Pages

Saturday, March 2, 2013

ပြည်သူ၏ ကျေးဇူးရှင်စစ်စစ်.. မတ်လ ၂ ရက်တောင်သူလယ်သမားနေ့

ပြည်သူ၏ ကျေးဇူးရှင်စစ်စစ်.. မတ်လ ၂ ရက်တောင်သူလယ်သမားနေ့
Mar 2, '13 4:22 PM
for everyone
ပြည်သူ၏ ကျေးဇူးရှင်စစ်စစ်
တောသူတောင်သား
တောင်သူလယ်သမား
ကျောမွဲများမို့
ဘ၀ နေပူ
ခါးရတယ်..
ရေ မြေ တောတောင် ရာသီကောင်းမှ
တောင်သူလယ်သမား
စားရတယ်..


ဒိုးတူဘောင်ဖက်
နေပူစပ်ခါး နွားနှင့်အပြိုင်
ရုန်းရတယ်..

တောင်သူလယ်သမား
ကျေးဇူးရှင်မို့
မတ်လ ၂ ရက်မမေ့ဘူးကွယ်..


‘ထွာနံငယ် ခမောက်စုတ်နှင့်
လူလုပ်ကယ်တဲ့ ညံ့လိုက်တာ
ဆိုးတဲ့ ကံဟာ။
မိုးမရွာ မြေသာကွဲလို့
ခနဲ နှင့် ရေကိုတင်
ပန်းတဲ့ဖြစ်အင်။’
ရွှေဘို ဗုံကြီးသံ‘မောင်း နှင့် ခူနင်း
ရေလျှင်သွင်း
ပျိုးခင်းကောင်းလျက်
မြောင်တောင် ဖျက်’
ဖျက်စု သံပေါက်
တောင်ဖီလာဆရာတော်
(မြန်မာ သက္ကရာဇ် ၉၄ဝ-၁ဝ၁၃)ဒိုးတူဘောင်ဖက်
နေပူစပ်ခါး နွားနှင့်အပြိုင်
ရုန်းရတယ်..

တောင်သူလယ်သမား
ကျေးဇူးရှင်မို့
မတ်လ ၂ ရက်မမေ့ဘူးကွယ်..
လယ်မြေကောင်းလျှက်
ခရိုနီဖျက်
လယ်ယာကောင်းလျှက်
စီမံကိန်းဖျက်
ပျိုးခင်းကောင်းလျက်
ရာသီဖျက်
စပါးကောင်းလျှက်
ငါးမြှောင်တောင်ဖျက်
ဖျက်စု သံပေါက်

မ..မ

မ မ


0 comments:

Post a Comment