Pages
Thursday, February 4, 2010
နှောင်တွယ်မှု၏သံယောဇဉ်
ထူးဆန်းမှု့လေးတွေနဲ့မွေးဖွားလာတဲ့ ကလေးလေးကို သူတို့ရဲ့အမေဟာ အကြင်နာမေတ္တာအပြည့်နဲ့ကြည့်နေတာကိုတွေကြရမှာပါ။
တကယ်ကိုထူးဆန်းလှပါတယ်။
မိခင်တစ်ယောက်ဟာ
ကိုယ်မသန်စွမ်းသောသားသမီးကို အလွန်အင်မတန်မှသားသမီးကိုချစ်မြတ်နိုးမှု့တွေကိုမြင်ရပါတယ်။
ကျွန်မတို့ ရဲ့မိဘတွေကို ကျွန်မတို့ ချစ်မြတ်နိုးဖို့ကို အထူးပြောစရာမလိုတော့ဘူးပေါ့နော်။
သား သမီးလေးမွေးလာတာ ဘယ်လိုပုံစံနဲ့မွေးမွေး မိခင်ကကြည်နူးစွာနဲ့လက်ခံရပါတယ်။
ရူးရူး ကျိုးကျိုး ကန်းကန်း ဆွံအ နားမကြား ဖြစ်ပါစေမွေးဖွားလာတဲ့သားသမီးလေးကိုချစ်ခင်မြတ်နိုးစွာ ပြုစုစောင့်ရှောက်ပါတယ်။ သာမာန်မွေးတဲ့ကလေးကို ထိန်းရတာနဲ့မတူဘူး
အချိန်အခါမရွေး သား သမီးအတွက်ပေးဆပ်ခြင်းနဲ့ရှင်သန်နေထိုင်သွားရပါတယ်။
အမေတွေကတော့သူမမွေးဖွားလာတဲ့ကလေးအတွက်။သိပ်ကိုပင်ပန်းစွာနဲ့ထိန်းကျောင်းရတော့တာပေါ့။
ကျွန်မအသိထဲမှာဒီလိုကလေး လေးတွေကိုမြင်ရင် သူတို့မိဘတွေတင်မကပါဘူး ကိုယ်မိဘကိုပါသနားပါတယ်။
ပါတ်ဝန်းကျင်မှာသူ့ အမေမရှိတော့ရင်ဒီကလေးဘ၀ ဘယ်လိုနေထိုင်ရှင်သန်မလဲပေါ့နော်။
မွန်မြတ်လှတဲ့ မိဘမေတ္တာကိုတွေးရင်း ဒီလိုကလေးလေးတွေ အတွက်ရင်မောမိပါတယ်။
ကျွန်မတို့ဗုဒ္ဓဘာသာမှာတော့။
ကံ ကံ၏အကြိုးပေးပေါ့။တရားနဲ့ကြည့်ရင်တရားတွေ့ တယ်။
မေတ္တာနဲ့ကြည့်မိရင်မိဘမေတ္တာတွေ့ တယ်။
မိမိတို့၏ ဘေးပါတ်ဝန်းကျင်မှာလဲ ဒီလိုကလေးလေးတွေရှိပါတယ်။ တစ်နေ့ မှာကျွန်မအိမ်အောက်ပန်းခြံလေးတွေနဲ့ အားကစားကွင်းနားနေဘို့နေရာလေးမှာ ဆင်းပြီးလေ့ကျင့်ခန်းခဏဆင်းလုပ်တော့ ကလေးလေးတစ်ယောက်ကို တွန်းလှည်းလေးထဲထည့်ထားပြီး သူ့အမေဟာကလေးကို ကျွန်မထိုင်နားနေတဲ့နေရာမှာလာထားတယ်။
ကလေးလေးက တွန်းလှည်းလေးပေါ်ကနေပြီး သူ ကျွန်မလက်ကို တင်တင်းဆွဲထားတယ်။
ကျွန်မကလည်း သူလက်လေးကိုပြန်ကိုင်ပေးထားရတာပေါ့ သူ့ အမေဟာ သူမရဲ့ မိတ်ဆွေတွေနဲ့စကားပြောနေလို့မမြင်ဘူး။
