သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်

သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။
ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Ref: Good Health
ဟုတ်ကဲ့ မမ ကျွန်တော့တို့ ကတော့ နေ့ခင်းဘက်ဆိုရင် (တခါတလေပေါ့) သင်္ဘော အရွက်နုလေးတွေကို မီးကင်ပြီး လက်ဖက်သုပ်နဲ့ တွဲစားရတာ အရမ်းအရသာရှိတာပဲ အခုမှ ဆေးဖက်ဝင်မှန်းသိတယ် ကျေးဇူးနော်
ReplyDeleteသဘောင်္ရိုးတံက အစေးကို ကြွက်နို့ကို
ReplyDeleteကြာကြာလေးပွတ်တိုက်ပေးရင်
ကြွက်နို့မှပြုတ်ကြွေကြပြီး
နောက်ထပ်ရှိသောပွားနေသော ကြွက်နို့များ
အမှန်တကယ်..ပျောက်ကင်းနိုင်ပါတယ် .....................။
အမရေ သတင်းကောင်းပဲနော် .....
ReplyDeleteကျေးဇူးတင်ပါတယ် ..........
ဟုတ်ကဲ့ပါ မ.မ ရေ. ကျေးဇူးတင်ပါတယ်...
ReplyDeleteဟုတ်မမ မျှဝေပေးတာ ကျေးဇူးပါနော် .....
ReplyDeleteအခုလိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ မမ
ReplyDeleteမှတ်သားသွားပါတယ်၊ကျေးဇူး.............
ReplyDeletethank u.
ReplyDeletehttp://ngapauk8888.multiply.com/
ReplyDeletehttp://bestsoung.multiply.com/
http://khinelulu.multiply.com/