Pages

Saturday, May 14, 2011

မျက်နှာခြင်းဆိုင်လာမိတဲ့လူသား နှစ်ဦးတစ်ခဏတာ ရင်ခြင်းအပ်မိတာပါ

.
916030

ချစ်သူကချစ်တယ်တဲ့ ငါ့ရဲ့မသိစိတ်
ပျော်လိုက်မိတယ်
 သိတဲ့  စိတ်က ခါး
ခါးသီးသီးငြင်းဆန်လိုက်မိတယ်
မဖြစ်သင့်တာ  မဖြစ်နိုင်ဘူးဆိုတာ သိနေတော့
အမြဲရှောင်တိမ်းငြင်းဆန်ရင်း ပြေးပေါက်မရှိပဲ တစ်ခါတစ်ခါချောင်ပိတ်မိနေတယ်
ချစ်သူပြောလိုက်တဲ့ စကားလုံးတိုင်း အပြင်းထန်ဆုံးထိုးနှက်ချက်
တစ်ခုအဖြစ် နှလုံးသားရှိရာ ရပ်ဝန်းဖြစ်တဲ့ ငါ့ရင်ဘတ်ကို နာကျင်စေပါတယ်
ပြောပြလို့မဖြစ် ချရေးလို့မတတ်တဲ့ စကားလုံးပေါင်းများစွာ
ရင်ထဲမှာ
ထုပ်ပိုး သိမ်းဆည်းထားရင်း
 ကြာတော့လည်း မေ့ပြစ်ဖို့လွယ်ပါတယ်ဆိုပေမဲ့  သံယောဇဉ်ဆိုတာကအခက်သားလား
လာကကြီးက  ပိုနေမြဲကျားနေမြဲတဲ့
ဒီစကားပုံအလကားထားခဲ့တာမှ မဟုတ်ပဲကွယ်
နာကျည်းတိုင်းသာ ငါငိုကျွေးနေရင်
ငါ့ဘေးမှာချော့သူမရှိလို့ငါမငိုတတ်အောင်နေထိုင်နေပါတယ်
လူဘ၀ဆိုတာမမြင်ရတဲ့
မတွေ့ရတဲ့ လောကကြီးရဲ့အံမခန်းလှို့ဝှက်ချက်ပေါင်းများစွာနဲ့ ရိုက်ချက်ပေါင်းများစွာရှိတယ်
နက်နဲတဲ့ ဒဏ်ရာဒဏ်ချက်တွေကို
သေရာပါ အထိမ်းအမှတ်တခုအဖြစ် ငါရရှိလိုက်တယ်
ချစ်သူပေးသော လက်ဆောင်လေးကို
ချစ်သူပေးသော လက်ဆောင်မို့ အမြတ်တနိုး သိမ်းဆည်းထားရင်း
ငါ့ဘ၀မှာ နေပျော်သေပျော်ပါတယ်
ချစ်သူမုန်းလို့ထားရစ်ခဲ့တာမှ မဟုတ်တာ ကိုယ်ကိုတိုင်က ချန်ရစ်ခဲ့သူမို့
အပြစ်မဆိုပါဘူး ဖြစ်တာပျက်တာဟာ မျက်တောင်တစ်ချက် အခတ်မှာ
ပျောက်ကွယ်တတ်သေးတာပဲ ဘယ်တော့မှမခွဲခွာပါဘူးလို့သစ္စာဆို ထားခဲ့ကြတာမှ မဟုတ်တာအခုတော့လည်း ငါ့တစ်ယောက်ထဲပေါ့။
အပူဆိုတာ မဝေမျှကောင်းဘူး လောင်တတ်တဲ့ သဘောရှိတယ်
ဒါကြောင့်......................
ငါချစ်ရသူ ငါ့ချစ်သူကို ရင်ထဲအပူ  မီးလိုပူလို့မဝေပေးမိတာပါ 
ကူးစက်တတ်တဲ့   သဘောကြောင့် ချစ်သူနှလုံးသားလေး လောင်ကျွမ်းပြာကြမှာ  စိုးရိမ်မိလို့ပါ
ဝေဒနာက အလယ်မခေါ်ပဲ အဖော်တွေစုပြီး ရောက်လာတော့ ကျန်ရှိတဲ့  အချိန်ခဏလေးကို အသိတရားထိန်းချုပ်ရင်း
