Pages

Friday, July 22, 2011

စိတ် နှလုံး ရွှေချိန်ခွင်

.








 ဒီသံသရာရေပြင် ၀ဲကတော့မှာဖြင့်
ဒေါသမီးငြီးငြီးလောင်ကာ ရေစီးရယ်သန် မြန်လှပေါ့လေး
မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့်ရယ်နဲ့
ဒီရေပြင်လွတ်အောင်ရုန်းခါမှ ငြိခဲ့ရ အဖန်ဖန်နော်
ဝဲသြဂသံသရာမှာ စုန်ချည်တစ်ခါ ဆန်ချည်တစ်လှည့်ရယ်နဲ့
ငါး လိပ် မကန်း ခန္ဓာကိုယ် စားဖို့ရာ လှိုင်းတန်ပိုးအောက်
ရောက်ပြန်ရအကြိမ်ကြိမ်သာ ၀ဋ်ကျွေးရယ်သံသရာမှာ
ကံကြွေးတွေအဖန်ဖန်ဆပ်ပေါ့
လည်ပတ်ရ ဒီသံသရာ ကပ်ဘေးတွေ အကြိမ်ကြိမ်သင့်
သတိမလပ်ရန်အဖန်ဖန်အခါခါ စိတ်လေးတွေပြန်ကာစစ်တော့
ညစ်နေတဲ့ဒီခန္ဓာ စိတ်ထွေရာမနေနား
မေတ္တာတရား ဘာဝနာ ထားဖို့ရာ
သဗ္ဗေညုတရွှေဥာဏ်ရှင်
ဘုရားဟောဒေသနာအစစ်ကိုတော့
စိတ်နှလုံးရွှေချိန်ခွင်မှာ ထည့်ကာသ

အကောင်းဆိုတာ မြူစမှ မပါ..
ဟိုဒီကူးသန်း  ၀ဲလှည့်နေတာ
ငါ့သားငါ့သမီး ငါ့စီးပွား ငါ့ဥစ္စာ
ဆုကြီးလဘ်ကြီး တစ်ခုမှ အကောင်းမပါ

သေခြင်းတရားမှ နေခြင်းတရား ...
တစ်ခုသောဒုက္ခမှ တစ်ခုသောဒုက္ခ အရောက်ပို့နေတာ
အသေဒုက္ခမှ အနေဒုက္ခ
ဆက်စပ်ခြင်းမှ တပါးအခြားမရှိပါ

သတိ ၀ီရိယ သမာဓိ ပညာ
ထောင်တတ်တဲ့နား ကျင့်တတ်တဲ့ဥာဏ်လေးနဲ့ အသုံးချတတ်ပါ..
သံသရာအရေး ဟောတတ်သောဆရာ
မြတ်ဘုရား မြတ်တရား ဆရာတော်ဘုရား ဟောကြားထားခဲ့တာ..
ာပြန်ကာစစ်ပေါ့
သတိမှာဥာဏ်ကပ်မှ လူဘ၀ခဏလာချိန်မှာ
မြတ်မယ်ကွဲ့လေး................။

6 comments:

  1. စုန်တစ်ခါဆန့်တစ်လှည့်ပေမယ့်...
    အနိစ္စကိုနိစ္စထင်...
    ဖြစ်တာသာမြင် ပျက်တယ်မထင်မိပေဘူးးးး
    ဒီသံသရာ ၀ဲဂယက်မှာ
    ပက်လက်သာမျှော....။

    ReplyDelete
  2. ရေစီးရယ်သန်သလို

    လိုက်ခဲ့ရအကြိမ်ကြိမ်သာဆို

    သူခေါ်ဆောင်ရာ ဒီသံသရာတစ်ကြော

    များလှတယ်နော့်

    ReplyDelete
  3. ဟုတ်မမ .... သံဝေဂတရားများ ရစေပါတယ် မမ .....

    ReplyDelete
  4. လေးစားပါတယ်ညီမငယ်...........။

    ReplyDelete
  5. ဖူးမြော် ကြည်ညိုသွားပါတယ်ခင်ဗျာ

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)

    ReplyDelete
  6. လေးစားပါတယ်ဆရာ......။

    ReplyDelete