Pages

Monday, October 17, 2011

MMG နှစ်နှစ်ပြည့် တွေဆုံပွဲ အမှတ်တရ ပုံရိပ်များhttp://multiplygroups.multiply.com/journal/item/1374/1374

ဒီနေ့ MMG (၂) နှစ်ပြည့် တွေ့ ဆုံပွဲအခမ်းအနားလေးကို ရန်ကုန် City Star ဟိုတယ်မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
ဒီနှစ်အစီအစဉ်လေးက ထူးခြားပါတယ်...
တိုးတက်မှုတွေများစွာနှင့်ပေါ့...

MMG အဖွဲ့ ဝင်များ
ကဗျာဆရာ ငြိမ်းစိုးဦး၊ ကိုလင်းအောင်ပြည့် ၊ ကိုအလင်းစေတမန် ၊မမေဇူး

MMG မိသားစုဝင်များ စာရေးကောင်းသူများဖြစ်ကြတဲ့ ကိုကြည်နိုင်၊ ကိုရီး၊ ကိုသတိုး တို့ အုပ်စု MMG Admin တစ်ဦးဖြစ်တဲ့ မမေဇူးမှ အမှတ်တရလက်မှတ်ရေးထိုးစဉ် MMG (မြန်မာမာတည်ပလိုင်းအဖွဲ့ ) စတင်တည်ထောင်စဉ်ကတည်းက ပါဝင်သော ဦးဇင်းလေး ဦးဝရသမိ MMG Admin တစ်ဦးဖြစ်သော ကိုလင်းအောင်ပြည့်မှ အဖွဲ့ အတွက် ပြောကြားစဉ် MMG တွေ့ ဆုံပွဲကို မိသားစုနှင့်အတူ အရောက်လှမ်းလာသော ရတနာပုံရွှေမြို့ တော်မှ ကိုမင်းမင်းဇော် (မြန်မာ့ဆေးမြီးတိုများ ကို အစဉ်တစိုက်ရေးသားသူ) ကိုကြီး (ခ) ကိုရီး မှပြောကြားစဉ်၊   နေကာမျက်မှန်ကို အင်္ကျီမှာတပ်ထားပြီး ငေးနေသူမှာ မာတည်မှ ဆရာကျောင်းဖြစ်ပါသည်။ကိုသစ်ကိုမှ အစီအစဉ်များကို ပြောကြားနေပုံSky Net မှ အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးပါသည်။MMG အက်ဒမင်များကိုလည်း တွေ့ ဆုံမေးမြန်းနေပုံကို တွေ့ ရပါသည်။မဲလိပ်များနှိုက်ပြီး ကံစမ်းမဲလက်ဆောင်များ ပေးဖြစ်ခဲ့သည်။ပရဟိတများအတွက် လက်မနှေးသော မ.မ နှင့်  MMG အတွက် အားတက်သရောကူညီပေးသော ကိုရီး အမှတ်တရလက်မှတ်များရေးထိုးစဉ်MMG စတင်တည်ထောင်ကတည်းက အားတက်သရောပါဝင်ခဲ့သော ဖိုက်တာနှစ်ယောက်ထဲမှ အပါအ၀င်ဖြစ်သော ( သူတို့ ဂုဏ်ထူးတွေကလည်း များလိုက်တာနော်) ကိုလင်းထက်နှင့် ကိုသစ် ငြိမ်းချမ်းရေးရယူအပြီး ချစ်ချစ်ခင်ခင်MMG အဖွဲ့ ဝင်များMMG လူစွမ်းကောင်းတွေပေါ့..ဘာလို့ လဲဆိုရင် သူတို့ က MMG T shirt တွေ ၀တ်ထားလို့ ပေါ့...ရတနာပုံမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာကျောင်း၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး...... MMG ပုရိသများ (ဦးဇင်းလေးနှစ်ပါးနှင့်အတူ)

