Pages

Sunday, December 16, 2012

အလွမ်းဆုံးဒီဇင်ဘာ...


အလွမ်းဆုံးဒီဇင်ဘာ...
Nov 13, '10 1:20 AM
for everyone


ဒီဇင်ဘာပေါ့

ငါစနောက်လို့ ချစ်သူပုန်းတာ

ဒီဇင်ဘာပေါ့ ငါချစ်သူလေး မြူတွေဖုန်းတာ

ဒီဇင်ဘာပေါ့ နှင်းမိုးတွေနဲ့ ငါချစ်သူလေး  ပျောက်ဆုံးခဲ့တာ

အဲဒီဇင်ဘာပေါ့ ငါအမုန်းဆုံး ငါဖြစ်ခဲ့ရတာ

ဒီဇင်ဘာပေါ့ ချစ်သူပျောက်တော့ ငါရှုးမတတ်ဖြစ်ခဲ့တာပါ။

ဒီဇင်ဘာပေါ့   မာယာများတယ်   ကဝေမလို  ငါချစ်သူကို   ယူဆောင်သွားတာ

ဒီဇင်ဘာပေါ့      ငါမုန်းလိုက်တာ   နာကျည်းလိုက်တာ  

ဒီဇင်ဘာပေါ့    ရင်ထဲလှိုက်ဆူ    ဘ၀င်ပူအောင်  သူလှည့်စားတာ
ဒီဇင်ဘာပေါ့      အချိန်တန်ရင် ငါမခေါ်လည်း   ငါ့ရှေ့ကိုလေ   သူရောက်လာတာ
    
ဒီဇင်ဘာပေါ့    ဒီနေ့ ထိတိုင်   ငါရင်ထဲမှာ  ခိုအောင်းနေတာ

ဒီဇင်ဘာပေါ့   ဘယ်လိုနှင်နှင်    နာကျည်းခြင်းနဲ့   ငါ့ရင်ထဲမှာအမြဲရှိနေတာ

အဲ့ဒီဇင်ဘာပေါ့   ဖျောက်လဲမပျောက်   မေ့လဲမရ    ငါအလွမ်းဆုံးဒီဇင်ဘာ............။
10 CommentsChronological   Reverse   Threaded

sauveur wrote on Nov 13, '10
လာဖတ်သွားပါတယ်ဗျာ..။
Comment deleted at the request of the author.

mahaythi2010 wrote on Nov 13, '10
ဒီဇင်ဘာကြောင့် .... လွမ်းနေရပြီပေါ့ .....

yinminkhine wrote on Nov 13, '10
ဒီဇင်ဘာကြောင့် .... လွမ်းနေရပြီပေါ့ .....
အင်းးးးးးးး မောင့် ဒီဇင်ဘာ နှင်းတွေတဖွဲဖွဲကျ သိတ်သတိရ။။။။။။။။။။။။။။

သီချင်းနော်...........းP

yinminkhine wrote on Nov 13, '10
sauveur said
လာဖတ်သွားပါတယ်ဗျာ..။
အားပေးတော့ အားရှိ၏

moeemyintthiha wrote on Nov 13, '10
ကျနော်က ဂျူလှိုင် ပါနော်

generalzinminko wrote on Nov 14, '10
ဟုတ် ... ခံစားခဲ့ပါတယ် မမ ။

kyawnyine wrote on Dec 1, '10
ကျွန်တော် ကတော့ ဒီဇင်ဘာကို သဘောကျတယ် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့

kotunwinlatt wrote on Dec 1, '10
ဒီဇင်ဘာရေ နှင်းတွေနဲ့အတူ
အေးမြခြင်းတွေသယ်မလာပဲ
အလွမ်းနှင်းတွေဘာလို့ခေါ်လာရသလဲ
မြောက်ပြန်လေညှင်းနဲ့အတူ
ချစ်သူအနံ့အသက်တို့
ရလေမလားလို့
ေ၀၀ါးဝါးနှင်းမှုန်ကြားမှာ
ဘ၀ဟာခါးနေရပီပေါ့...

thanhtike45 wrote on Dec 1, '10
လွမ်းစရာလေးပါ မမ၇ယ်

4 comments:

  1. ဟုတ်တယ်..ဒီဇင်ဘာဆိုရင် အရမ်းကိုလွမ်းတယ် ကိုယ်တို့မြို့လေးကိုလဲလွမ်းတယ် အိမ်ကိုလဲ လွမ်းတယ်

    ReplyDelete
    Replies
    1. စပယ်လေးရယ်
      ခံစားချက်တိုက်ဆိုင်၏
      အလွမ်းဆုံးကဒီဇင်ဘာ
      ရင်ဘတ်ထဲ နှလုံးအိမ်ကို အလွမ်းမြစ်တစ်စင်း တိုက်စားချိန်ပေါ့..

      Delete
  2. ဒီဇင်ဘာပေါ့ နှင်းမိုးတွေနဲ့ ငါချစ်သူလေး ပျောက်ဆုံးခဲ့တာ

    အဲဒီဇင်ဘာပေါ့ ငါအမုန်းဆုံး ငါဖြစ်ခဲ့ရတာ

    ဒီဇင်ဘာပေါ့ ချစ်သူပျောက်တော့ ငါရှုးမတတ်ဖြစ်ခဲ့တာပါ။

    (အစ်မတော် သတိရပါတရ် ခင်တဲ့ နတ်ဆိုးလေး)

    ReplyDelete
    Replies
    1. နတ်ဆိုးလေးကို အမြဲသတိရပါတယ်..
      ကျန်းမာပျော်ရွှင်ပါစေနော်..
      နတ်ဆိုးလေးကို ခင်တဲ့အမတော် မ..မ

      Delete