Pages

Sunday, May 22, 2011

ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးးနော်

၁   ။။ ကိုယ့်ကို စကားပြောရင် ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးး
သူ့ရဲ့စကားထဲမှ မိမိပညာရတယ် စကားဆုံးလည်း သူ့အတွက်လား ကိုယ့်အတွက်လား အများအတွက်လား ယူစရာပါလား ကိုယ့်ကို ပြောကြားတဲ့ စကားထဲမှာ တန်ဖိုးရှိတာပါလား  ပြန်ပြီး ဝေဖန်ပိုင်းခြားတတ်ရတယ် ။

၂။။ဘုန်းကြီးရှေ့ကနေ အရင်မကြွရဘူး စနည်းနာတတ်ရတယ်။
 
လူမျိုးပေါင်းစုံထံက နည်းပညာမျိုးစုံ အတတ်ပညာမျိုးစုံ လေ့လာသင်ယူတတ်ရတယ်။
ဆရာလည်းမလုပ်နဲ့တပည့်လည်းမဖြစ်စေနဲ့ဒါအောင်မြင်သူတွေရဲ့အရည်အခြင်း
  ကိုယ်ရည် မသွေးရဘူး  သူ တပါးအထင် မသေးရဘူး
  ၃။။။ခေတ်မှီပါ ခေတ်ဆန်ပါ  မကလက်ပါစေနဲ့ အရှက်တရားရှိပါ
အခြင်းခြင်း စကားပြောဆိုတာ   မိုက်ရိုင်းခြင်းမှ ရှောင်ကျဉ်ပါ 
 အမျိုးသားများကလည်း  အမ  ညီမ  မရှိလည်း မိခင်လိုမြင်ပြီး နှစ်မသားခြင်းစာနာပါ ။

၎။။။ပြောချင်တယ်ဆိုပေမယ့် ပြောသင့်လား ပြောသင့်တဲ့လူ ဟုတ်လားစဉ်းစား
တိုင်ပင်တယ်ဆိုရင် လည်းတိုင်ပင်သင့်တဲ့ လူလား တိုင်ပင်သင့်တဲ့အချိန် ဟုတ်လားလေ့လာပါ။
၅။။။သူတစ်ပါးမအားတဲ့အချိန်  ဒေါသထွက်ချိန်  အိပ်ရာနိုးခါစအချိန်  အိပ်ချင်နေတဲ့အချိန်  ရှောင်ကျဉ်ပါ.။

၆။။။အရက်သောက်ချင်လည်း မူးအောင်သောက် မမှောက်စေနဲ့ ဆိုသလိုပေါ့ လူသောက်သောက်ပါ ။
ခွေးသောက် နွားသောက် မသောက်ပါနဲ့ခွေးစိတ်  နွားစိတ်ပေါက်ရင်  အမေမသိ အဖေမသိ ဆွေမသိ မျိုးမသိ ကျေးဇူးရှင်မသိ  စော်ကား  ပြစ်မှားတတ်ကြတယ်  ။

ဒါကြောင့်ဘယ်အရာမဆို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ချင့်ချိန်ပါ စဉ်းစားပါ
သူနေရာ  သူဒေသ နေထိုင်တတ်ပါစေ  ။

၇။။။။ခင်မင်မှုကို အလွဲသုံးစား မလုပ်မိပါစေနဲ့နွားရှေ့ထွန်မကျူးမိစေနဲ့
ရောမရောက် ရောမလိုကျင့်တတ်ပါစေ ။

၈။။။။ခွေးလေး အရောဝင်သလိုလည်းမလုပ်မိစေနဲ့
ပေါင်းတာကြည့်ပေါင်း ကိုယ့်အတွက်လားသူ့အတွက်လား
ယူသူလား ပေးသူလား လှုမျှဝေနေသူလား
ကြည့်ပြီး ပေါင်းသင်းတတ်ပါစေ ။
၉။။။လူတစ်ယောက်ကြောင့် ဂုဏ်တက်သလို လူတစ်ယောက်ကြောင့်
ဂုဏ်ပျက်တတ်ပါတယ် ။

၁၀။။။။။စိတ်ထားဖြူစင် သန်ရှင်းလှပအောင် မွေးမြူနိုင်ပါစေ။
စိတ်ထားမွန်မြတ်အောင်  ကျင့်ကြံနိုင်ပါစေ။
အရောင်စွန်းလာရင်လည်း  မြန်မြန်လျှော်ဖွတ်ဆေးကြောနိုင်ပါစေ။

၁၁။။။။။ လောကတွင်းမှလူသားများ  အေးချမ်းသာယာရှိစေလို
 မိမိတို့စိတ်ကလေး ဖြူဖြူဖွေး စင်ကြယ်နိုင်ပါစေ။

  ညစ်လာသမျှ ဟစ်ကာသာ ပြရရင် ငါလည်းညစ်မယ်ထင်
  အော်နေမယ့်စား ဖြူအောင်ထား
ဟင်းးးးချကာလေ စေတနာထား

သူလမ်းသူသာသွားပါစေ ။

သူနောက်ကိုယ့်စိတ်လိုက်မိရင် ကိုယ်ပါညစ်မယ်ထင် ဘယ်သူလာလာ ကြည်ဖြူတရားမေတ္တာထားမှပြည့်မည်ထင် ဘောင်ဘင်ခတ်ထားရေအိုးများ
ဘေးချထားမှ တော်မည်ထင် ရေအိုးလေးလိုပြည့်စေလို
မေတ္တာဘ၀နာပွားများကာ စိတ်ထားနဲ့သာနေလိုက်ပါ
အောင်မြင်သည်များသင့်ရှေ့မှာ  ပွားများလာမှာ အမှန်ပါ................။

8 comments:

  1. မမရေ ... အရောက်လာခဲ့ပါတယ် .. မှတ်သားသွားပါတယ်နော် .....

    ReplyDelete
  2. မောင်လင်းသစ် လာရောက်လို့ ဖတ်ရှူမှတ်သား
    အားပေးသွားပါတယ်ဗျ။။။

    ReplyDelete
  3. အလင်းသစ်လေးရေ အားရှိ၏

    ReplyDelete
  4. ကျေးဇူး တင်ပါတယ်မဟေလေးနော်.......။

    ReplyDelete
  5. မမ အရမ်းကောင်းတာဗျာ အဲဒီလိုစာသားမျိုးတွေ များများရေးနိုင်ပါစေ ............................

    ReplyDelete
  6. ရေးနိုင်သလောက် ရေးပေးပါ့မယ်....။

    ReplyDelete
  7. ၀င်ဖတ်သွားတယ်အမရေ...........

    ReplyDelete