Pages

Saturday, October 8, 2011

♥♥ ချစ်သူ လက်ဆောင်♥♥

lazydays.jpg

ဝေးတစ်နေရာ တစ်ကမ္ဘာက ချစ်သူရေ….

အတ္တတွေ တောင်ပုံရာပုံ  မာနတွေ စောင်လိုခြုံ

  ဒေါသပန်းတွေတဝေေ၀နဲ့  အမုန်းမြို့တော်  သောကလမ်းမှာ 

ခဏရောက်သခိုက် မေတ္တာမျှဝေ   

ချစ်သူလက်ဆောင် ရင်တွင်းဆောင်ကာ

ဘေးဘယာတွေဝေးပါစေ  သောကမုန်တိုင်းကင်းပါစေ

အတ္တပန်းတွေ တဝေေ၀နဲ့  ချစ်သူမျိုးလည်းဝေးပါစေ

လောဘပန်းတွေ တဝေေ၀နဲ့ ချစ်သူမျိုးလည်းဝေးပါစေ

မာနပန်းတွေ တဝေေ၀နဲ့  ချစ်သူမျိုးလည်းဝေးပါစေ

ဒေါသပန်းတွေ ပန်ဆင်ထားပြီး

စိတ်ကောက်ကွေးတဲ့ ချစ်သူမျိုးလည်းဝေးပါစေ

ဝေးတစ်နေရာ တစ်ကမ္ဘာကချစ်သူရေ………..

 ချိုသာသည့်စကားချစ်သူနားမှာ   စိမ့်စမ်းရေလိုအေးမြစေအောင်

   ချစ်ခွန်းသီကာ  ကြင်နာမျှဝေ

  လေပြေနဲ့အတူ ချစ်သူထံပါးရောက်ပါစေ

 နေခြည်နဲ့အတူ   ချစ်သူထံပါးရောက်ပါစေ

မိုးစက်လေးလို  ချစ်သူထံပါးရောက်ပါစေ

နှင်းမှုန်နဲ့အတူ   ချစ်သူထံပါးရောက်ပါစေ

အေးမြမေတ္တာ အကြင်နာတွေ 

ချစ်သူရင်ခွင်နှလုံးသားထဲ သက်ကာဆင်းစေ

အေးမြမေတ္တာ စေတနာတွေ

ချစ်သူရင်ခွင် နှလုံးသားထဲ သက်ကာဆင်းစေ

ဖြူစင်မေတ္တာ  ရွှေကြာပန်းလိုလန်းပါစေ………….

မေတ္တာရေအေး ချစ်သူထံပါးသက်ကာဆင်းစေ 

စိတ် နှလုံးသား  အေးမြကြည်လင်ရှိပါစေ

 အနမ်းတစ်လှေ အလွမ်းကုဋေ  ဒီကမ္ဘာမြေထု  တိုင်တည်သစ္စာ

ချစ်သူလက်ဆောင်ပို့လွှတ်နေ

မေ လွမ်းနေတယ် ချစ်သူရေ…………………♥<3♥

16 comments:

  1. လွမ်းစရာလေးပဲနော် ...
    ကဗျာထဲက မေတ္တာအသံတွေကြားနေရတယ် ။
    အရမ်းကောင်းပါ၏ ။

    ReplyDelete
  2. ဟုတ်ပါ့ လွမ်းနေလို့မေတ္တာစာလွှာလေး ဝေးတစ်နေရာက ချစ်သူကိုပေးနေတာလေ

    ReplyDelete
  3. ဝေးတစ်နေရာက ချစ်သူ ဟုတ်လား?

    ReplyDelete
  4. ဟုတ်တယ် ကဗျာလေးတွေလိုက်ဖတ်
    စာလေးတွေလိုက်ဖတ် ချစ်ခင်နေကြတဲ့ချစ်သူတွေလေနော်

    ReplyDelete
  5. အင်းးးး

းးးးးးးးးးး :D

    ReplyDelete
  6. ချစ်တဲ့သူလေး သိပါစေ ...
    ပေးတဲ့ ဆုလေး ပြည့်ပါစေ ...


    အားပေးလျှက်
    ခင်တဲ့
    နီယွန် ...

    ReplyDelete
  7. အားပေးမှု့ လေးစား၏

    ReplyDelete
  8. လွမ်းတာပဲဘာကုန်တာလိုက်လို့.........လွမ်းလိုက်ပါ....မမ.......

    ReplyDelete
  9. ပြောမှပြောရက်တယ်နော်.......

    ReplyDelete
  10. အားပေးသွားပါတယ် မမရေ ... ချစ်သူလေး သိပါစေ ....

    ReplyDelete
  11. သတိရနေတာမဟေလေးရေ ..
    လွမ်းနေ၏.......

    ReplyDelete
  12. အားပေးသွားပါတယ်မမရေ။

    ReplyDelete
  13. အားပေးမှု့ကို လေးစားပါတယ်မောင်လေး

    ReplyDelete
  14. ကောင်းလိုက်တာ...မမရယ်..ဘယ်သူ့ကိုလွမ်းရမှန်းတောင်မသိဘူး....

    ReplyDelete
  15. တူတူမျှပြီး အားလုံးကိုလွမ်းလိုက်နော်

    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete