Pages
Wednesday, December 12, 2012
12.12.2012.."တို့ရွာသမိုင်း"လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ပုံတော်များ
" တို့ရွာသမိုင်း "
~~~~~~~~
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
...
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။
~ ( ဆရာကြီမင်းသုဝဏ် )
8 comments:
  1. ငါတို့ရွာတွင်
    ရှေးခါအရှက်၊ အကြောက်ဖက်၍
    ကျင့်ပျက်အမှု၊ မကောင်းစုကို
    ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
    ...
    မှန်လိုက်လေဗျာ။
    မင်းဒင်
    ReplyDelete
    Replies
    1. ကိုမင်းဒင်ရယ်..
      မှန်တာကို လူတိုင်းမပြောရဲကြဘူး
      အမှန်တရား တရားအမှန်
      မှန်ကန်တဲ့ အသိပညာရှိသူမှသာ
      အသိတရားရှိသူမှသာ
      ရေးရဲ ပြောရဲ ပြုလုပ်ရဲကြပါတယ်..
      ဘက်ပင်းးးး
      ပင်းးးတဲ့ဘက်များတယ်..ကိုမင်းဒင်ရယ်
      Delete
  2. တယုတ် လာမှ
    တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
    တွေးတိုင်း တက်ခေါက်မိသတည်း။
    ReplyDelete
    Replies
    1. ကိုတိုးရယ်..
      ယုတ်သမျှကို အပုတ်ချကာဆိုရလျှင်ဖြင့်
      ကမ္ဘာကြီးဟာဖျားနာသွားတယ်..
      မြန်ပြည်တလွှား သူ့လက်ချက်နဲ့
      ဒို့ပြည် ဒို့ရွာ မီးရှို့ ပြာချ ရေထဲမျှောလို့
      မြေပေါ်မြေအောက် ရေပေါ်ရေအောက်
      သံယာဇာတ တွင်းထွက် ပစ္စည်းကုန်ပြီကွယ်..
      နောက်ထပ်တစ်ဖန် သံဃာတော်၏
      အရေအသား သူသွေးတောင်းနေပြန်ပါတယ်..
      ယုတ်သမျှကို လှစ်ဟကာ ဆိုရရင်ဖြင့်
      အမယ်ဘုတ်ကဲ့ သူ့ချည်ခင်
      ရှင်းလေ ရှုတ်လေ အယုတ်တွေ ပါလားးးးးးးး
      Delete
  3. မ....မ....
    သွေးလာလည်ယင်စာတွေဖတ်သွားတယ်နော်မ...မ
    မာတီမှာမဆုံဖြစ်တော့ဒီနေရာမှာလာဆုံရတာပါမ...မ
    ReplyDelete
  4. သွေးလေးရေ
    မာတီအလွမ်းပြေ
    စာချစ်သူလေး ကဗျာချစ်သူလေး
    ကျန်းမာပါစေ..
    ကမ္ဘာသူကမ္ဘာသားအားလုံး
    စိတ်တွေ အေးချမ်း ကျန်းမာကြပါစေ..
    ကမ္ဘာကြီး ဖျားနာခြင်းမှ ကင်းဝေးပါစေ
    ကမ္ဘာကြီး လုပ်ကြံခံရခြင်းမှ ကင်းဝေးပါစေ
    ကမ္ဘာကြီး သန့်ရှင်းကြည်လင်ပါစေ..
    ReplyDelete
  5. မမရေ ကဗျာလေးကအရမ်းထိမိပါတယ်
    အရမ်းကောင်းတယ်
    ReplyDelete
    Replies
    1. ပြည်သူ့အရေး သံဃာအရေးမို့
      တတ်သည့် ပညာမနေသာ၍
      အားပေးမှုကို လေးစားကျေးဇူးတင်ပါတယ်..
      ကမ္ဘာကြီးကို ရောင်းချသူများ
      ကင်းဝေးပါစေ ဆုတောင်းမေတ္တာဝေ..
      Delete