Pages

Monday, October 24, 2011

ပခုက္ကူရေကြီး နောက်ဆက်တွဲနဲ့ မြစ်သာမြစ်အခြေအနေ






                                      ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတား

ပခုက္ကူမှာ ရေကြီးလို့ သေဆုံးသူတွေကို ဆယ်ယူနေတာမှာ ဒီနေ့မနက်ပိုင်းမှာ ၈၃ လောင်း ဆယ်ယူရရှိပြီလို့ သိရပါတယ်။ တချို့ရုပ်အလောင်းတွေဟာ သဲတွေထဲ မြုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပြပါတယ်။ ပျောက်ဆုံးနေတဲ့သူ ၁၀၀ ကျော်ရှိနေသေးလို့ သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ဆိုပါတယ်။ ရေနဲ့မျောပါသွားတဲ့ အိမ်တွေအများစုဟာ ကျူးကျော်ရပ်ကွက်က အိမ်တွေဖြစ်နေလို့ အိမ်ထောင်စု ဘယ်နှခုလဲ၊ ဘယ်နှယောက် မျောပါသွားလည်းဆိုတာ အတိအကျသိဖို့ ခက်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြစ်သာမြစ်နဲ့ နေရဉ္စရ မြစ်ရေတက်လို့ ကလေးမြို့၊ ကလေးဝ၊ ဂန့်ဂေါမြို့တွေမှာ ရေလျှံပြီး လူနေအိမ်ခြေတွေ ရေမြုပ်ပျက်စီးကုန်လို့ ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။ အဲ့ဒီဒေသတွေက ရွာ ၈ ရွာကျော် ရေမြုပ်တယ်လို့ သိရပါတယ်။ လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

မြို့တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ၊ ရထားလမ်းတွေ ရေမြုပ်ပြီး တောင်ပေါ်လမ်းတွေ ပြိုသလို မြစ်သာ မြစ်ကူးတံတားလည်း ရေကျော်လို့ တခြားပြည်နယ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်သွားသလို ကလေးမြို့ကနေ တမူးမြို့ကို ဆက်သွယ်တဲ့လမ်းလည်း ရေမြုပ်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်နေတယ်လို့ သိရပါတယ်။


ကလေးမြို့မှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ရေနည်းနည်းချင်း ပြန်ကျနေပြီဖြစ်လို့ သိပ်မကြာခင်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်လာနိုင်မယ်လို့ သိရပါတယ်။

12 comments:

  1. ပခုက္ကုမှာ ဆန်နဲ့ပိုက်စံဝေတာ မလောက်မငှ ဖြစ်နေတယ် မမရေ။

    ReplyDelete
  2. အင်းဖြစ်မှာပဲ သဘာဝဘေးဒုက္ခတွေလေ

    သတ္တ၀ါတွေဘေးကင်းပါစေ

    အိပ်မက်ထဲကအတိုင်း လူသေတွေရေထဲမျှောပေါ့

    ReplyDelete
  3. လူမှုရေး ပြန်လည် ထိန်းညှိနှိုင်ဖို့ အဆင်ပြေကြပါစေလို့ ...

    ReplyDelete
  4. အရာရာဆုံးရှူံး နေကြတယ်...

    ReplyDelete
  5. အိုး...အ၇မ်းကို စိတ်မကောင်းဖြစ်ရပါတယ် မမရေ။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ....

    ReplyDelete
  6. မမရေ...
    အရှုး အစိုးရသစ်ကိုသာ ၀ိုင်းပြီးအပြစ်တင်ပေတော့ဗျာ။တနိုင်ငံလုံး ၀ိုင်ပြီးရှုတ်ချ/ဆန္ဒပြ လွတ်လပ်စွာတောင်းဆို ဒါဘဲရှိတော့တယ်လေ။

    ReplyDelete
  7. အဲဒီ ဒေသ မှာ ဆည် ၆ ခု ရှိ ပြီး အနည်း ဆုံး ၄ ခု ကို ဖောက် ချ ခဲ့ တာ ကြောင့် အခု လို ဖြစ်ရတာ လို့  ဂန့် ဂေါ မြို့ က တပ်မတော် ၀န်ထမ်း တစ်ဦး က ပြောပါတယ်။ ပခုက္ကူ ဒေသ မှာ ရေကြီးမှု ကြောင့် ရွှေ ချောင်း ချောင်း တံတား ကျိုး ခဲ့ ပြီး ရွာ တွေ ရေစီး ထဲ မျောပါ ကာ အနည်း ဆုံးသေဆုံး သူ ၂၀၀ ကျော် ရှိ ပါတယ်။ လူ ၁၀၀၀ ကျော် အိုး အိမ် မဲ့ ဖြစ်ခဲ့ ရ ပြီး ၄၀၀၀ ခန့် လောက် က နီးစပ် ရာ နေရာ တွေ မှာ ခို လှုံ နေရ ပါတယ်။

