Pages

Monday, March 18, 2013

"စိတ်ခွန်အားစောင့်သူ"ဘ၀ အသင်္ချေ "အမေ"


"စိတ်ခွန်အားစောင့်သူ"
အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
~~~~~~~~~~ကောင်းကင်ကို~~~~~~~~~~~  


ဘ၀ အသင်္ချေ "အမေ"
အမေဆိုတာ ဘ၀ အသင်္ချေ တော်ခဲ့တယ်
မိန်းမ ဟူသရွေ့  ဘ၀ အသင်္ချေ
အမေတော်တယ်
မယုံမရှိနဲ့ မြတ်စွာဘုရား
တရားဟောလို့ ထားခဲ့တယ်
 
မိန်းမ ဟူသ၍
ဘ၀ ပေါင်းများစွာ
အမေတော်လို့ 
စိတ်နဲ့တောင်မှ မညှင်းဆဲနဲ့
သံသရာ အဆက်ဆက်
အမေ့နို့ရည် သောက်သုံးခဲ့ ပြီး
"သားမောင်" အသက်ဆက်ဖူးတယ်

မြတ်စွာဘုရား ဒေသနာ
တရား ဟောကြားထားခဲ့တယ်
သံသရာမှာဆွေမျိုးဆပ်ရင် ဆွေမျိုးကြည့်ဘဲ
အမှန် တရား လက်ခံထား
ထားတဲ့သူတိုင်းသိပါတယ်

ဘ၀ အသင်္ချေ "အမေ"တော်လို့  စိတ်နဲ့တောင်မှ မညှင်းဆဲနဲ့

ဘ၀ဟောင်းကအမေမို့   ဘ၀ အသင်္ချေတော်ဘူးတယ်
~~~~~~~~~~~~မ~~မ~~~~~~~~~~~~`

1 comments:

  1. အဲ့ဒီ့ ဒဿန က အရမ်းကောင်းနေတယ်။ ကြိုက်တယ်ဗျာ။။။

    ReplyDelete