သတိကို စိတ်မှာ  ကပ်လို့ နေပျော်ပျော်    သေပျော်ပျော်ဆိုတဲ့   စိတ်ထားလေးမွေးမြူလိုက်တော့
လူတိုင်းကို  ကျန်ရှိတဲ့  အချိန်ခဏလေးမှာ   အတတ်နိုင်ဆုံး  မေတ္တာတွေ မျှဝေပေးမိတယ်
ဝေးဝေးနီးနီး  ပတ်သက်ဆက်နွယ်လာသူတိုင်းကို အယုတ်အလတ် အမြတ်မရွေး ဖြူစင်မှုတွေပေးပြီး  တတ်နိုင်သလောက် စောင့်ရှောက်နေမိတယ်
ပျော်ရွှင်ကြည်နူးပြီး  စိတ်အေးချမ်းအောင် ထားပေးဖြစ်ပါတယ်
ချစ်သူရဲ့ အပူတွေ  သောကတွေ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အပူသောက တွေမျှဝေခံစားရင်းငါကိုယ်တိုင်ကတော့ သံယောဇဉ် ကြောင့်လောင်ကျွမ်းကျန်ရစ်တယ် 
မမြင်ရတဲ့ ခင်မင်မှုတွေကို ဖြတ်တောက်ရမှာတော့  တော်တော်လေး ခက်ခဲပါတယ်
ချစ်သူသိအောင် ဖွင့်မပြောသာတဲ့ဘ၀မှာ
ငါဟန်ဆောင် ကမ္ဘာကြီးထဲက ဟန်ဆောင်လူသားတစ်ဦးဖြစ်နေမိတာ ဆန်းသလားကွယ်
k မျက်နှာခြင်းဆိုင်လာမိတဲ့လူသား နှစ်ဦးတစ်ခဏတာ  ရင်ခြင်းအပ်မိတာပါ
လမ်းဆက်လျှောက်လိုက်ချိန်မှာ   ကျောခိုင်းထား မိလျှက်သားဖြစ်နေမိတာ သဘာဝအတိုင်းလောကဆုံမှတ်တစ်ခု  ရင်ဆိုင်တိုးမိတာပါချစ်သူ..။
ရင်ဖွင့်တိုင်ပင် ဖော်မမြင်ဘူး
ငိုကြွေးရှိုက်ငင် လူမမြင်ဘူး
ဘယ်သူမြင် ဘယ်သူသိမှာလည်း
တိတ်တိတ်ကြေကွဲ တိုးတိုးလေးငို
အခန်းငယ်လေးထဲ ပြည့်စုံမှုတွေငါရှိနေလည်း
ငါ့အခန်း နံရံလေး သိပါတယ်
သူသိနေတယ် သူမြင်နေတယ်
ငါ့အခန်းနံရံလေးက စကားပြောတတ်ရင်
ပြန်ပြောပြလိမ့်မယ် ငါဖြစ်ပျက်တာ ငါရင်ကွဲနေတာ
ငါခံစားနေတာ ငါနာကျည်းနေတာ
ငါလွမ်းဆွေးနေတာ
ငါမေတ္တာတွေ ငါချစ်တာတွေ
ငါအခန်းနံရံလေးက သူအမြဲကြည့်နေတယ်  ငါ့ ဖြစ်တည် ပြောင်းလည်းမှုတွေ
သူလောက် ငါ့ကိုဘယ်သူ့မှမသိဘူး
တိတ်တိတ်ကြေကွဲ  တိုးတိုးလေးငို ငါလွမ်းနေလို့ဖြစ်ပါတယ်.........။
ငါချစ်နေလို့ ဖြစ်တာပါ
သတိယရင်းမျက်ရည် အလိုလိုကျလာတယ်
ဘယ်လိုလုပ်ရမလည်း ငါ့စိတ်နဲ့ငါ့ကိုယ်တော့
ခက်ပြီ လွမ်းနေပြီနော် ရင်ခုန်ရပ်ဝန်းမှ
ချစ်မြတ်နိုးစွာ လွမ်းမောတမ်းတရင်းနဲ့
လူဖြစ်လာတာ  အဖြေရှာကြည့်
မြင်သိလိုက်ပါ  ငါချစ်နေလို့ဖြစ်တာပါ။

