Pages

Wednesday, August 7, 2013

8888 မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်..၀ိညာဉ်တွေအသိပါကွယ်..


ရင်ထဲမှ ၈၈၈၈လုံး

ဝိညာဉ်တွေအသိပါကွယ်..

၈၈၈၈လေးလုံး နာကျည်းသံ
အာဏာရူး ဘနဖူး သိုက်တူး
မိုက်ရူးရဲဟန် တစောက်ကမ်းနဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူ
လက်ဗလာကို အသေသတ်
မသေမရှင်မြေမှာချလို့ ရေမှာချသမို့
ဝိညာဉ်တွေအသိပါကွယ်..
သွေးမြေတွေပေါ် ထုံးဖြူသုတ်
ကတ္တရာတွေ အထပ်ထပ်အုပ်လဲ
ဝိညာဉ်တို့ရဲ့ဟစ်ကျွေးသံ

မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်..
သမိုင်းဆိုတာရှိသမို့ တိုင်းပြည်အသိ
အရိုင်းခေတ်ဆီ တိုင်းသစ်တည်
တိုင်းပြည်အထိနာပါတယ်..
၈၈၈၈လေးလုံးရဲ့ နာကျည်းသံ
ဝိညာဉ်တွေအသိပါကွယ်..
သူခိုးသူဝှက် မိုက်ရူးရဲတို့
ခေါင်းဖြတ် လူသတ် လုယက် ယူငင်
တိုင်းပြည်အသက်
လက်မတင်လေးကယ်တင်ပြီမို့
၈၈၈၈လေးလုံးရဲ့ ရင်နင့်ဖွယ်ရာ
သားပျောက် လင်သေ
သမီးသေ အဖေပျောက်
သေကွဲ ရှင်ကွဲ ၀က်ဝက်ကွဲမို့
ခိုလှုံ့စရာ တပြည်ပြေးလို့
မိဝေးဖဝေး ကမ္ဘာအဝေးမှာ
နာကျည်းသံတွေ ငိုညည်းသံတွေ
ပေတရာဆီ လက်ညိုးညွန်လို့
ဒီမိုကရေစီ ချက်ချင်းပေးဖို့
ဝိညာဉ်တွေနိုးထ ရှင်သန်လာမှ
၈၈၈၈လေးလုံးနေ့ ကြိုဆိုမယ်..
မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်..
ဝိညာဉ်တွေအသိပါကွယ်..

0 comments:

Post a Comment