Pages

Friday, August 23, 2013

စာပေလောကအမှတ်တရ

စာပေလောကအမှတ်တရ
သူငယ်ချင်းကောင်းပေါ့သူငယ်ချင်းရယ်

တစ်ယောက်တစ်ယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်။

သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်။

တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်။

မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်။

တစ်ယောက်တစ်လက်
နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။

သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........။

သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။

စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့
သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

ပြောဆိုသမျှ ပြန်မပြောငြား
စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ နေတော့မယ်နော်
ထမင်းစား ဆေးသောက်
နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်။

ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းတွေ မမြင်မသိ
ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းလေးချစ်သူရယ်
မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး
ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်

သူငယ်ချင်းကောင်းအတွက်

မွေးသည့်အမေ ကျွေးသည့်အဖေ
ဦးထိပ်ထားလို့  တာဝန်ကျေခဲ့ ပြီးပြီလော

ဆွေမျိုးမိတ်သဟာ ညာတကာနဲ့ 
ပျော်ရွှင်လို့ ရော ၀ပြီလော

ချီးနှီးချိန်ကုန်. ဘ၀ပေါင်းစုံ
လူဖြစ်လို့ ရော မြတ်ပြီလော

ဘုရားသွား ကျောင်းတက် ချစ်ခင်သူနဲ့ 
ပေါင်းဖက်လို့ ရော ၀ပြီလော

မချစ်မနှစ်သက်သူ ဆူပူသူနှင့်
မုန်းတီးလို့ ရော ၀ပြီလော

သင့်တွက် ချိန်တာ တိုလွန်းတာမို့ 
ရယူလို့ ရော ၀ပြီလော

အသိထလော သတိနိုးလော
ပညာနှင့် ယှဉ် ဥာဏ်နှင့် ယှဉ်လော

သာသနာ့  အကျိုး
ပြည်ရွာ အကျိုး...သင်သယ်ပိုး သည်

ဘ၀များစွာ သံသရာက
တော်စပ်ဖူးသည့်
မိ ကို လက်ယာ ဖ ကိုလက်ဝဲ
ပေးဆပ်ရင်းနဲ့  .... အသက်ရာကျော် မြဲပါစေ။။
ပျော်ရွှင်ပါစေ..
.ကြည်နူး စိတ်ဝမ်း ချမ်းမြေ့ပါစေ

သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။



0 comments:

Post a Comment