Pages

Monday, July 18, 2011

အာဇာနည်နေ့ ဆန္ဒ ’့ (ဇော်ဂျီ) အမှတ်တရ ဒီနေရာလေးကနေအလေးပြုကြမယ်နော်


‘ အာဇာနည်နေ့ ဆန္ဒ ’

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားနှင့် ၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး ၊ လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ် ၊ အန္တရာယ်သည်
မဖွယ်မရာ ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း ၊ ပေါ်ခဲ့ကြောင်း ။

ဖျက်ဆီးကြံရွယ် ၊ အန္တရယ်တည့်
နယ်ချဲ့သွေးထိုး ၊ ဒေါသအိုးသည်
တိုင်းကျိုးလိုလို ၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက် ၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း ၊ မိုက်ခဲ့ကြောင်း ။

အမိုက်ကမ်းခတ် ၊ သူ့အတတ်ကြောင့်
လွတ်မှုကြိုးပမ်း ၊ ခုလပ် လမ်းတွင်
ဆန်းတို့တစ်စု ၊ တိုင်းပြည်ပြုတို့
မရှု မလှ ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ကျခဲ့ကြောင်း ။

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း ၊ မင်းသားကောင်း ကို
အကြောင်းစုံသိ ၊ မင်း ၀န်ရှိ၏
ရှိပါကတဲ ၊ သူ့ စိတ်ထဲ၌
တိတ်စွဲ သောက ၊ စွဲ ဒေါသ တို့
မကြွစေချင် ၊ပြေစေချင်၏
ပညာအသိ ၊ သတိဖြစ်ရေး
အတွေးမှန်ကန် ၊နိုင်ငံလူုထု
ကိုသာရှု၍
ပြုစေချင်၏ ပြုပါဘိ ။ ။
(ဇော်ဂျီ)

အာဇာနည်နေ့ အမှတ်တရ
ဒီနေရာလေးကနေအလေးပြုကြမယ်နော်
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကို အောက်မေ့သတိရလျှက် သူငယ်ချင်းများမှ ဆုတောင်းမေတ္တာ ပို့သကြပါစို့ ဆုမွန်တောင်းအလေးပြုကြမယ်နော်.



.
..


အာဇာနည်နေ့ အမှတ်တရ
http://api.ning.com/files/i*rKKGm-5WyNfK-KhTXSbg4rYqR74rgGFQujltUxs....
_____

11 comments:

  1. Thanks for sharing. I copy the first picture. very nice...

    ReplyDelete
  2. ဂါရ၀ထား၍ အလေးပြုခဲ့ပါတယ် ...

    ReplyDelete
  3. အလေးပြုခဲ့ပါတယ် ..

    ReplyDelete
  4. ၁၉ ဇူလိုင် မမေ့နိုင်အောင်

    ဗိုလ်ချုပ်နှင့်တကွကျဆုံးလေပြီးသော

    အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါတယ်..........?ီ i ?ီ...........း(

    ReplyDelete
  5. ၁၉ ဇူလိုင် မမေ့နိုင်အောင်

    ဗိုလ်ချုပ်နှင့်တကွကျဆုံးလေပြီးသော

    အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါတယ်..........?ီ i ?ီ...........း(

    ReplyDelete
  6. ဗိုလ်ချုပ်နှငိ့တကွအာဇာနည်ခေါင်းဆောင်ကြီးများအားတူတူအလေးပြုပါတယ်။

    ReplyDelete
  7. ညီမလေးမနေ့ကတည်းကရောက်တယ်၁၉၇က်မဟုတ်သေးလို့ဒိဓနေ့ပဲအာဇာနည်နေ့ဝမ်းနည်းစွာ
    အလေးပြုခဲ့ပါတယ် အာဇာနည်ခေါင်းဆောင်ကြီးများကို။

    ReplyDelete


  8. ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကိုအလေးပြုပါတယ်

    ReplyDelete
  9. ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်များအား ဂါရ၀ပြုပါတယ် ......

    ReplyDelete


  10. ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်
    အာဇာနည်ခေါင်းဆောင်ကြီးများကိုအလေးပြုပါတယ်

    ReplyDelete
  11. အောင်ဆန်း တရား

    ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
    မင်း၏သားငယ်၊ မင့် သက်လှယ်ကို
    အဘယ်တရား ဟောမည်နည်း။

    ဆန်း၏ သတ္တိ၊ ဆန်း၏ သမာဓိ၊
    ဆန်း၏ ပညာဟောစရာ ကား၊
    အလွန်များ၏

    မင့်သား အရွယ်၊ သက် နှစ်ဆယ်တွင်
    လူငယ် အောင်ဆန်း၊ သူ့အစွမ်းကို
    ပန်းကောင်း တစ်ပွင့်၊ ပန်ဆင် တင့်သို့
    မင့်သား သိစေချင်လှ၏။

    သူ့အစွမ်းကား၊ အခြားမဟုတ်
    အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
    မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
    ဗန်းပြအလှ ပကာသနကို
    ပြာချလောင်မြိုက်၊ သူမီးတိုက်၏
    ခေတ်လိုက် ခါညီ၊ ခေတ်မီပညာ
    ကြုံရာ ဘ၀၊ မုတလုံလောက်၊
    ခံမြို့ဆောက်၏
    ထို့နောက်တစ်ဆင့်၊ မိုးထိ လွင့်အောင်
    ရိုးကျင့် မြင့်ကြံ၊ သူ့အလံ
    တည့်ပျံတလူလူ၊ သူထူခဲ့ကြောင်း
    ခေါင်းဆောင်သဘော၊ မင့် သားချောကို
    ပြောလိုက်ပါဘိ ဟောပါဘိ။

    ဆရာဇော်ဂျီ

    ReplyDelete