Sky Net မှ မမချောများ၊ စာနယ်ဇင်းမှ မမလှလှများ နှင့် တွေ့ ဆုံပွဲတက်ရောက်လာသော MMG အဖွဲ့ ဝင်များMMG တွေ့ ဆုံပွဲမှာ Members အသစ်များကိုလည်း မြင်တွေ့ ခွင့်ရခဲ့ပါသည်။

Multiply မှ မ.မ လည်း နေမကောင်းတဲ့ကြားထဲမှ တက်ရောက်တဲ့အတွက် ကျေးဇူးတင်မိပါသည်။ ဒီရက်ပိုင်းအတွင်းတွင်မှ MMG မှ Admin တစ်ဦးဖြစ်သော ကိုအုန်း နေမကောင်းသဖြင့် ဆေးရုံရောက်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပါ၊

တိုက်တိုက်ဆိုင်ဆိုင် MMG ပရဟိတများကို အားတက်သရော ကူညီပေးသော ဘိတ်သားလေးလည်း ဇနီးမီးဖွားရက်နီးသည့်အပြင် နေမကောင်းသဖြင့် တွေ့ ဆုံပွဲကို မတက်ရောက်နိုင်ခဲ့ပါ။ ထို့ အတူ MMG တစ်လပြည့်၊ တစ်နှစ်ပြည့် ထိ ပွဲတွေဆက်တိုက်လာခဲ့သော မရင်သွေးဦးလည်း နေမကောင်းလို့ မတက်သာလို့ မလာနိုင်ခဲ့ပါ...
ဒါကြောင့် MMG မှ မောင်နှမများအားလုံး ကျန်းမာပါစေကြောင်းလည်း ဒီနေရာလေးကနေ ဆုတောင်းလိုက်ပါတယ်။

Multiply မှ ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ မစန္ဒီလည်း တက်ရောက်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။

ဒီဇိုင်နာ နှစ်ယောက်ဖြစ်တဲ့ မချို နဲ့ မသင်းတို့ ကိုလည်း ပွဲတိုင်းမပျက်မကွက်တက်လို့  အားတက်မိပါတယ်။

ရတနာပုံရွှေမြို့ တော်မှ MMG တွေ့ ဆုံပွဲကို အရောက်လှမ်းလာသော ကိုမင်းမင်းဇော်တို့ မိသားစု နှင့် ကျုံတိုင်းမှ တကူးတက လာရောက်ကြသော ဆရာငြိမ်းစိုးဦး၊ ကိုကြည်နိုင် (ဆရာကျောင်း)၊ ကိုစိုးပိုင်ဦး၊ ကိုသတိုး......မန္တလေး၊လပွတ္တာ၊ပုသိမ်လာရောက်ကြသော MMG မောင်နှမများ အားလုံးကိုလည်း  တွေ့ ဆုံပွဲအတွက် အထူးကျေးဇူးတင်ပါတယ်။

MMG နှစ်နှစ်ပြည့်မှ တွေ့ ဆုံပွဲလာရောက်ဖြစ်ကြတဲ့ Multiply မှ သူငယ်ချင်းမောင်နှမများအားလုံးကို တွေ့ ဆုံဖြစ်လို့ အထူးဝမ်းသာမိပါတယ်....
MMG ပရဟိတနှင့်  တွေ့ ဆုံပွဲများကို အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းစွာနှင့် ဦးဆောင်ပေးသော Admin များဖြစ်တဲ့ ကိုလင်းအောင်ပြည့်၊ မမေဇူး၊ ကိုအလင်းစေတမန်(ကိုသူရိန်) ၊ ကိုအုန်းသီး နှင့်
MMG စထောင်ကတည်းက ဦးဆောင်ပါဝင်ခဲ့သော ကိုရီး၊  ကိုလင်းထက်၊
အဝေးတစ်နေရာမှ ကူညီအားဖြည့်ပေးသော မမြတ်မွန်၊ မသော်တာ တို့ ကိုလည်း MMG မှတဆင့် လေးစားဂုဏ်ယူမိကြောင်း ပြောပါရစေနော်...

