Pages

Sunday, July 17, 2011

အာဇာနည်ဗိမာန် ဆရာကြီးသခင်ကိုယ်တော်မှိုင်း





.


.အာဇာနည်ဗိမာန်

သြော် .. အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်းချို့စေဖို့ ၊ အောင်ပန်းညို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနဲ့
အောင်ဆန်းတို့  မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်သဂြိုဟ်ချင်။

☺ သြော် ... တပည့်ရင်းတွေမို့
က၀ိမတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့မရနိုင်ဘူ့
သောက ဗလောင်ဆူတော့
တောင်ဇမမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်
လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မ
ှဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်းသမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်
ဒ၀ယ်သားတွေ ဗိုလ်မင်းခံလို့မို့
ပာိုအယင်ယမန် နန်းတော်စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္တာတွေဆုံးပုံနဲ့
တထုံးနောင်တနဲမှာတော့
မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့
ပြည်မင်း ဂုဏ်ခံလို့ 
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ ပြင်
မွန်တိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်ပရမ်းဆိုသူ စစ်ဗိုလ်ချူပ်ကိုဖြင့်
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့ 
သြော်.....ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက် အခါတူလို့ မို့ 
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်
ငါတလူ ငါသရမ်းရော့မဟဲ့လို့ 
သာခန်း ပလ္လင်ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က
ကြုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့  အတိတ်ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့ တွေနဲ့ 
မှိုင်းရဲ့ စိတ်ထင်။

☺မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ 
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်ယခင်သဘော
(အိုကွယ်)တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

☺နန်းမြို့ တည်ရန်
မှန်းလို့  ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ ခပဲကို မကြည်ညိုတဲ့
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့ 
တနွေးနွေးမူးမူးပြီး ခွေဘီလူးလိုအကောင်မိုက်တွေက
သြော်.....အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်မပေါ့လို့ 
ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့  ဇာတာမှိန်လို့ မို့ 
ဂနာမငြိမ် တာဝတိံယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဘို့ 
မြန်မာပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့ 
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ 
မြန်မာမတော့ ပူစရာဘို့ 
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့ 
သောင်ကမ်းမို့ မို့ ဆီက
ဖောင်နန်းကုတို့ နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့ 
သြော်.....တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့ 
အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့
အောင်ဆန်းတို့  သေပုံနှမြော။
...............................................
...ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
..၁၉၄၇ ခုနှစ်မှာ ရေးဖွဲ့ ခဲ့တာပါ။ .....

~ အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~


http://soundcloud.com/komyoedesign/sets/set-1/
.

4 comments:

  1. ဒီဇူလိုင်လရောက်လာရင်ဖြင့်
    ဒီမျက်ဝန်းတွေမှာ
    ဒီဝမ်းနည်းရိပ် တွေ
    ဒီရင်ဘတ်ထဲမှာ”
    ဒီဝမ်းနည်းလှိုက်သံတွေ


    မြန်မာစကားသံတွေကြားတိုင်း
    မြန်မာလိုစကားပြောနေတိုင်း

    ကျွနုပ်တို့ ဗိုလ်ချုပ်ကို ကျွန်တော်သတိရ၏
    တောင့်တမိ၏

    မမရေ အားပေးသွားပါတယ်ဗျာ


    ReplyDelete
  2. သတိတရနဲ့ လေးစားလျှက်ပါ .... အားပေးသွားပါတယ် မမ .....

    ReplyDelete
  3. အလေးပြုပါတယ်
    အာဇာနည်ခေါင်းဆောင်ကြီးတွေကို မေ့သောသူသည် ကိုယ့်ပါးစပ်က ကိုယ်တိုင်ထွက်သောစကားကို ကိုယ်တိုင်မှတန်ဖိုးမထားရင် ကျန်တဲ့သူကလည်းကိုယ့်ကို တန်ဖိုးမထားတာ ဘာဆန်းသလဲ.............။
    ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကို တန်ဖိုးထားတယ်
    စကားကို ပေါ့ပေါ့တန်တန် မပြောဘူး ကိုယ်ပြောတဲ့စကားကို တန်ဖိုးမထားရင် ကိုယ့်ကိုယ်ကို တန်ဖိုးမထားရာ ရောက်တယ်ကိုယ့်ပါးစပ်က ကိုယ်တိုင်ထွက်သောစကားကို ကိုယ်တိုင်မှတန်ဖိုးမထားရင် ကျန်တဲ့သူကလည်းကိုယ့်ကို တန်ဖိုးမထားတာ ဘာဆန်းသလဲ.............။
    ဗိုလ်ချုပ်က စကားလုံးတိုင်းကို ပြောသောစကားကို တန်ဖိုးထားတယ်

    ခုလူတွေကိုလည်း အဲ့ဒီလိုဖြစ်စေ့ချင်တယ်
    စည်းကမ်းသိစွာ နည်းလမ်းရှိစွာ
    စနစ်တကျ လုပ်ကိုင်ဆောင်ရွက်စေ့ချင်ပါတယ်........................

    မန်းအပျက်မှာ
    စန်းလဂ် မသာမယာမို့
    ဗမာ ဗမာချင်းတောင်မှ
    အတင်း ရန်မူလို့ အော် လွမ်းလှချည့်ရဲ့





    ReplyDelete
  4. ``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊
    မိသားစုတွေ၊ လူသားတွေ၊
    အဖွဲ့အစည်းတွေ``ရဲ့ကြားမှာ
    ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ``
    အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊
    ကရုဏာတရားတွေ နဲ့တည်ဆောက်ဖွဲစည်းထားတာပါ................။
    စာကောင်းပေမွန် တွေ့ရင်လဲ သူငယ်ချင်းတွေကို ဖတ်စေ့ချင်တယ်


    :P

    ReplyDelete