ကောင်းတယ် ၊ မမ ပြောတာမှန်တာပေါ့
    မမ ပျော်ရွှင်ပါစေ။

    ReplyDelete
  2. အင်းဟုတ်ပဗျာ.....ပညာပေးလေးနဲ့သတိပေးလို့ကျေးဇူးပါ...
    သေချာမှတ်သွားတယ်ဗျို့

    ReplyDelete
  3. thakhinnge မမ အတွေး လဲကောင်းတယ် ၊ အရေးလည်း ကောင်းတယ် ၊ မမ ပြောတာမှန်တာပေါ့
    မမ ပျော်ရွှင်ပါစေ။

    ReplyDelete
  4. thakhinnge
    မမ အတွေး လဲကောင်းတယ် ၊ အရေးလည်း ကောင်းတယ် ၊ မမ ပြောတာမှန်တာပေါ့
    မမ ပျော်ရွှင်ပါစေ။

    သခင်လဲပျော်ရွှင်ပါစေ။

    ReplyDelete
  5. guegue1986
    အင်းဟုတ်ပဗျာ.....ပညာပေးလေးနဲ့သတိပေးလို့ကျေးဇူးပါ...

    သေချာမှတ်သွားတယ်ဗျို့

    ခုဖြစ်ပျက်နေတာတွေလေနော်

    ReplyDelete
  6. သခင် လဲပျော်ရွှင်ပါစေ

    ReplyDelete
  7. သေချာမှတ်သွားတယ်ဗျို့

    ခုဖြစ်ပျက်နေတာတွေလေနော်

    ReplyDelete