    ရေဘး ဒုက္ခ သည် တွေ အတွက် အစိုးရက ပေး တဲ့ ဆန် တစ်ပြည် နဲ့  ငွေ တစ်ထောင် ကျပ် ဟာတစ်ခါ တည်း ရရှိ ပြီး လောက် ငှ မှု မရှိ ဘူး လို့  လဲ သိရပါတယ်။

    ပခုက္ကူ ရွှေကံသာ ရပ်ကွက် တွင် နေ ထိုင် သူ တစ်ဦး ၏ ပြေပြာ ချက် အရ အောက်တိုဘာလ ၂၀ရက်နေ့ နံနက် လင်းအားကြီး အချိန် တွင် ပေ ၂၀ခန့် အမြင့် ရှိ သည့် ရေလုံး ကြီး ၀င်ရောက် လာပြီး ရေလမ်းကျရာ ရပ် ကွက် များ တွင် ဘုရား ပုထိုး စေတီ များ ပါ ပါဝင် သည် အထိ ရေစီး နှင့်အတူ ပါ သွား ကြောင်း သိရသည်။

    ရေလွှမ်းမိုး မှု နှင့် ပတ်သက် ပြီး မြိုင် မြို့  မှ စစ်တပ် အရာ ရှိ တစ်ဦး က ဒီလောက် ရေစီးအားဆိုတာ ဘယ်လို မှ ဆည် တွေ ကို ဖောက် ချ တာ မဟုတ် ဘဲ မဖြစ် နိုင်ဘူး ၊ ဒီကိစ္စမှ ဘယ်လိုဘာ ကြောင့် ဖြစ်ရတယ် ဆို တဲ့ အချက် ကို ပါ စုံ စမ်း စစ်ဆေး ပေး ပြီး သေဆုံး သူ တွေ အတွက်လျှော်ကြေး ငွေ ပေး အပ် ဖို့  လို တယ် လို့  FNG ကို ပြောပါတယ်။

    ယခု ရေကြီး မှု ကို မြန်မာ အစိုးရက လူ တစ်ရာ ကျော် သေပြီး အမေရိကန် ဒေါ်လာ ၁.၇ သန်းပျက် စီး ဆုံး ရှုံး ခဲ့ တယ် လို့  ထုတ် ဖော် ပြောကြားပါတယ်။

    ရေဘး ဒုက္ခ သည် တွေအတွက် အစိုးရသစ်က တာဝန်ယူဆောင်ရွက်သင့်ပါသည်။

    ကျော်နန္ဒ
    26/10/2011
    10:55 AM

    ReplyDelete
  8. မြန်မာ နိုင်ငံ အလယ် ပိုင်း မကွေးတိုင်း ပခုက္ကူ မြို့ နယ် ရှိ ရေဘေး ဒုက္ခသည် များ အတွက်မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ကနဦး ငွေ ကျပ် သိန်း ၄၀မတည် ကူညီကြောင်း FNG မှ သတင်း ရရှိ သည်။

    ဒေါ်အောင်ဆန်းစုကြည် သည် ယမန် နှစ် က ဂီရိ မုန်တိုင်ဒဏ် ခံရသူများ၊ ယခု နှစ် အတွင်းပဲခူး တိုင်း ရေ ဘေး တို့ မှာလည်း ငွေကြေး လှုဒါန်း ခဲ့ သည်။

    ပခုက္ကူ မြို့ နယ် ရှိ ရေဘေး ဒုက္ခသည် များ အား မြန်မာ အစိုးရ နှင့် အနယ်နယ် အရပ် ရပ်မှာ အကူ အညီ ပေးရေး အဖွဲ့  အစည်း များ နှင့် စေတနာ ရှင် များ က လည်း လှုဒါန်းကြသည်။

    ပခုက္ကူ ရေဘေး တွင် သေဆုံး သူ ယနေ့ညနေ အထိ ၂၂၄ ဦး ရှိ သွား ပြီ ဖြစ်ပြီး ဒုက္ခသည် လေးသောင်း
    ကျော်ရှိ သည်။

    ကျော်နန္ဒ
    26/10/2011
    11း00

    ReplyDelete
  9. အိုးးးးးးးးးးသနားပါတယ်နော်

    ဒီတိုင်းဆို ပုရွက်ဆိတ်ရေထဲကျသလိုပေါ့......

    သေကြကုန်ပေါ့

    ReplyDelete
  10. ဟာ ..တော်သေးတယ်နော်ဒေါ်အောင်ဆန်းစုကြည်ကူညီနေတာ...

    ၂၂၄ယောက် ဘယ်ကမလဲကလေးလူကြီးအလောင်းတွေမြစ်ထဲမျှောသွားတာတွေပါသေးတယ်

်ကလေးလူကြီးအလောင်းတွေပါလာတာလေမြစ်ထဲတွေ့ကြတယ်ပြောတယ်

    ReplyDelete
  11. ဘေးရန်ကင်းပြီး ... အဆင်ပြေကြပါစေ ....

    ReplyDelete
  12. ဟုတ်တယ် သတ္တ၀ါတွေ သနားပါတယ်

    ReplyDelete