Pages

Tuesday, May 3, 2011

နာဂစ်ဘီလူး





နာဂစ်ဘီလူး

ဝေါကနဲ ဝေါကနဲ မြည်ဟီးးးးးးးးသံ
တစုတဝေး မငြင်းဆန်နိုင်
ကယ်ပါယူပါ တစာစာ အော်ဟစ်မည်တမ်း
ရေလှိုင်းပင်လယ် ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါအောင် လိုက်ရတယ်
ဒီတစ်ခဏလေး ရေလှိုင်းပင်လယ် အစွယ်တွေထွက်
နာဂစ်ဘီလူး ၀ါးမြိုသတ်ဖြတ်
မိကွဲ ဖကွဲ တစ်ကွဲတပြား သေခြင်းဆိုးနှင့်ကြုံရတယ်
ကျန်သည့်သူလည်း နေခြင်းဆိုးနဲ့ကျန်ရစ်တယ်
နာဂစ်ဘီလူး မကြားချင်ဘူး
ကျန်ရစ်ခဲ့သူ ကမ္ဘာပျက်တစ်မျှ ခံရခက်တယ်
ပင်လယ်ပျော်တွေ ပင်လယ်ထဲပျောက်
ရုပ်လောင်းကြွင်းကျန် ကောက်မယ့်သူကိုမျှော်ရတယ်
ကျန်ရစ်ခဲ့သူ စားဝတ်နေရေး
ဖေးကူပေးမည့် အလှုရှင်ကိုမျှော်ကြတယ်
နာဂစ်ဘီလူး ဒုက္ခပေးလို့ ဆင်းရဲမွဲတေ မ၀ရေစာနေရတယ်
၃ နှစ်ပြည့်မြောက် နာဂစ်တဲ့လား
 ငိုညည်းသံတွေ ခုထက်ထိလည်း ရှိသေးတယ်
မပြည့်စုံပါ မလုံခြုံပါ တွေ့မြင်ရတာ အားမရပါ

နာဂစ်တဲ့လား နာဂစ်ဘီလူးတွေ ပြုံးပျော်မြူးပြီး
နာဂစ်ဟန်ဆောင် ၀ါးမြို သတ်ဖြတ်လိုက်တာပါ...........
ယခုချိန်ထိ ကျန်ရစ်သူမှာ  ပြည့်စုံမှုမရှိ   ရင်တွင်းဝေဒနာ သောကခြေရာ
နာဂစ်ဒုက္ခ ခံနေကြရ  လူသားခြင်းတော့စာနာပါ။။။။။။။။။။။။။။။။။။။။။။

7 comments:

  1. ဟုတ်ပ ကျွန်တော့အစ်မရေ....

    ReplyDelete
  2. မမရေ လာဖတ်သွားပါတယ်

    ReplyDelete
  3. ဟုတ်တာလေးတွေ ရေးထားတာပါ။

    အိုဘားမားသိအောင်လေ.......:P

    ReplyDelete
  4. အားပေးတာလေးစားပါတယ်.......။

    ReplyDelete
  5. လာဖတ်တာ လေးစားပါတယ်...............။

    ReplyDelete