Pages

Friday, October 14, 2011

(၆၄) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အစဉ်အလာကြီးမားခဲ့သော (၁၀) ကြိမ်မြောက် "မြို့မလှသီတာ ဖလား" အမျိုးသား အလွတ်တန်း w ဘောလုံး ဖိတ်ခေါ်ပြိုင်ပွဲ


(၆၄) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
အစဉ်အလာကြီးမားခဲ့သော (၁၀) ကြိမ်မြောက်


"မြို့မလှသီတာ ဖလား"
အမျိုးသား အလွတ်တန်း w ဘောလုံး ဖိတ်ခေါ်ပြိုင်ပွဲ


W ဘောလုံးဝါသနာအိုးများ အတွက် သတင်းကောင်းတစ်ခုပြောကြားလိုပါတယ်။
ဒါကတော့ ရန်ကုန်မြို့အတွင် အစဉ်အလာကြီးမားခဲ့သော မြို့မလှသီတာ W ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲကြီးကို
မကြာမီရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ပါတယ်။ ၂၀၀၁-၂၀၀၂ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ
ယခုဆိုလျှင် ၁၀ကြိမ်မြောက် အထိရောက်ရှိလာခဲ့ပါပြီ။ ကျင်းပခဲ့သော ပြိုင်ပွဲအဆက်ဆက်တွင်
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အသီးသီးမှလာရောက် ယှဉ်ပြိုင်ခဲ့တာကြောင့် မနှစ်ကဆိုလျှင်

ပြိုင်ပွဲဝင် အသင်း ၉၇သင်းထိ ရှိခဲ့ပါတယ်။ အချိန် ၂လနီးပါကြာ ကျင်းပသော ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့်လည်း
ကြံခိုင်မှု၊ လျှင်မြန်မှု၊ အသင်းလိုက်ညီညွတ်မှု၊ ကျွမ်းကျင်မှု၊ နည်းစနစ်စသည့် ကစားဟန်များကို
တစ်သင်းနှင့်တစ်သင်း မတူကွဲပြားစွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

မနှစ်က ၂၀၁၀-၂၀၁၁ ပြိုင်ပွဲမှာတော့
ပထမဆုအနေနှင့် ၁၀သိန်း၊
ဒုတိယဆု - ၅သိန်း၊
တတိယဆု -၃သိန်း၊
စတုတ္ထဆု- ၁သိန်း၊
အကောင်းဆုံးကစားသမားဆု- ရွှေလက်စွပ်တစ်ကွင်း၊
အသန့်ရှင်းဆုံးဆု၊
ကွာတားဖိုင်နယ်ရောက်အသင်းဆု

တို့ကိုအသီးသီးချီးမြှင့်ခဲ့ပါတယ်။

ကလေးပြိုင်ပွဲအနေနှင့်လည်း
ပထမဆု- ၁သိန်း၊ ဒုတိယဆု- ၇သောင်းခွဲ၊ တတိယဆု-၅သောင်းဆုချီးမြှင့်နိုင်ခဲ့ပါတယ်။

ဒီတော့ W ဘောလုံးဝါသနာရှင်များအနေနှင့်သော်လည်းကောင်း၊ ပြိုင်ပွဲမှာဝင်ရောက်
ယှဉ်ပြိုင်ချင်သူများအနေနှင့်သော်လည်းကောင်း လက်လွတ်မခံသင့်တဲ့ပွဲပါ။
ဝင်ရောက်ယှဉ်ပြိုင်ချင်သူများနေနှင့်ကစားသမား ၇ယောက်( ၅ယောက်ကစား၊ အရန် ၂ယောက်)၊ နှင့်
အသင်းတာဝန်ခံ တို့ပါဝင်ရမှာဖြစ်ပါတယ်။ ၀င်ရောက် ယှဉ်ပြိုင် ချင်တယ်ဆိုရင်တော့
အောက်မှာဖော်ပြထားတဲ့ လမ်းညွှန်အတိုင်း လာရောက် စာရင်းသွင်းနိုင်ပါတယ်။


ကျင်းပမည့်နေရာ ..........



သမိုင်းမြို့မကျောင်း ၊ သမိုင်း(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။  (သမိုင်းဂုံကျော်တံတားနှင့် ဦးဘဟန်ကားမှတ်တိုင်ကြား)

ပြိုင်ပွဲဝင်ခွင့် ပုံစံ စတင်ရောင်းချမည့်နေ့....................


(12.10.2011 ) မှ ( 2.11.2011) နေ့အထိ

ပြိုင်ပွဲ စတင် အသင်းများ အုပ်စုခွဲ မဲမှိုက် ကြေငြာမည်နေ့....................(6.11.2011)

ပြိုင်ပွဲ စတင်ကျင်းပမည့်နေ့..........................( 13.11.2011)


3 comments:

  1. ဘောလုံးဝါသနာရှင်လေးတွေအတွက်ပေါ့.........:P

    ReplyDelete
  2. ဘောလုံးဝါသနာရှင်လေးတွေအတွက်ပေါ့.........:P

    ReplyDelete