တက်ရောက်လာကြသော MMG မောင်နှများအားလုံးနှင့် စာနယ်ဇင်းမှ တာဝန်ရှိသူများ၊   အင်တာဗျူးအစီအစဉ်များတင်ဆက်ပေးသော Sky Net ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

MMG အစဉ်တိုးတက် အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
http://multiplygroups.multiply.com/journal/item/1374/1374

27 comments:

  1. အစ်မကိုလည်း ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. MMG မှ မောင်နှမများအားလုံး ကျန်းမာကြပါစေကြောင်း
    ဒီနေရာလေးကနေ ဆုတောင်းလိုက်ပါတယ် အစ်ကို အစ်မ တို့ ရေ ။ ။ ။ ။ ။ ။
    ပျော်စရာကြီးထင်တယ်နော် . . . .
    အစ်ကို အစ်မ တို့ ရေ .....
    နောက်နှစ်တွေတော့ ဆုံရတာပေါ့ဗျာ ။ ။ ။ ။ ။ ။

    ReplyDelete
  3. ဟင့် တွေ့ဆုံပွဲလည်း မလာနိုင် တွေ့ကြတဲ့သူတွေကို လာကြည့်တော့လည်း ပုံက မမြင်ရ...
    ဆိုးလိုက်တဲ့ ကိုးနတ်ရှင်...

    ReplyDelete
  4. ကိုးနတ်ရှင်က ဘယ်ရောက်နေတာလဲ လိုင်းပေါ်မရှိဘူးလား

    ခုထိကောင်းသေးဘူးလား

    ဘယ်ချိန်မှ ကောင်းနိုင်မလဲပဲနော်

    တော်တော်ဆိုးတဲ့ ကိုးနတ်ရှင်ပဲ

    ReplyDelete
  5. အားကျဂုဏ်ယူဖွယ်၊တက်ကြွပျော်ရွှင်ဖွယ် မြင်ကွင်းတွေနဲ့အတူ ကြည်နူးမိပါတယ်။
    မာတီက ဆရာသမား ညီအကိုတွေကို မြင်ခွင့်ရလို့ ကျေးဇူးပါပဲ။
    MMG အဖွဲ့ကလေး အများအကျိုးသယ်ပိုးရင်း အဓွန့်ရှည် တည်တန့်ပါစေ လို့ဆုတောင်းပေးနေပါတယ်။

    ReplyDelete
  6. ဓာတ်ပုံလေးတွေ ကြည့်ခွင့်ရတာ ကျေးဇူးတင်ပါတယ် မမ ....

    ReplyDelete
  7. စနိုးတို့မဟေလေးတို့ကိုပါတွေ့ချင်နေတာပါ..........

    ReplyDelete
  8. (ကိုးနတ်ရှင်က ဘယ်ရောက်နေတာလဲ လိုင်းပေါ်မရှိဘူးလား

    ခုထိကောင်းသေးဘူးလား

    ဘယ်ချိန်မှ ကောင်းနိုင်မလဲပဲနော်

    တော်တော်ဆိုးတဲ့ ကိုးနတ်ရှင်ပဲ ) :P
    ကိုးမြို့ ရှင် နတ် ကတောင် ကြီးမှာလေ ...... ဟိဟိ

    ReplyDelete
  9. အဆင်ပြေရင်အားလုံးနဲ့တူတူပါဝင်ချင်တယ်ဗျာ..နောက်ခေါက်တွေမှာပေါ့

    ReplyDelete
  10. သီဟရေ တွေ့ဆုံကြဖို့ ကို နောင်နှစ်တွေမှာ

    မာတီ MMG မှကြိုဆိုနေပါတယ်..........

