Pages

Sunday, December 16, 2012

အကောင်းဆိုတာ မြူစမှ မပါ

အကောင်းဆိုတာ မြူစမှ မပါ..
ဟိုဒီကူးသန်း  ၀ဲလှည့်နေတာ
ငါ့သားငါ့သမီး ငါ့စီးပွား ငါ့ဥစ္စာ
ဆုကြီးလဘ်ကြီး တစ်ခုမှ အကောင်းမပါ

သေခြင်းတရားမှ နေခြင်းတရား ...
တစ်ခုသောဒုက္ခမှ တစ်ခုသောဒုက္ခ အရောက်ပို့နေတာ
အသေဒုက္ခမှ အနေဒုက္ခ
ဆက်စပ်ခြင်းမှ တပါးအခြားမရှိပါ

သတိ ၀ီရိယ သမာဓိ ပညာ
ထောင်တတ်တဲ့နား ကျင့်တတ်တဲ့ဥာဏ်လေးနဲ့ အသုံးချတတ်ပါ..
သံသရာအရေး ဟောတတ်သောဆရာ
မြတ်ဘုရား မြတ်တရား ဆရာတော်ဘုရား ဟောကြားထားခဲ့တာ..

2 comments:

  1. Replies
    1. လာမှတ်သားသွားတာ
      လေးစားပါတယ်မောင်ငယ်..
      ကျန်းမာပျော်ရွှင်ပါစေ..

      Delete