6 comments:

  1. မျက်ရည်တော့မကျနဲ့ မမရေ
    မျက်ရည်နဲ့ မနှိပ်စက်နဲ့ လေ
    ဘ၀ဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူး ဟဟဟဟဟဟ
    ကျောခြင်းကပ်လို့ ဘဲဖြစ်ဖြစ်
    (မျက်နှာခြင်းဆိုင်ဆုံတွေ့ ပြိး ကျော်ဖြတ်သွားပြီးရင်လည်း ကျောခြင်းကပ်တာနဲ့ တူတူပေါ့ နော်)
    အရှေ့ နဲ့ အနောက်ကို ဖြောင့်ဖြောင့်ကြိးလျှောက်ခဲ့ကြရင်လည်း ကမ္ဘာကြီးကလုံးနေလို့  တနေ့ နေ့ တချိန်ချိန် တနေရာရာမှာ အသေချာပြန်တွေ့ မှာပါ မမ
    နှလုံးသားမှာ အပြုံးပန်းတွေဝေတယ်ဆိုတာခဏလေးပါ
    သံသရာကြီးမှာ ကျခဲ့တဲ့ မျက်ရည်တွေ သမုဒယာ ခုနှစ်စင်းထက်မကပါဘူးတဲ့
    လူ့ ဘ၀ကြိးက ဒုခတွေများပါတယ်
    သောက ကင်းဝေးနေနိုင်စေဘို့ သမုဒ္ဒယတွေဖြတ်လိုက်ပါတော့မမရယ်

    ReplyDelete
  2. ဖြတ်လို့မပြတ် သတ်လည်းမသေ

    ဒီသမုဒ္ဒရာရေ သမုဒယတွေ

    ရစ်ပတ်နှောင်ဖွဲ သံယောဇဉ် လက်ကျန်ရှင်းတမ်း

    မေတ္တာ နယ်မှာလူးလွန့်လှုပ်ရှား ရစ်နှောင်တိုးတော့

    ရုန်းထွက်ဖို့လည်း ခက်လှတယ်

    ReplyDelete
  3. ဟုတ် မမ .... သံယောဇဉ်ဆိုတာကလည်း စကားလေးသုံးလုံးနဲ့တင်ကို ဖြတ်ရခက်လှပါတယ် .....

    ReplyDelete
  4. အင်းးးးးဟုတ်ပါ့


    မဟေလေးရယ် ..ဟိုလူဖြင့်လည်းသနား ဒီလူ့ဖြင့်လည်းသနားးးး

    မွေးရာပါ အကျင့်လေ ဖျောက်ဖျက်လို့ရဘူး

    မ..မ .......... အကျင့်က

    သူတကာနဲ့တော့မတူဘူး.................... :)

    ReplyDelete
  5. (အပူဆိုတာ မဝေမျှကောင်းဘူး လောင်တတ်တဲ့ သဘောရှိတယ်
    ဒါကြောင့်......................
    ငါချစ်ရသူ ငါ့ချစ်သူကို ရင်ထဲအပူ မီးလိုပူလို့မဝေပေးမိတာပါ )
    အဲလိုပဲနေမှာနော်..တကယ်ချစ်တတ်လာတဲ့အခါ...ခံစားသွားပါတယ်မမရေ....

    ReplyDelete
  6. ဒါအမှန်ပေါ့ မာယာရယ်နော်.......။

    ReplyDelete