Pages

Monday, March 25, 2013

နွေအရိုက်ခံရချိန်




နွေရဲ့အရိုက်ခံရချိန်
တစ္ဆေတွေဆော့ကစား ဘီလူးတွေပျော်ပါးချိန်
သစ်ရွက်လေးတွေဟာ တဖြုတ်တဖြုတ်ကြွေကျတယ်..
...
ခေါင်ကမိုးမလုံချိန်မှာ အရောင်ပြောင်းတတ်တဲ့ ကောင်းကင်ဟာ
ညို့မှိုင်းပြီး မုန်တိုင်းအဖြစ်တိုက်ခတ်ပြန်တယ်..
မုန်တိုင်းငြိမ်လို့ ကောင်းကင်ကြည်လင်လာချိန်မှာ
သဘာဝက တီးတိုးလှုတ်ခတ်တဲ့ လေတိုးသံသဲ့သဲ့လေးကြားမိတာတောင်မှ
ကယောင်ခြောက်ခြားနဲ့ ကော်ဖီခါးခါးမသောက်ပါဘဲ
ရင်တွေခုန် လက်တွေတုန် စိတ်တွေထဲသက်ပျင်းတွေခုန်ခုန်ချတယ်..
အိပ်ရေးတွေပျက်ပြီး ညနဲ့မနက်လွဲနေချိန်မှာ
စိတ်တွေအရိုက်ခံရတယ်..
ဟူးးးးးးးးးး
ရှိုက်ထုတ်လိုက်တဲ့လေပူများကြောင့် ဒီနွေဟာပိုပြီးပူပြင်းတယ်..
ပူလောင်တဲ့လူသားတွေရယ် တီးတိုးသက်ပျင်းချသံတွေရယ်ကြောင့်
စိတ်မကောင်းဖြစ်မိပါတယ် ကမ္ဘာကြီးရယ်..
သဘာဝကပျက်စီးချိန် အပူတွေထပ်ရပြန်ပြီကွယ်..

1 comments:


  1. အမွန်မြတ်ဆုံးပါ..

    အလကားရနေပါတယ်..ငွေပေးဝယ်စရာမလိုပါဘူး
    ဒါပေမယ့်လူတိုင်းမှာမရှိနိုင်ဘူး..

    မေတ္တာဟာလောကထဲမှာ တန်ဖိုးအရှိဆုံးနဲ့
    အမွန်မြတ်ဆုံးပါ..

    ReplyDelete