တော်တော်လေးကြာတော့ ကျွန်မပြန်မယ်ဆိုပြီး သူ့ရဲ့လက်ကလေးကိုလွတ်ပြီး
ထလိုက်တဲ့အချိန်မှာ  ကလေးလေးဟာ စူးစူးဝါးဝါးနဲ့ရှိုက်ကြီးတငင်  ငိုတော့တာပေါ့။
ကျွန်မကိုသူ့အမေနဲ့ဘေးကအားကစားလုပ်နေတဲ့လူအပန်းလာဖြေနေတဲ့ လူတွေက၀ိုင်းပြီးကြည့်ကျတယ် ကျွန်မလဲဘာလုပ်ရမှန်းမသိဘူးချွေးပြန်သွားတာပေါ့
သူအမေကသူ့မရဲ့သားဘာဖြစ်တာလဲမေးတယ်
ကျွန်မကို  ကလေးလေးဟာသူ့ရဲ့လက်ကလေးနဲ့လာကိုင်လို့ပြန်ကိုင်ပေးထားရတာပါ
သူ့လက်ကိုလွတ်လိုက်လို့ သူငိုတာပါဆိုပြီးရှင်းပြရတယ်။
သူ့အမေကသူ့သားကို တွန်းလှည်းထဲကနေထုတ်ချီတော့ကလေးလေးဟာ ကျွန်မဆီလိုက်ဖို့လက်ကမ်းပါတယ်။
ကျွန်မလဲသူ့အနားလေးကို ကပ်ပြီးနေပေးလိုက်ရတာပေါ့ ကလေးလေးက အတင်းကျွန်မကို ဖက်တွယ်ထားပြီး  ရှိုက်ကြီးတင်ငိုနေပါတယ်။
ကျွန်မလဲဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး စိတ်မကောင်းစွာနဲ့ပဲ သူ့ကလေးရဲ့နာက်ကျောလေး ကိုပြန်ဖက်ပြီး
ပွတ်သတ်ချော့ ပေးနေရပါတယ်။ စိတ်ထဲမှာတော်တော်လေးထိခိုက်ရပါတယ်။
ကျွန်မဒီကလေးလေးကိုထားခဲ့ပြီး  နောက်ရက်တွေအထိ ဒီကလေးလေးအကြောင်းဘဲခေါင်းထဲရောက်နေပါတယ် သူ့အမေသာမရှိရင်ဘယ်လိုလုပ်မလဲဆိုပြီးအတွေးတွေဟာ ခေါင်းထဲရောက်လာပါတယ် သူငယ်ခြင်းတွေကိုပြောပြတော့။
ရီ(ယ်)နေကြတယ် ကျွန်မနောက်ရက်တွေသူတို့သားအမိ လာမဲ့အချိန်ကိုအောက်ကိုမဆင်းတော့ပါဘူး။
သူငယ်ချင်းတွေက ဘာလို့မနက်ခင်းကို အောက်မဆင်းတော့တာလဲမေးနေတော့  ကျွန်မကလေးလေးနဲ့တွေ့ရင်
စိတ်ထိခိုက်ရလွန်းလို့  မဆင်းတော့တာပါဟယ်လို့ ပြောမိတော့ဖြစ်ရမယ်တဲ့ မမရယ်ဆိုပြီးဝိုင်းရီနေကြပါတယ်။
ကျွန်မဖြစ်ခဲ့တာလေးကို သတိရလို့ရေးလိုက်တာပါ။
သူငယ်ခြင်းတွေလဲ နားလည်နိုင်ပါစေ ခဏလေးတွေ့ရတဲ့ ကျွန်မကိုတောင်မှ
 ဒီလိုမျိုးကလေးလေးက မခွဲနိုင်ရင်။
သူ့အမေသာ    မရှိရင်ဆိုတဲ့အတွေးလေးနဲ့  ကျွန်မရေးဖြစ်တာပါ။
မသန်စွမ်းသောကလေးများကို စာနာ သနား နားလည်နိုင်င်ပါစေဟုဆုမွန်ချွေ၏
sg ရောက် အမှတ်တရအဖြစ်လေးပါ..
0 comments:
Post a Comment