    ReplyDelete
  11. အမ ရေ လာကြည့်သွားဘီ

    MMG မှာလည်းကြည့်သေးတယ် နောက်အခွင့်အရေးပေးရေ လာချင်မိပါကြောင်းဗျာ

    ReplyDelete
  12. ထပ်တူလေးစားကျေးဇူးတင်နေပါတယ်..။

    ReplyDelete
  13. MMG မှ မောင်နှမများအားလုံး ဆုံမယ့်ရက်စောင့်မျှော်နေပါတယ်နော်...

    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  14. ကိုးနတ်ရှင်က ဘယ်ရောက်နေတာလဲ လိုင်းပေါ်မရှိဘူးလား

    ခုထိကောင်းသေးဘူးလား

    ဘယ်ချိန်မှ ကောင်းနိုင်မလဲပဲနော်

    တော်တော်ဆိုးတဲ့ ကိုးနတ်ရှင်ပဲ

    ReplyDelete
  15. အားလုံးနဲ့ထပ်တူ ဒီနေ့လေးကို ကြည်နူးမိပါတယ်။

    ReplyDelete
  16. စနိုးတို့မဟေလေးတို့သွေး ကိုပါတွေ့ချင်နေတာပါ..........

    ReplyDelete
  17. သိပါဘူးးးး
    တော်ကြာပျောက်လိုက် တော်ကြာပေါ်လိုက်လေ

    ကိုးနတ်ရှင် လင်နာက်လိုက်တယ်မှတ်နေတာ..

    ReplyDelete
  18. သူငယ်ချင်းလေး အမြဲအဆင်ပြေနေပါစေ

    MMG မောင်နှမများအားလုံးမှ ကြိုဆိုစောင့်မျှော်လျှက်ပါ.................

    ReplyDelete
  19. လာပါ အားလုံးမျှော်နေ၏

    ကိုတိုးပါခေါ်ခဲ့နော်..........။

    ReplyDelete
  20. တကယ်ကို ပျှော်ဖို့ ကောင်းမယ့် စပေ တွေ့ဆုံပွဲလေးပါပဲ...။


    ကကြီး။

    ReplyDelete
  21. သူငယ်ချင်းတို.ရေ...
    MMG (2)နှစ်ပြည့်အောင်မြင်စွာ ပြီးမြောက်သွားတာကို အားပါတရ တ၀ကြီးငေးမောသွားပါတယ်ဗျာ။
    နောက်နှစ်ကျရင် လာဖြစ်အောင်လာခဲ့ပါမယ်။

    *မမရေ ဓါတ်ပုံလေးတွေအတွက်ကျေးဇူးပါဗျာ။*

    ခင်မင်ခြင်းများစွာဖြင့်
    ကျော်နန္ဒ
    21/10/2011

    ReplyDelete
  22. လူဆိုး သူ့ကြောင့်သိကုန်တာ

    နာမယ်သတိထားနေနော် ဟွင့်

    ReplyDelete
  23. ဟုတ်တယ် က ရေ တကယ့်ကိုကြည်နူးဖွယ်ပါ

    ReplyDelete
  24. ဘယ်တွေပျောက်နေတာလဲခုမှတွေ့တော့တယ်

    MMG (2)နှစ်ပြည့်အောင်မြင်စွာ ပြီးမြောက်သွားတာကိုထပ်တူ ကြည်နူးမိပါတယ်

    မျှော်နေမယ်နော်

    ကျန်းမာပျော်ရွှင်ပါစေ..............

    ReplyDelete
  25. MMG အောင်မြင်ဖို့ မျှော်လင့်နေတယ်
    ကျွန်တော် မလာနိုင်ခဲ့ပေမယ့် ပုံလေးတွေကြည့်ရင်းပျော်တယ်
    MMG ထာဝရတည့်တံ့ပါစေ

    ReplyDelete
  26. ထပ်တူပါ
    MMG မှ မာတီမောင်နှမ အားလုံးကိုသတိရနေပါတယ်.....

    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete