Pages

Saturday, April 9, 2011

♥♥မောင်နဲ့မေ တွေးကာ ကြောက် မဖောက်ပြန်နဲ့သင်္ကြန်ရယ်♥♥'

.
တူပို့ တူပို့  ဂျီးနဲ့ ဗြောင်
တူတူကိုယ်အပြိုင်ကဲပါတဲ့
မြန်ရိုးရာသင်္ကြန်ထဲ
ဝုန်းဒိုင်းဆိုအကုန်လွင့်ရတယ်
သွေးမြေခသင်္ကြန်ပွဲ
(မြို့ စားလေး)

အဖေရိုးပါသည် အမေရိုးပါသည်
ကြွက်မနိုင်ကျီ မီးရှို့တဲ့ပွဲ
မီးလောင်စရှိလောင်
ဗုံးထောင်စရှိထောင်
လူကြောင်စရှိကြောင်
ငှက်ထောင်စရှိထောင်
ကြောင်သူတော်ကြွက်သူခိုး
အပြစ်မဲ့ပြည်သူတွေ ကြားထဲကသေနေ
စိတ်ရှိသလိုကိုင်ကာတုတ်ရရင်
နင့်အမေ ရိုး တယ် .လေ.........
(မ...မ)

နင့်မေရိုး တော့ ငါ့မေ မဆန်းပါဗျ
ဒီရန်ကုန် အကုန်အင်ထုတယ်
ခေါင်းပေါင်းတွေပေါပါလို့
လူအစစ်တကယ်ရှား
နင့်မေကလွှား
(မြို့ စားလေး)

ဆိုးပါ့ဟယ် ...........
ဒီခေတ်က လူပျက်တာများ
များသတ္တ၀ါ သေ ကြေ
ပန်းပိတောက်နဲ့အတူတူလေ
မြန်ရိုးရာသင်္ကြန်ပွဲ အပြိုင်ကဲချင်လည်း
ဒီနှစ်ဦး ခါတော်ချိန်မှာ တူပို့ တူပို့ ဘယ်နယ်လုပ်မယ်
မေ.....ကြောက်တဲ့ပွဲ
(မ...မ)

ကင်မရာတွေ အတည်တပ်ပါလို့ 
လှုပ်လှုပ်မြင်အကုန်တွေ့ ရမယ်
ဒီကြိုးမဲ့ အင်တာနက်
ဒီမောင်မှာ ဘ၀င်ဆူရင်ဖြင့်
လိုင်းပေါ်ကို အတည်ရောက်မယ်
မယ်ရင်တွေလေးပါတဲ့
ရုပ်သံများ သံသရာထဲ
(မြို့ စားလေး)

ရင်ခုန်ကာလန့် ရတယ်
ဖြေးဖြေးခြင်း လုပ်ပါ့မောင်ရယ်
ဘေးလွတ်ရာရှောင်ကာရှား
မောင်နဲ့မေတူစုံ မြူးပျော်ဖို့
သူရိုက်မယ့့်အင်တာနက်
ဝေးးးရာသိုသွားးးးးး
ဗုံးရန်ကများးးးးးးးးးးးး
(မ...မ)

ကြောက်လေနဲ့ မောင့်ချစ်လေးရယ်
ဒီရန်ကုန်ဟော်တယ်ကများ
လိုက်ခဲ့ပါ မတွေးလေနဲ့ 
ငွေများစွာအသင့်ပါတယ်
ဖြစ်ပါတယ်တညသာတော့
ငါဟဲ့သတိုသား
(မြို့ စားလေး)

ဗုံးရန်ကလွတ်ပေမယ့်
မောင့်ရန်ကမလွတ်နိုင်ဘူး
မေ........ကြောက်တဲ့ပွဲ ဒီသင်္ကြန်ပဲ

5 comments:

  1. ထိထိမိမိလေးပါပဲ မမ ..... ကောင်းပါတယ် မမ ...
    ဟုတ်ပါ့ မမရယ် ... စိတ်ရှိသလို ကိုင်ကာတုတ်ရရင်တော့ မမ ပြောသလိုပါပဲ မမရယ် ....း)

    ReplyDelete
  2. သင်္ကြန်ရဲ့ သရုပ်အမှန်ပျောက်ပြီး ဖောက်ပြန်နေတာတွေကို စုစည်းထားသလိုပါဘဲ့လားဗျာ...
    သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ တရားမျှတာမှုတွေ ပြန်ရှိစေချင်စမ်းပါဘိ...

    ReplyDelete
  3. ဟုတ်ပါ့ စိတ်ရှိသလို

    သူတို့လူတွေကို လူလို့မြင်ရင်ကောင်းတယ်

    ပျော်စရာတန်ခူးမှာ

    အေးချမ်းစေ့ချင်တာစေတနာပါ........။

    ReplyDelete
  4. ခက်ပါပေါ့ ပျက်ပါပေါ့

    လူများကို တအူတုံဆင်း
    သွေးသားရင်းလိုစိတ်မျိုးထားပြီး
    ဘေးကင်းစေ့ချင်တာ.....။

    ReplyDelete
  5. ဆောရီး ပါပဲ သင်္ကြန်ရယ်
    ခုခေတ် သင်္ကြန်ဆိုတာ
    ငါမုန်းလို့ ပါကွယ်
    ခုချိန်ရင်ထဲ ဘယ်သူ ဘာပြော
    ငါနေရက်များစွာ

    နင်မပါတာအသေချာပါပဲ

    ReplyDelete